ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်သည် ဧပြီ၁၂ရက် မွန်းလွဲ ၁၂နာရီ၄၀တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သို့ရောက်ရှိလာ ပြီး သမ္မတဦးသိန်းစိန်နှင့် စတင်တွေ့ဆုံနေပြီဖြစ်သည်။ ထို့နောက်ဗြိတိန်ဝန်ကြီးချုပ်သည် အထူးလေယာဉ်ဖြင့် ရန်ကုန်သို့ရောက်ရှိမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်ညနေပိုင်း တွင်တွေ့ဆုံမည်ဖြစ်သည်။သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့်မတွေ့ဆုံမီ ဓနသဟာရသချိုင်းသို့သွားရောက်မည့်အပြင် ရွှေတိဂုံစေတီတော်ကိုလည်း ဖူးမြှော်မည်ဟုသတင်းရရှိသည်။
0 comments:
Post a Comment