Saturday 2 June 2012

ထိုင်း-မြန်မာနယ်စပ်အနီးရှိ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး စခန်းတာဝန်ရှိသူများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံကာ မွန်းလွဲတစ်နာရီ မိနစ်သုံးဆယ်အချိန်တွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားပါသည်။

 
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂ ရက်နေ့ နံနက် ကိုးနာရီအချိန်က ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ လေကြောင်းလိုင်းဖြင့် ရောက်ရှိခဲ့ပါသည်။ ထိုမှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်အနီးရှိ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး စခန်းတာဝန်ရှိသူများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံကာ မွန်းလွဲတစ်နာရီ မိနစ်သုံးဆယ်အချိန်တွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆောက် ခရီးစဉ်၌ မယ်တော်ဆေးခန်းသို့ ၀င်ရောက်ပြီး မဲဆောက်မြို့တစ်နေရာ၌ တိုင်းရင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည် သတင်းထွက်ပေါ်ခဲ့သော်လည်း ထိုအစီအစဉ် ဖြစ်မြောက်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသို့ ၄ ရက်ကြာခရီး လာရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဟု သိရပါသည်။

မယ်လဒုက္ခသည်စခန်းမှာ ထိုင်းနိုင်ငံတွင် ရှိနေသော မြန်မာဒုက္ခသည်စခန်းရှစ်ခုအနက် အကြီးဆုံးသော ဒုက္ခသည်စခန်းဖြစ်ပြီး ဒုက္ခသည် ငါးသောင်းကျော်နေထိုင်လျက်ရှိနေသည်ဟု သိရပါသည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။