Thursday 5 April 2012

ကျောက်ချောကျေးရွာသားများနှင့် ရွှေလီရတနာ ကားပေါ်ပါ တရုတ်အဖွဲ့ အဓိကရုဏ်းဖြစ်ပွားနေ


မန္တလေး- ပြင်ဦးလွင်သွားကားလမ်းပေါ်ရှိ 16မိုင်ဂိတ်တွင် ယနေ့ညနေ 7နာရီခန့် အချိန်တွင် ရွှေလီ၇တနာ အဲကွန်းဘတ်စ် ကားပေါ်ပါ ပိုင်ရှင်တရုတ်နှင့် အပေါင်းပါများမှ ယင်းဂိတ်အနီးရှိ ကျောက်ချော ကျေးရွာနေ ရွာသားနှစ်ဦး အကြောင်းမဲ့ ထိုးနှက်တိုက်ခိုက်ရာ ရွာသားနှစ်ဦး ညတွင်းချင်း မန္တလေး ပြည်သူ့ဆေးရုံသို့ တင်ပို့လိုက်ရသည်။

16မိုင်ဂိတ်တွင် ကျောက်ချောကျေးရွာနေ ရွာသားနှစ်ဦးမောင်းနှင်လာသော ကုန်တင်ကားနှင့် ရွှေလီရတနာ ခရီးသွား အဲကွန်းဘစ်ကားတို့ ကတ္တားဂိတ်တွင် နေရာလု တန်းစီရာမှ အချင်းချင်း မကျေမနပ် ဖြစ်ပြီး ကုန်တင်ကားပေါ်တွင် ပါလာသော ကားဒရိုင်ဘာနှင့် စပါယ်ယာကို ရွှေလီရတနာ ကားပေါ်ပါ ပိုင်ရှင်တရုတ်နှင့် အပေါင်းပါ 6ဦးက ကားပေါ်မှဆင်းကာ သံတုတ်နှင့်ရိုက်ခြင်း ရင်ဘတ်များ မျက်နှာများကို လက်သီး ခြေထောက်များနှင့် ကန်ကြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ကျောက်ချောရွာသား နှစ်ရာကျော် ရွှေလီရတနာကားကို ၀ိုင်းကာ အဆိုပါတရုတ်နှင့် အပေါင်းပါကို ၀ိုင်းထားသည်။ ထိုချိန် ရဲများရောက်လာပြီး တရုတ်များဘက်မှ ကာကွယ်ကာ ထိန်းသိမ်းမှုကြောင့် ရွာသားများ မကျေမနပ်နှင့် ပိုမိုဆူပူလှုပ်ရှားလျှက် ရှိနေကြပြီး အဓိကရုဏ်းဖြစ်ပွားလျှက်ရှိသည်.
ငါတို့ဘာလုပ်ကြမလဲ ?
တရုတ်တွေ လူပါးဝတာများလားပြီး
ဒီနေ့ကစပြီး တရုတ်တွေကို အမိမြန်မာပြည်က မောင်ထုတ်ကြဖို့ ဖိတ်ခေါ်ပါတယ်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။