Tuesday 18 September 2012

ရွှေဝါရောင် တော်လှန်ရေး ငါးနှစ်မြောက် နှစ်ပတ်လည် ရန်ကုန်တွင်ကျင်းပ ဓါတ်ပုံများ



နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ရန်ကုန်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့
နိုင်ငံလုံးဆိုင်ရာရွှေဝါရောင်တော်လှန်ရေး ငါးနှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်တိုင်း၊ အရှေ့ ဒဂုံမြို့နယ်၊ (၇) ရပ်ကွက်၊ ဖျာပုံလမ်း၊ တက္ကသီလာဇေယျသိဒ္ဒိပဋ္ဌာန်းကျောင်းတိုက်တွင် စက်တင်ဘာ (၁ဂ) ရက်နေ့ နံနက် ၁၁း၀၀ မှ နေလည် ၂း၀၀ ထိ အစီအစဉ် (၁၃) ရပ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားသို့ ၂၀၀၇ စက်တင်ဘာတွင်ပါဝင်လှုပ်ရှားခဲ့သော (ထောင်ထွက်) ရွှေဝါရောင်ဆရာတော် များ၊ (တိမ်းရှောင်) ရွှေဝါရောင်ဆရာတော်များဦးဆောင်သော သံဃာတော် အပါး (၇၅) ပါး၊ ကိုကိုကြီး၊ ကိုမင်းဇေယျစသော ၈၈-ကျောင်းသားခေါင်ဆောင်များ၊ပြည်သူ့လွှတ်တော်အမတ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှတာဝန်ခံလူငယ်များ၊ ကိုရဲမင်းဦးစသော ဗကသ ကျောင်းသားခေါင်းဆောင်များ၊ တကသကျောင်းသား ခေါင်းဆောင်များ၊ နိုင်ကျဉ်းအဖွဲ့ဝင်ဟောင်များ၊ကိုညီညီ ဦးဆောင်သော BG သွေးအကူညီပေးရေးမှ လူငယ်များ၊ နိုင်ငံရေးကို တက်ကြွစွာလှုပ်ရှားနေသော အဖွဲ့အသီးသီးမှ လူငယ်အသီးသီးများ၊ ၀ါရင့်နိုင်ငံရေးသမားများ၊ စာနယ်ဇင်းမီဒီများမှ သတင်းသမားများဖြင့် ပရိသက်ပေါင်း (၂၀၀) ကျော်ခန့် တက်ရောက်လာကြောင်း တွေ့ရပါ တယ်။
လက်ရှိကျန်းမာရေးကြောင့်မျှော်လင့်ချင်ပေမယ့်လည်းပေါ်ပေါက်လာနိုင်လောက်မည်မဟုတ်ဟုအများကထင် ထားသော စက်တင်ဘာရွှေဝါရောင် သံဃာ့ခေါင်းဆောင် အရှင်ဂမ္ဘီရ (ခေါ်)  ကိုညီညီလွင်လည်း တက်ရောက် ပြီး စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးနေ့အကြောင်းပေါင်းစုံကို သူ့အမြင်ဖြင့် ပြောဆိုသွားပြီး၊ ရွှေဝါရောင် သမိုင်းလမ်းကြောင်းကို မပျောက်ပျက်အောင် လက်ရှိသံဃာတွေမှာ တာဝန်အထူးရှိကြောင်း၊ တက်ရောက်လာ သော ဧည့်ပရိသက်များဟာလည်း စက်တင်ဘာတော်လှန်ရေးကို သွေးကြောတွေလာဆက်ပေးတာဖြစ်ကြောင်း၊ ယနေ့ ငါးနှစ်မြောက်နှစ်ပတ်လည်ပွဲကိုကျင်းပပေးကြတာကိုလည်း သူ့အနေနဲ့ အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ဒီလိုကျင်းပတာကလည်း လမ်းလျှောက်နေတာနဲ့ အတူတူပင်ဖြစ်ကြောင်း၊ ယနေ့အချိန်ထိ လမ်းလျှောက်နေရ သေးတာမို့ တော်လှန်ရေးပွဲကြီးဟာ မပြီးဆုံးသေးကြောင်း၊ ဒါကြောင့် ရဟန်း၊ရှင်၊လူ  အတူတူပင် ရှေ့ဆက်ပြီး ညီညီညွတ်ညွတ်နဲ့ လမ်းလျှောက်ရင်း အာဏာရှင်စနစ်များကို တိုက်ထုတ်ရမှာဖြစ်ကြောင်း၊ အကျဉ်းထောင်တွေ ထဲမှာ ကျန်ရှိနေသေးတဲ့ ရဟန်းတော်များအပါဝင်၊ နိုင်ငံရေးသမားအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ကို အဆက် မပြက်တောင်းဆိုသွားရမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
အဖွဲ့အသီးသီးမှပေးပို့သော သ၀ဏ်လွှာများနှင့် အရှင်ဝီရသူ ပေးပို့သော သ၀ဏ်လွှာများကို တက်ရောက်လာ သော ပရိသတ်များအား ဖတ်ကြားပြပြီး အခမ်းအနားကို စိရံတိဋ္ဌတု သဒ္ဒမ္မော သုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာရင်း …. ဒီနှစ်မှစလို့ လာမည့်နှစ်တိုင်း၊ နှစ်တိုင်းမှာ စက်တင်ဘာ (၁၈) ရက်ဟာ နိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင် နှစ်ပတ်လည်နေ့ရယ်လို့ မြန်မာသိ၊ ကမ္ဘာသိ၊စကြ၀ဠာသိရှိရမယ်လို့ ကြွေးကြော်ရင်း သန္ဒိ ဋ္ဌာန်ချနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
အခမ်းအနားမဖွင့်ခင် ပင့်သံဃာ (၇၅)ပါး၊ ဆရာလေး (၂၅) ပါး အပါး (၁၀၀) အား ဆွမ်း၊ခဲဖွယ်၊ဘောဇဉ်၊ချိုချဉ် စသည်တို့နှင့် အလှူတော်ငွေ (၅၀၀၀) (၄၀၀၀) (၃၀၀၀) အသီးသီးလှူဒါန်းခဲ့ရတဲ့အတွက်ကြောင့် ရွှေဝါရောင်ပွဲ တွင် ကျဆုံးခဲ့ရသော အာဇာနည်များဖြစ်သော ရဟန်းရှင်လူ ပြည်သူလူထုသည် ပြုသမျှကုသိုလ်၊ အဖို့ဘာဂ အားလုံး၊ အားလုံးကို ရရှိနိုင်ပါစေ၊ ကြားသိနိုင်ပါစေလို့ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ပွဲဖြစ်မြောက်ရေး ကော်မတီများမှ မေတ္တာပို့ ၊ ဆုတောင်း၊ အောင်မောင်းသံတွေ ခေါက်လိုက်ရပါကြောင်း..
 
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေးနေ့ နှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီအဖွဲ့
ဦးဆောင်သံဃာတော်များ
၁။ ဦးဃောသိတ
၂။ ဦးဇာနေယျ
၃။ ဦးကောဝိဒ
၎။ ဦးစန္ဒာသီရိ
၅။ ဦးသဒ္ဓမ္မ
၆။ ဦးပဏ္ဏဝံသ
၇။ ဦးပဏ္ဍိတ
၈။ ဦးဃောသိတ
၉။ ဦးအဂ္ဂဓမ္မ
၁၀။ ဦးဝိလာသဂ္ဂ
ဘဏ္ဍာရေးကော်မတီ
၁။ ဦးဇာနေယျ
၂။ ဦးပဏ္ဍိတ
၃။ ဦးမင်းဇေယျ
၎။ ဦးထင်ကျော်
၅။ ဦးသော်ဇင်ထွန်း
၆။ မနွဲ့နှင်းရည်
ကြိုဆိုဧည့်ခံရေးကော်မတီ
၁။ ဦးအဂ္ဂဓမ္မ
၂။ ဦးဝိလာသဂ္ဂ
၃။ ဦးဗသက်အောင်
၎။ ဦးကိုကိုကြီး(စမ်းချောင်း)၅။ ဦးအောင်သန်း
၆။ ကိုရဲမြတ်ဟိန်း
၇။ မဖြိုးဖြိုးအောင်
၈။ မနှင်းထက်ထက်အောင်
၉။ မမေမြတ်သူ
ဖိတ်ကြားရေးကော်မတီ
၁။ ဦးသဒ္ဓမ္မ
၂။ ဦးဃောသိတ
၃။ ဦးဝိလာသဂ္ဂ
၎။ ဦးမင်းဇေယျ
၅။ ကိုစည်သူအောင်
၆။ ကိုရဲမင်းဦး
၇။ ကိုဒီငြိမ်းလင်း
၈။ ကိုဝေဖြိုး()ဂလိ
၉။ မမေမြတ်သူ
သတင်းနှင့် ပြန်ကြားရေး ကော်မတီ
၁။ ဦးစန္ဒာသီရိ
၂။ ဦးသဒ္ဓမ္မ
၃။ ဦးမင်းဇေယျ
၎။ ဦးတိုးကျော်လှိုင်
၅။ ဦးဝင်းမော်
၆။ ဦးဗသက်အောင်
၇။ ကိုရဲမင်းဦး
၈။ ကိုလင်းဆက်အောင် 
၉။  မဖြိုးဖြိုးအောင်

အခမ်းအနားပြင်ဆင်ရေး ကော်မတီ
၁။ ဦးကောဝိဒ
၂။ ဦးပဏ္ဍိတ
၃။ ဦးစန္ဒာသီရိ
၎။ ဦးတိုးကျော်လှိုင်
၅။ ဦးဥာဏ်လင်း
၆။ ကိုဒီငြိမ်းလင်း
၇။ ဒေါ်ချိုချိုအေး
၈။ မမေမြတ်သူ
၉။ မဟန်နီဦး
ကျွေးမွေးဧည့်ခံရေးကော်မတီ
၁။ ဦးဇာနေယျ
၂။ ဦးအဂ္ဂဓမ္မ
၃။ ဦးဝိလာသက္က
၎။ ဦးဆန်နီ
၅။ ဒေါ်ခင်ဝင်းကြည်
၆။ ဒေါ်ချိုချိုအေး
၇။ ဒေါ်စန်းစန်းမြင့်
၈။ မဟန်နီဦး
၉။ မနွဲ့နှင်းရည်
လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ
၁။ ဦးအဂ္ဂဓမ္မ
၂။ ဦးဝိလာသဂ္ဂ
၃။ ဦးဃောသိတ
၎။ ကိုရဲမြတ်ဟိန်း
၅။ ဦးအောင်သန်း
၆။ ဦးထင်ကျော်
၇။ ကိုဝေဖြိုး
၈။ ကိုသီဟဝင်းတင်
၉။ ကိုစည်သူအောင်



0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။