Friday, 23 March 2012

ဘာကြောင့် ကဗျာ၊ ဆောင်းပါး ရေးရန်ဝါသနာပါပါသလဲ။


    ဦးဇင်း ကဗျာ၊ဆောင်းပါးတွေရေးတာ ဘာကြောင့် ၀ါသနာပါရသလဲ ဆိုရင် ဦးဇင်းဖတ်ဖူးတဲ့ တစ်ချို့ကမ္ဘာကျော်သူတို့ အကြောင်းတွေထဲမှာ သူတိုတွေဟာ ပညာဥာဏ်အလွန်မြင့်မှားပြီး တစ်ခါတစ်လေ့မှာ ပညာရှိသတိဖြစ်ခဲ့ဆိုသလို့ ပညာမာနတွေ ထောလွှာကြတွေပြီး ပညာကို အမှားဘက်မှာ အသုံးကျတာတွေရပါတယ် အဲဒီလို့ဖြစ်နေတဲ့ လူတွေဟာ ပညာဥာဏ်ကြီးပင်ပဲ လမ်းဘေးကို ရောက်ခဲ့ကြောင်း ဒါကြောင့် တစ်ချို့ကမ္ဘာကျော်သူတွေဟာ သူတို့ရဲ့ စိတ်ကိုဆုံးမဖို့ စာပေးရေးသားချင်း၊သီချင်းနားထောင်ချင်းတွေကိုပြလုပ်ကြတာတွေရပါတယ်။ အနူပညာဆိုတာ စိတ်နှလုံးကို အေးမြစေပြီး တစ်ချို့ စစ်ပွဲ့တွေကို ဂီတနဲ့ အနိုင်ယူနိုင်တာကို တွေရပါတယ်။ ဒါကြောင်း စာရေးချင်း သီချင်းနားထောင်ချင်းကို ဦးဇင်းအမြဲပဲ ပြုလုပ်ပါတယ်။ အဲဒီလို့ပြုလုပ်ချင်းအားဖြင့် ဦးဇင်းရဲ့ စိတ်နှစ်လုံးကို ဆုံးမပြီးသားဖြစ်ပါတယ်။

    ဦးဇင်းတို့တွေက ရဟန်းတော်တွေဖြစ်တော့ ကိုယ်ကိုယ်တိုင် စာရေးသားခြင်းထက် စာဖတ် ၀ါသနာပါသူတစ်ယောက်ဖြစ်သူမို့ စာကောင်းတွေကို ရှာဖွေပြီးဖတ်ရပါတယ်။မျော်လင့်ချက် မဲ့၊ရည်ရွယ်ချက်မဲ့ ၊အဓပ္ပါယ်မဲ့တဲ့စာ အချို့ကိုကျော်သွားရင်ရပေမယ် လည်း အတွေအမြင့်ရ စာရေးသူတွေကိုစော်ကားရာရောက်မှာလည် စိုးရိမ်းရပါတယ်။တစ်ချို့စာတွေကို ကိုပိုင်အယူအဆ အတွေးအမြင်နဲ့ မရေးသားဘဲ ဒီနေ့ခေတ်ကြီးမှာ လူပြောများနေတဲ့ ကော်ပိသိမ်များနေတဲ့ ခေတ်မှာ ကဗျာ။ဆောင်းပါး၊စသည်တွေကို ဦးဇင်းရေတယ်ဆိုတာ ကိုယ်ပိုင်းဘ၀ကိုယ်ထင်ဟပ်စေချင်းတာလည်းပါတယ်။

    ဥပမာ ဦးဇင်းတို့ ဗုဒ္ဓ၏ဟောကြားချက်တွေထဲမှာဆိုရင် ပုံပြင်၊ ၀တ္ထုနဲ့ရာဇ၀င်တွေ သမိုင်းကြောင်းတွေ အတိတ်၊ပစ္စုပ္ပန္န ၊အနာဂတ်ဆိုတာတွေကို အထိကပြထားပါတယ်။တိကျပြီး အတွေခေါ်တွေကလည်း မြင့်မားပါတယ်။အမှန်ဆိုရင် ဦးဇင်းတိုဟာ ရှေးကပညာရှိသူတော် ကောင်းတွေ ပညာတက် အကျော်အမော်တွေ ရေးသားခဲ့လို စကားစာပေးတွေကို မှတ်သားဖတ်ကြားခွင့်ရကြတာပါပဲ။သူတိုတွေရဲ ကိုယ်ပိုင်ဟန်နဲ့ကိုယ်ပိုင်းအတွေခေါ်တွေက သူတို အရည်အချင်းများစွာကိုထုတ်ဖော်ပြတယ်လို။ထင်မိပါတယ်။ဒီအတွက်ကြောင်း စာပေးရေးသားနှင့် ကဗျာ၊ဆောင်းပါးတွေကို ရေပို့ခွန်းအားတစ်ရက်ဖြစ်စေပါတယ်။

    ဦးဇင်းကိုယ်တိုင်က စာဖတ်သူတစ်ယောက်သာဖြစ်ပြီး။စာရေးဆရာတစ်ယောက်မဟုတ်ပါဘူး။ ဦးဇင်းပတ်ဝန်ကျင့်မှာ ဖြစ်နေတာတွေကို စာရေးဖို့ဖြစ်လာတာဆိုရင် ပိုပြီးးတိကျပါတယ်။ကိုယ်ပိုင် အယူအဆတွေဆိုတာ စာဖတ်သူနှလုံးသားကို ပိုထိခိုက်ပါတယ်။နောက်ပြီးသူရဲ ကိုယ်ပိုင် စာရဲ့ရည်ရွယ်ချက်ကို တစ်ခါတရံ ဖုံးထားတက်သလို့ ရည်ရွှယ်ချက်ကို ထည့်သွင်းရေးတက်ကြတာကို ဦးဇင်းတွေဘူးပါတယ်။ကိုယ်ပိုင်ရေးသူဆိုတာ ဘယ်နေရာမှာ ဘာကြောင့်သည်စာလုံးကို သုံးတယ်၊ဘယ်နေရာမှာသူရဲ့ရည်ရွယ်ချက်ကို ဖွတ်ထားတယ်။ဘာကြောင်းသည်စာရေးဘို့အကြောင်းဖြစ်လာတယ်။သူနေရာနှင့်သူရှိပါတယ်။ ကိုပိုင်ရေးသူဟာ သူစာတွေကို အချိန်မရွေးရှင်လင်ပြနိုင်ပါတယ်။

    နောက်တစ်ချက်ထူးခြားတာကတော့ ကိုယ်ပိုင်စာရေးသူတွေဟာ သူရေးတဲ့ စာတွေဟာ သူရဲ ရင်သွေးတွေဖြစ်သလို့သူရဲသတ္တိလိုပြောနိုင်ပါတယ်။ပြီးတော့ အချိန်မရွေးတာဝန်ယူနိုင်ပါတယ်။သူရဲ့အရေးအသားမှားယွင်းသွားရင်တောင်မှ အချိန်မရွေး ပြုပြင် ပြင်ဆင်ဘို့သူမှာ သတ္တိရှိပါတယ်။သားသမီးကောင်းစားဖို့ဆုံးမ၀ံ့တဲ့ ဆရာသမား မိဘတွေလိုပါပဲ။

    ဖျာပုံ နဒီ

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။