Thursday 5 April 2012

ပြည်သူတွေရဲ့အခက်အခဲတွေကို လွှတ်တော်ကို တင်ပြပေးမယ့် ဦးသိမ်းဆွေ...



Burma VJ Media Network
ဦးသိမ်းဆွေ (ဒီချုပ်ပါတီ၏ ဧရာဝတီတိုင်းဒေသကြီး အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)ဆန္ဒမဲပေးတဲ့ ဖျာပုံမြို့နယ်က ပြည်သူတွေကို အရမ်းကျေးဇူးတင် ပါတယ်၊ သူတို့ ထာက်ခံလို့လဲ ကျနော်တို့ အခုလို ကြားဖြတ် ရွေးကောက်ပွဲကို ကျော်ဖြတ် နိုင်ခဲ့တာပါ။ လွှတ်တော်ထဲ ရောက်ရင်ပြည်သူလူထုရဲ့ဒီနေ့ ကြုံတွေ့နေရတဲ့ အလုပ်လက်မဲ့ ဖြစ်နေတာတွေ၊ ကျန်းမာရေး၊ စီပွားရေး အခက်ခဲတွေ အစရှိတာ အားလုံးကို ပြည်သူလူထု ကိုယ်စား လွှတ်တော်ထဲမှာ မှန်မှန် ကန်ကန်နဲ့တင်ပြနိုင်ဖို့ ကြိုးစားသွားမှာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ ဆိုတဲ့အချက်သုံးချက်ကို ဦးတည်ပြီး ဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသုံးချက်ကို လွှတ်တော်ထဲမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှု အောက်ကနေ မှန်မှန်ကန်ကန် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက Burma VJ ကို ပြောပါတယ်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။