Saturday 5 May 2012

ကျတော်သိတဲ့ အမေစုဟာ အတွေးကြည်တယ်၊ အမြင်ရှင်းတယ်၊ ဆုံးဖြတ်ချက် ရဲတယ်၊ အနာခံတယ်၊ အမြင်စူးရှတယ်၊ နုတ်လုံတယ်၊ ရီစရာလည်း ပြောတတ် တယ် ...... ဒါပေမယ့် စိတ်တော့ကြီးတယ်။ မဟုတ်မဟပ်ဆိုရင်တော့ အဆူခံရ ဖို့သာပြင်။__ အဂ္ဂမဟာ ဒီမိုဖက်တီး။

ကျတော်သိတဲ့ အမေစုဟာ အတွေးကြည်တယ်၊ အမြင်ရှင်းတယ်၊ ဆုံးဖြတ်ချက်
ရဲတယ်၊ အနာခံတယ်၊ အမြင်စူးရှတယ်၊ နုတ်လုံတယ်၊ ရီစရာလည်း ပြောတတ်
တယ် ...... ဒါပေမယ့် စိတ်တော့ကြီးတယ်။ မဟုတ်မဟပ်ဆိုရင်တော့ အဆူခံရ
ဖို့သာပြင်။__ အဂ္ဂမဟာ ဒီမိုဖက်တီး။
အဂ္ဂမဟာ ဒီမိုဖက်တီး's Photos
အမေစု အဲသည်နေ့က ဘန်ကီနဲ့ တွေ့တယ်။ ပြီးတော့ နောက်တစ်ဖွဲ့ နိုင်ငံခြားက
အရာရှိတစ်ဦးနဲ့ တွေ့တယ်။ နေ့လည်စာစားပြီးတော့ စမ်းချောင်း NLD ရုံးခန်းဖွင့်
ပွဲသွားတယ်။ ပြီးတော့ မသန်စွမ်း အဖွဲ့တစ်ခုနဲ့ သွားတွေ့ပြီး ကူညီနိုင်ဖို့ ဆွေးနွေး
တယ်။

အိမ်ပြန်ရောက်ရင်လည်း ခွေးလေးနဲ့ ဆော့မယ်။ ကတိပေးထားတဲ့ စာမူတွေ ရေး
မယ်။ ရေဒီယို အမေးအဖြေကဏ္ဍတွေ အတွက် အဖြေတွေ Recording လုပ်မယ်။
အခန်းရှင်းမယ် ။ နောက်နေ့အတွက် ပြင်ဆင်မယ် အစရှိသည်ဖြင့်ပေါ့ ........

ကျတော် ဘာကို ပြောလိုတာလည်း ဆိုတော့ အမေစုရဲ့ အလုပ်ခွန်အား ကိုပါပဲ။
ပါရမီကြောင့်သာ ဒီ အသက်အရွယ်မှာ ဒီ အပူရှိန်မှာ ဒီလောက် အလုပ်လုပ်နိုင်
တာ။ ၀န်းရံနေတဲ့ တပည့်တွေကလည်း အစစအရာရာ ဖြည့်စည်းပေးကြတယ်။

အမြဲတစေ ကြမ္မာငြင်နေတဲ့ ကျတော်တို့ နိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည်
ဟာ ဆုလာဒ်တစ်ခုပါ။ ပြည်တန်တဲ့ ပတ္တမြားပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်၊ မထောက်ခံသည်၊ သူမ၏ လမ်းစဉ်
ကို ကြိုက်သည်၊ မကြိုက်သည် မည်သို့ပင် ဆိုစေ ဒေါ်စုဟာ မြန်မာနိုင်ငံရေး မှာ
အစားထိုးလို့မရတဲ့ ပြဂုဒ်ဆိုတာကို ဘယ်သူမှ ငြင်းဆိုလို့မရပါဘူး။

ကျတော်သိတဲ့ အမေစုဟာ အတွေးကြည်တယ်၊ အမြင်ရှင်းတယ်၊ ဆုံးဖြတ်ချက်
ရဲတယ်၊ အနာခံတယ်၊ အမြင်စူးရှတယ်၊ နုတ်လုံတယ်၊ ရီစရာလည်း ပြောတတ်
တယ် ...... ဒါပေမယ့် စိတ်တော့ကြီးတယ်။ မဟုတ်မဟပ်ဆိုရင်တော့ အဆူခံရ
ဖို့သာပြင်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာလူမျိုးတွေရဲ့ Hero လိုအပ်ချက်ကြောင့် ပေါ်
ပေါက်လာတာလားဆိုတဲ့ ခပ်တိမ်တိမ်မေးခွန်းတွေကို ကျတော် မဖြေတတ်ပါ။
ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်ခင်ကြည်တို့က မွေးထုတ်ပေးလိုက်တဲ့ Invaluable
Asset ဆိုတာကတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး ......

အမေ ဒေါ်အောင်ဆန်းစုကြည် သက်ကျော်ရာကျော် ရှည်ပါစေ။ မြန်မာနိုင်ငံကို
ဦးဆောင် လမ်းပြ ကယ်တင်ပေး နိုင်ပါစေ။
.
.
.

1 comments:

  1. မြန်မာလူမျိုးများမြန်မာစာကိုမဖျက်စီးပါနှင့်----
    ကျတော် ???? = ကျွန်တော် (မပျင်းပါနဲ့)
    ပြ၀ုဒ် ???? = ပြယုဒ်

    ReplyDelete

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။