Sunday 20 May 2012

NLD-BG ပညာဒါနကျောင်းတွင် သွေးနှင့်ကျန်းမာရေးဆိုင်ရာဟောပြောပွဲ ဒုတိယအကြိမ်ကျင့်ပ

ဓာတ်ပုံ (၁) NLD-BG ကျောင်း တာဝန်ခံဒါရိုက်တာ ကိုညီညီနှင့် အခန်းအနားသို့ သွေးပညာပေး ဟောပြောပေးရန်တတ်ရောက်လာကြသော ဆရာဝန်များ၊

၂၀-၅-၂၀၁၂ ရက်နေ့တွင် NLD-BG အသက်ကယ်သွေးအကူအညီပေးရေးနှင့် အသိပညာ၊အတတ် ပညာ၊အသက်မွေးဝမ်းကျောင်းသင်ကြာပေးရေးပညာဒါနကျောင်းအတွင်း၌ သွေးနှင့် ကျန်းမာရေးဆိုင် ရာဟောပြောပွဲကို NLD-BGပညာဒါနကျောင်းတာဝန်ခံကိုညီညီ၊NLD-BG အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေးတာဝန်ခံဒေါ်သီတာဝင်းအောင်၊ ယုဇနဥယျာဉ်မြို့တော်ရောင်ခြည်သစ်ပညာဒါန
ကျောင်း တာဝန်ခံဒါရိုက်တာနှင့် NLD-BG ပညာဒါနကျောင်း ကျန်းမာရေးတာဝန်ခံ Dr. ကျော်စွာဦး၊ Dr.ကျော်မောင်မောင်ဟိန်း၊ Dr.ကျော်ဇင်လင်းတို့က ဦးစီး၍ ယနေ့နေ့လည် ၁ နာရီမှ စတင်ဖွင့်လှစ် ကာ အနယ်နယ်အရပ်ရပ်မှ သွေးအလှူရှင်များနှင့် NLD-BG အဖွဲ့အသီးသီးက သွေးတာဝန်ခံများ၊ လူငယ်များ၊ပညာရေးတာဝန်ခံများ အားလုံး ဧည့်ပရိတ်သတ်ပေါင်း ခြောက်ဆယ်ခန့်လောက် တက်ရောက် ဆွေးနွေးပြီး သွေးနှင့်ပတ်သက်သော အမေး၊ အဖြေများကိုလည်း ပြုလုပ်ခဲ့ကာ ၃း၃၀ အချိန်၌ ပြီးစီးခဲ့သည်ဟု သိရှိရပါသည်။




ဓာတ်ပုံ (၂) ယုဇနဥယျာဉ်မြို့တော်ရောင်ခြည်သစ်ပညာဒါနကျောင်း တာဝန်ခံဒါရိုက်တာနှင့် 
NLD-BG ပညာဒါနကျောင်း ကျန်းမာရေးတာဝန်ခံ Dr. ကျော်စွာဦးသွေးပညာရပ်များဟောပြောနေစဉ်၊

ဓာတ်ပုံ (၃+၄+၅)  သွေးဟောပြောပွဲသို့ တတ်ရောက်လာကြသော ဧည့်ပရိသတ်များ
မေမေသားရှင်ဝါအားကျေးဇူးတင်ပါသည်..

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။