Sunday 3 June 2012

ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နော်ဝေနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ နော်ဝေနိုင်ငံရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားညီအကိုမောင်နှမများနှင့်ဥရောပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားညီအကိုမောင်နှမများသို့ အသိပေးအကြောင်းကြားခြင်း


လူထုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နော်ဝေနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ နော်ဝေနိုင်ငံရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားညီအကိုမောင်နှမများနှင့်ဥရောပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားညီအကိုမောင်နှမများသို့ အသိပေးအကြောင်းကြားခြင်း
၁။       ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံတော်အဆင့်ခရီးစဉ်တွင် ဥရောပရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများနှင့် နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံ သား တိုင်းရင်းသား ညီအကိုမောင်နှမများက စနစ်တကျ စည်းကမ်းသေဝပ်စွာ ကြိုဆိုနိုင်ရေးအတွက် ကြိုဆိုရေး ကော်မတီမှ ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပေးသည့်ကော်မတီနှင့် အခါအားလျော်စွာ တင်ပြဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှုများ ရှိခဲ့ပါသည်။
၂။       ထိုသို့ ဆွေးနွေးညှိနှိုင်းချက်များအရ ၁၅.၀၆.၂၀၁၂ ရက် (သောကြာ) နေ့  မွန်းလွှဲ ၁၅း၀၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုနေထိုင်မည့် Grand Hotel Oslo ရှေ မှ မြန်မာနိုင်ငံသားများ တစု တဝေးတည်း စည်းကမ်းသေဝပ်စွာ ကြိုဆိုနိုင်မည့်အခွင့်အရေးကို နိုဘဲလ်ဆု ပေးအပ်ရေး ကော်မတီမှ တရားဝင် ခွင့်ပြုခဲ့ပါသည်။ ထို့ အပြင် ၁၆.၀၆.၂၀၁၂ ရက်(စနေနေ့ ) နေ့ လည် ၁၃း၀၀ နာရီတွင် ကျင်းပ ပြုလုပ်မည့် နိုဘဲလ် ဆုပေးအပ်ပွဲ အခမ်းအနားသို့  ကြိုဆိုရေးကော်မတီမှ တင်ပြပေးထားသော နော်ဝေ နိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားညီအကိုမောင်နှမ အယောက် (၅၀) နှင့် ဥရောပရောက် တိုင်းရင်းသား ညီအကို မောင်နှမ အချို့ ကိုလည်း တရားဝင် တက်ရောက်ခွင့်ပြုကြောင်း သိရှိရပါသည်။ (ငြိမ်းချမ်းရေးနိုဘဲလ်ဆုပေးပွဲ အခမ်းအနားသို့  တက်ရောက်ကြမည့် မြန်မာနိုင်ငံသားတိုင်းရင်းသား ညီအကို မောင်နှမများ အနေဖြင့် မိမိတို့  တိုင်းရင်းသား ရိုးရာဝတ်စုံများ (သို့ မဟုတ်) ဥရောပဝတ်စုံများကိုသေသပ်၊ သန့် ရှင်းစွာ ဝတ်စား ဆင်ယင်၍တက်ရောက်ကြ နိုင်ရန်လည်း အနူးအညွတ် မေတ္တာ ရပ်ခံအပ်ပါသည်)
၃။       ထိုသို့ တရားဝင်တက်ရောက်ခွင့်ရရှိနိုင်ရန်အတွက် နိုဘဲလ်ဆုပေးအပ်ရေးကော်မတီမှ တက်ရောက် ရန် ခွင့်ပြုထားသူများထံသို့  အခမ်းအနား တက်ရောက်ခွင့် ဖိတ်ကြားလွှာနှင့် ဝင်ခွင့်လက်မှတ်များကို လာမည့် ၀၈.၀၆.၂၀၁၂ရက် (သောကြာနေ့ ) မှစ၍ လျောက်ထားသူများ၏ နေရပ်လိပ်စာအတိုင်း စာတိုက်မှ တဆင့်ပေးပို့ မည်ဟု သိရှိရပါသည်။ ဥရောပ (နော်ဝေနိုင်ငံပြင်ပ) မှ လျောက်ထားသူများ အတွက် သက်ဆိုင်ရာ လျောက်ထားသူများ၏ e-mail လိပ်စာများသို့ ပို့ ပေးမည်ဟုသိရပါသည်။ အခမ်းအနား တက်ရောက်ခွင့်ရသော ပုဂိုလ်များအနေဖြင့် အခမ်းအနားသို့ တက်ရောက်ရာတွင် ပေးပို့ ထားသော ဖိတ်ကြားလွှာ၊ ဝင်ခွင့်လက်မှတ်နှင့် လျောက်ထားသူမှန်ကန်ကြောင်း သက်သေအထောက်အထား ( ID Card ) တို့ ကို မပျက်မကွက် တပါတည်း ယူဆောင်လာရမည်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အခမ်းအနား တက်ရောက်နိုင်ခြင်း မရှိပါက အချိန်မှီပြန်လည် သတင်းပို့ ရမည်ဖြစ်ပြီး၊ မိမိကိုယ်တိုင် အချိန်မှီ သတင်းပို့ နိုင်ခြင်း မရှိပါက kyawthwin2004@yahoo.com (သို့ မဟုတ်) ဦးကျော်သွင်၊ လက်ကိုင်ဖုန်း (၀၀၄၇.၉၀၈၈၃၄၄၈ ) သို့ လာမည့်အင်္ဂါနေ့ ထက်နောက်မကျစေဘဲ မိမိမတက်ရောက်နိုင်သည့် အကြောင်း ကို ပြန်လည်အသိပေး အကြောင်းကြားရမည်ဖြစ်ပါသည်။ (လူစားထိုး၍တက်ရောက်ခွင့်ရရှိမည်မဟုတ်ပါ)။
၎။       ထို့ အပြင် ၁၆. ၀၆. ၂၀၁၂ ရက် (စနေနေ့ ) မွန်းလွှဲ ၁၅း၃၀ နာရီမှ ၁၆း၁၅ နာရီအထိ  မြန်မာ နိုင်ငံသားတိုင်းရင်းသား ညီအကိုမောင်နှမများ အားလုံးမှ ဒေါ်အောင်ဆန်းစုကြည်အား ဂါဝရပြုတွေ့ ဆုံ နှုတ်ဆက်နိုင်ရန် ခမ်းမတခုကို နိုဘဲလ်ဆုပေးအပ်ရေးကော်မတီမှ တရားဝင်ခွင့်ပြု စီစဉ်ပေးထား ပါသဖြင့် ယင်းအစီအစဉ်တွင် ဥရောပနှင့် နော်ဝေနိုင်ငံရောက် တိုင်းရင်းသား ညီအကိုမောင်နှမများ အားလုံး ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာဘာသာစကားဖြင့် ပြောကြားသောမိန့် ခွန်းကို မည်သူမဆို တက်ရောက် နားထောင် နိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ယင်းတွေ့ ဆုံပွဲအပြီး မြို့ တော်ခမ်းမသို့ သွားရာ လမ်းတလျောက် တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ မြန်မာနိုင်ငံသားအားလုံး ချီတက်လမ်းလျှောက် လာနိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး၊ နော်ဝေပြည်သူများထံသို့ ပြောကြားသောမိန့် ခွန်းကိုလည်း နော်ဝေ ပြည်သူများနှင့် အတူတကွချစ်ကြည်ရင်းနှီးစွာ ပါဝင်နားဆင်နိုင်ကြောင်း သတင်းကောင်းပါးအပ် ပါသည်။
၅။       ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများ တွေ့ ဆုံမည့် အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသော  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် အလှူခံငွေကြေးကောက်ခံသည့် အစီအစဉ်တရပ် ပြုလုပ်ထားမည် ဖြစ်ပါ သဖြင့် မည်သူမဆိုမိမိတို့ တပ်အားသမျှ စေတနာအလျောက် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ

ရက်စွဲ။           ။ ၀၃.၀၆. ၂၀၁၂

ဆက်သွယ်ရန်
နိုင်ဇော်ဝင်း
လက်ကိုင်ဖုန်း(၀၀၄၇.၉၀၇၁၂၄၈၂)
ကျော်သူကင်း
လက်ကိုင်ဖုန်း(၀၀၄၇.၉၀၇၀၉၀၅၈)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။