Friday 6 April 2012

“ပြည်တွင်း၊ပြည်ပရှိ ကျနော်၏ Face book မိတ်ဆွေများထံ အကူအညီတောင်းခံခြင်း”

Win Cho
-----------------------------
---------------------------------------------------------
မိတ်ဆွေများ ခင်ဗျား။
ကျနော် ဟာ (၂၀၁၀)ရွေးကောက်ပွဲ ပြီးချိန်က အစပြုပြီး Face book မှာ နိုင်ငံသားများရဲ့  “တာဝန်” နဲ့ “ မူလ ရပိုင်ခွင့် ”တွေ တောင်းဆိုရင်း စာတွေ ရေးဖြစ်ခဲ့ သူ ဖြစ်ပါတယ်။ ယနေ့ အချိန်ထိ ဘယ်ပါတီ၊အဖွဲ့ အစည်းဝင်မှ မဖြစ်ခဲ့ သေးပါဘူး။ ထို့ အတူ ၀င်ငွေ ရရှိနိုင်တဲ့  စီးပွားရေးလုပ်ငန်း တစ်ခုကိုမျှ မလုပ်ဘဲ မိသားစုတွေရဲ့  အားပေးကူညီမှုနဲ့ သာ လက်ရှိ နိုင်ငံရေးလုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့ တာ ဖြစ်ကြောင်းကိုလည်း ကျနော့် နဲ့  ရင်းနှီးတဲ့  မိတ်ဆွေများအားလုံးသိကြပါတယ်။
နိုင်ငံရေးလောကထဲကို စတင် ၀င်ရောက်ခဲ့ ချိန်က ကျနော် တောင်းဆိုခဲ့ တဲ့ အချက် သုံးချက်ရှိပါတယ်။ ဦးသိန်းစိန် ကို သမ္မတ အဖြစ် လွှတ်တော် က ရွေးချယ်လိုက်စဉ်က ကြေးမုံ သတင်းစာတိုက်မှာ “ဂုဏ်ယူ ၊၀မ်းမြောက် ကြောင်း”သ၀ဏ်လွှာ နဲ့ အတူ တောင်းဆိုခဲ့ တာပါ။
ဖေါ်ပြခွင့် မရခဲ့ ပေမဲ့  ကျနော် ကြော်ငြာထည့် ခဲ့ ပါတယ်။ အဲဒီ သ၀ဏ်လွှာ မှာ(၁) နိုင်/ကျဉ်းလွတ်မြောက်ရေး၊(၂)တိုင်းရင်းသားဒေသ အပစ်အခတ်ရပ်စဲရေးနဲ့  (၃) ပြည်ပ ရောက် နိုင်ငံသားများ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး တို့ ကို ထည့် သွင်းတောင်းဆိုခဲ့ ပါတယ်။
လက်ရှိအခြေအနေမှာတော့  နိုင်ငံတော် အစိုးရ အနေနဲ့  ကျနော် တောင်းဆိုခဲ့ တဲ့  အဓိက အကြောင်းအရာ သုံးချက်နဲ့ ပတ်သက်ပြီး အမှန်တကယ် လုပ်ဆောင်ပေးခဲ့ တာကိုလည်း ကျနော် အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ အဓိက အကြောင်းအရာများနဲ့ ပတ်သက်ပြီး လိုက်လျောမှုတွေ ရရှိခဲ့ တဲ့ အတွက် အတိုက်အခံ နိုင်ငံရေး အပြင် ပြည်သူတွေရဲ့  ဘ၀လုံခြုံရေးနဲ့  နိုင်ငံ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နိုင်ရေးကို တည်ဆဲ ဥပဒေ ဘောင်များအတွင်းမှ ဆက်လက် ဆောင်ရွက်တော့ မှာဖြစ်ပါတယ်။
ကျနော့် မိသားစုများဟာ A T Jewellery & Souvenir အမည်နဲ့  ရန်ကုန်မြို့  အင်းယားလိတ်ဟိုတယ် နဲ့  ကမ်းနားဟိုတယ် မှာ မြန်မာ့ ရိုးရာ အ၀တ်အထည်များ၊လက်မှုပစ္စည်းများ ရောင်းချတဲ့ လုပ်ငန်း လုပ်ကိုင်နေကြပါတယ်။ မြန်မာ့ ရိုးရာ အစားအစာများ၊အ၀တ်အထည်များ နဲ့  လက်မှုပစ္စည်းများ
ထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ ဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်းကို မိတ်ဆွေများ ရဲ့ အကူအညီနဲ့ အတူ
တိုးချဲ့ လုပ်ဆောင်လိုပါတယ်။ ပြည်တွင်းကဒေသထွက်ကုန်များကို တန်ဘိုးမြင့်  ကုန်ချော ပစ္စည်းများအဖြစ် ထုတ်လုပ်ဘို့ ၊၊ အလုပ်အကိုင် အခွင့် အလမ်းတိုးတက်လာစေဘို့  ၊၊မြန်မာ့ ယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးစံများကို ပြည်ပနိုင်ငံများက ပိုမိုသိရှိလာစေဘို့ နဲ့  ပြည်ပ ပို့ ကုန် အမယ်များပြီး ထုတ်ကုန်တန်ဘိုးမြင့် တက်လာစေဘို့  အစရှိတဲ့  ကြီးကျယ်တဲ့  ရည်ရွယ်ချက်တွေထက် ကျနော်တို့ လုပ်နိုင်တာလေးတွေကို ရနိုင်သလောက် လုပ်ချင်တာပါဘဲ။
စိတ်ဝင်စားသူတွေကို ပူးပေါင်းလုပ်ဆောင်ရန်အတွက်ဖိတ်ခေါ်ချင်ပါတယ်။ပြည်ပ
နိုင်ငံတွေမှာ“ မြန်မာ့ ရိုးရာဆိုင်” ကလေးတွေဖွင့် ဘို့ ၊ပြည်တွင်းကဒေသထွက်ကုန်တွေကို တန်ဘိုးမြှင့်  ကုန်ချောထုတ်လုပ်တဲ့  နည်းပညာ၊နဲ့  စက်ကိရိယာ ပံ့ပိုးပေးဘို့ ၊လူငယ်တွေကို သက်မွေးဝမ်းကျောင်းပညာ သင်ပေးနိုင်ဘို့ ၊အပါအ၀င် အကြောင်းအရာအများကြီးအတွက်
ဝေဘန် ၊အကြံဥာဏ်ပေးလိုသူများ၊အကူအညီပေးလိုသူများ၊ ပူးပေါင်းလုပ်ဆောင်လိုသူများ ၊အားလုံးထံမှ အကူအညီတောင်းခံပါတယ်ခင်ဗျား။
လေးစားစွာဖြင့် 
ဦးဝင်းချို ဆက်သွယ်ရန်ဖုံး ၀၉-၇၃၂၀၆၈၃၈

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။