အညတရ
မိန်းမ
အရာရာက
မနေ့  ကလိုပါပဲ
မျော်လင့် ခဲ့ တယ် တိတတ်တဆိတ်ပါပဲ
သူမ တကယ်ရောက်လာခဲ့ တယ်
မနေ့ည ကအိပ်မက် မက်တယ် သစ်ခွ ပန်းတွေဝေလို့ 
သူမ က နိုဝင်ဘာမိုးတွေနဲ့ အတူတူ ရောက်လာတော့ မှာ .,.သူမ ကိုစောင့် စားခဲ့ ညတွေကို ကုန်လွန်စေခဲ့ တယ်
ဟုတ်တယ် သူမ တကယ် ကို ကျွှန်တော့ ဘဝထဲ ရောက်လာခဲ့ တယ် ။
မျော်လင့် ခဲ့ တယ် တိတတ်တဆိတ်ပါပဲ
သူမ တကယ်ရောက်လာခဲ့ တယ်
မနေ့ည ကအိပ်မက် မက်တယ် သစ်ခွ ပန်းတွေဝေလို့ 
သူမ က နိုဝင်ဘာမိုးတွေနဲ့ အတူတူ ရောက်လာတော့ မှာ .,.သူမ ကိုစောင့် စားခဲ့ ညတွေကို ကုန်လွန်စေခဲ့ တယ်
ဟုတ်တယ် သူမ တကယ် ကို ကျွှန်တော့ ဘဝထဲ ရောက်လာခဲ့ တယ် ။
လမ်းကြောင်းတစ်ခုဟာ
တောင်တစ်လုံးကို
ရစ်ပတ်ကွေ့ဝိုက်လျက်ရှိနေတယ်။နဂါးကြီးတစ်ကောင်းက
ကြီးမားတုတ်ခိုင်လှတဲ့
ကိုယ်လုံးကြီးနဲ့တောင်ကိုပတ်ထားသလိုပဲ။တောင်ကမြင့်မားမတ်စောက်ပြီးခန့်ညားထည်ဝါလှတယ်။တောင်ထွက်ဟာ
နှင်းမြူတွေထဲမှာ
ဝိုးတ၀ါဖြစ်နေတယ်။တောင်ကို
ရစ်ပတ်ထားတဲ့ လမ်းကြောင်းပေါ်မှာ
တစ်ဦးတည်းသော ခရီးသွားတစ်ယောက်ကို
မြင်တွေ့ရတယ်။သူမဟာ
တောင်ခြေနားကိုရောက်နေတယ်။တော်ပေါ်က
ဆင်းလာပုံရတယ်။သူမခရီးဆုံး
ဖြစ်ကောင်းဖြစ်မယ်။ဖြစ်ချင်းမှလည်း
ဖြစ်ဦးမယ်။ဘာ့ကြောင့်လည်ဆိုတော့
သူမကိုယ်တိုင်တောင်မှ
သူမခရီဘယ်မှာဆုံးမယ်၊ဘယ်တော့ဆုံးမယ်ဆိုတာ
မသိနိုင်လို့ဖြစ်တယ်။
သူမဟာ
တောင်ရဲ့အခြားတစ်ဖတ်ကနေပြီး
တော်ထိပ်ရောက်အောင် တကယ်ကို
ကျားကုပ်ကျားခဲ့
တက်လာခဲ့ရတာဖြစ်ပါတယ်။တောင်တက်လမ်းခရီးလျှောက်မှာ
အခက်အခဲ့အပေါင်းများစွာနဲ့
အန္တာရာယ်ပေါင်း အနန္တကို
ရင်ဆိုင်ကြုံတွေရခဲ့ရတယ်။မိုးသက်မုန်းတိုင်းတွေကို
ကြံ့ကြံ့ခံခဲ့ရတယ်။ တစ်ခါတလေ
နက်ရှိုင်းလှတဲ့ ချောက်ကမ်းပါးကြီးတွေထဲ
သူမကျသွားတယ်။မက်စောက်လွန်းလို့
ပြန်တက်လာနိုင်လိမ့်မယ်
မထင်ရဘူး။ဒါပင်မယ့် သူမအရှုမပေးဘူး
ဒဏ်ရာ ဒဏ်ချက်တွေ
များစွာနဲ့သူမပြန်တက်လာနိုင်ခဲ့တယ်။
ဘာစိတ်ဝင်စားလဲလို
့မေးရင် ဟိုဟာလေးလည်းစိတ်ဝင်စား
ဒီဟာလေးလည်းစိတ်ဝင်စား
စိတ်ဝင်စားသလို တတ်သလားလို
့များမေးခွန်းထုတ်ရင်
ဘယ်လိုဖြေရပါလိမ့်....စိတ်ဝင်စားတာတွေကို
စာရင်းပြုစုကြည့်ပြန်တော့
တော်တော်များများပါနေ ပြန်ရော
-ဘုရားအကြောင်း
တရားအကြောင်း ဟိုစပ်စပ်ဒီစပ်စပ်
သူများကနိုင်ငံရေးဆိုတော့လည်း
လိုက်နိုင်ငံရေး ....ပေါ်ပင်ဖြစ်နေတဲ့
အနောက် ယောင်လည်လည်နဲ့ 
လိုက်နေမှန်းလည်းကိုယ့်ကိုကိုယ်မသိ
..ပညာရေးဘက်ကို
ကြည့်ပြန်တော့လည်း
မျောက်သစ်ကိုင်းလွှတ်..ဘာဝါသနာပါလို
့ပါမှန်း ကိုယ့်ကိုကိုယ်မသိ...လုပ်ချင်တာတွေများလွန်း
နေတာလည်းအလွန်အကျွှံ.....
ဟိုသင်တန်းတက်ဒီသင်တန်းတက်...တက်ပြီးအလုပ်က
ရှာမရ...လိုင်းတွေကများလေတော့
ပရောဖက်ရှင်က ဘာလည်းဆိုတာလဲ
မဝေခွဲနိုင်တော့.....
အသက်ကကြီး
အလုပ်ကမရှိ..ဟုတ်တော့လည်းဟုတ်နေပြန်ရော...လူမှုရေးဆိုင်ရာ
ကျတော့ social
ကောင်းပုံကတော့လိုက်လို
့မမီ(
မဟုတ်တဲ့နေရာမှာပေါ့).....တကယ့်နေရာမှာတော့
ဟိရိသြတ္တပ တရားကို
လိုက်ကိုင်စွဲထားလိုက်တာ
လုံးဝကိုမလွှတ်....အနှစ်ချုပ်တော့
ဘာပြောရမှန်းကိုယ့်ကိုကိုယ်မသိ...ဘာမှစိတ်မဝင်စားသာထက်စာရင်တော့
အကောင်းသားလို့  ဖြေသိမ့်ရမလို
...ဖြေသိမ့်တာတွေများလေတော့
နှစ်ပေါင်းကြာသောအခါ.....................................
တစ်ခါတစ်ရံ
တောင်ပြိုတဲ့ထဲ
ပါသွားခဲ့တယ်။တန်ချိန်ပေါင်းများစွာရှိတဲ့
မြေကြီးတွေ ကျောက်ခဲ့တွေအောက်မှာ
သူမဘ၀ဇာတ်သိမ်းပြီးလို့
ထင်မှတ်ရတယ်။ဒါပေမယ့်
တစ်နည်းတစ်ဖုံးနဲ့
ကျောက်ခဲ့ပုံတွေကြားက
သူမပြန်ထွက်လာနိုင်ခဲ့တယ်။ဒါပေမယ့်
တစ်နည်းတစ်ဖုံးနဲ့
ကျောက်ခဲပုံတွေကြားက
သူမပြန်ထွက်လာနိုင်ခဲ့တယ်။သူမဦးခေါင်းတစ်ခုလုံး
သွေးတွေ ချင်းချင်းနီရဲနေတယ်။ဒါပေမယ့်
သူကတော့
ဦးမညွှတ်ခဲ့ဘူး။အရှုံးမပေးခဲ့ဘူး။ဒူးမထောက်ခဲ့ဘူး။ချောက်ကမ်းပါးတွေထဲ
ကျသွားလိုက် ပြန်တက်လာပြီး
တောင်တစ်လုံးကျော်လိုက်နဲ့
ရှေ့ကိုသာတက်ပြီး တက်နေခဲ့တယ်။
သူမမှာ
တစ်ချောင်းတည်းသော
စိတ်သာရှိတယ်။တောင်ထိပ်ကိုရောက်ဖို့ဆိုတဲ့စိတ်။ဘယ်နည်းနဲ့ဖြစ်ဖြစ်
တောင်ထိပ်ကို ရောက်ရမယ်ဆိုတဲ့
စိတ်။
ချောက်ထဲကျလိုက်၊ပြန်တက်လိုက်၊လဲကျလိုက်၊ပြန်ထလိုက်နဲ့သူမဟာ
မမှိက်မသုန်ရှေ့ကိုသာ
ဆက်တက်ခဲ့တယ်။ထော့ကျိုးထော့ကျိုးနဲ့တောင်ထိပ်ရောက်ရမယ်ဆိုတဲ့
ဇွဲနဲ့နောက်ဆုံးတော့
တောင်ထိပ်ကို ရောက်ခဲ့တယ်။တိုက်ပွဲကို
သူမနိုင်ခဲ့ပြီး။ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့
တန်းဖိုးကြီးစွာပေးပြီး
တိုက်ပွဲကို အနိုင်ရခဲ့ခြင်းဖြစ်တယ်။အနိုင်မခံ
အရှုံးမပေးတဲ့ စိတ်၊အလံမလှဲတဲ့စိတ်နဲ့
တိုက်ပွဲကို အနိုင်ရခဲ့ခြင်းဖြစ်တယ်။
သူမ
ဘ၀တသက်တာ ရည်မှန်းချက်ဖြစ်တဲ့
တောင်ထိပ်ကို သူမရောက်ခဲ့ပြီး။တော်ထိပ်ပေါ်မှာ
ရပ်နေရင်းက တောင်အောက်ကို
ပြန်ငုံ့ကြည်လိုက်တော့
မြွေနဂါးကြီးတစ်ကောင်
ရစ်ခွေနေသလို မြင်ရတဲ့
တောင်ပတ်လမ်းရဲ့အစကို
ပျပျလေးပဲ မြင်ရတယ်။နည်းတဲ့အမြင့်မဟုတ်ပါလား
မတစ်ထောင် တစ်ကောင်ဖွားကျားဆိုမှကျားဆိုတဲ့
ငါပါလားလို့မာန်တွေ
ဝင့်ထည်ခဲ့မိတယ်။လူ အားမာန်း
ကို သူမကယုံကြည်တယ်။လူလုပ်ရင်
ဘာမဆိုဖြစ်နိုင်တယ်။မဖြစ်နိုင်ဘူးဆိုတာ
မရှိလို့
သူကသဘောထားတယ်။ဒီယုံကြည်ချက်၊ဒီသဘောထားကြောင့်ပဲ
မရောက်နိုင်ဘူးလို့ မှတ်ထင်ကြတဲ့
တောင်ထိပ်ကို
သူမရောက်လာနိုင်ခဲ့တယ်။ထော့ကျိုးထော့ကျိုးနဲ့သူမလိုလူမျိုး
တောင်ထိပ်ကို ဘယ်လိုလုပ်ပြီး
ရောက်နိုင်မှာလည်းလို့
ပြောခဲ့ကြတယ်။အခုတော့
မဖြစ်နိုင်ဘူးဆိုတာတွေကို
ဖြစ်အောင်
သူမလုပ်နိုင်ခဲ့ပြီ။သူမမာန်ဝင့်သင့်တာပေါ့။သူမ
ဝမ်းသာအားရ ရှိသင်တာပေါ့။လက်ခမောင်း
ခက်သင့်တာပေါ့။
ဒါပင်မယ့်
သူမရဲ့ ၀မ်းသာကြည်နူမှုတွေဟာ
သက်တမ်းတိုလှပါတယ်။သူမရှေ့ဆက်
သွားရဦးမယ်လေ။သူမဟာခရီးသည်တစ်ဦး
မဟုတ်လား။
ရှေ့ဆက်
သူမတက်စရာတောင်ထိပ်မရှိတော့ဘူး။တောင်ထိပ်တွေအားလုံးရဲ့
အထွတ်အထိပ်ကို သူမရောက်နေပြီလေ။ဒါပေမယ့်
သူမနားနေလို့မဖြစ်ဘူး။သူမက
ခရီးသည်မဟုတ်လား။လမ်းရှိနေသရွေ့
လျှောက်နေရမှာပေါ့။သူမရှေ့မှာ
ရှိနေတဲ့တစ်ခုတည်းသောလမ်းက
အဆင်းလမ်းသာဖြစ်တယ်။ခရီးသွားတဲ့လူအဖို့
ဆင်းတာနဲ့ တက်တာနဲ့
ကွာခြားချက်ရယ်လို့
မရှိပါဘူး။တက်တာလည်း
ခရီးသွားခြင်းဖြစ်သလို
ဆင်းတာလည်း ခရီးသွားခြင်းပါပဲ။ခရီးသည်ကတော့
အတက်တွေ့တွေ့၊အဆင်းတွေ့တွေ့
လမ်းတွေ့ရင် ခရီးသွားရမှာပါ။
ပြီးတော့
သူမက ခရီးသည်တစ်ဦးလေ။အသိဥာဏ်၊ဗဟုသုတ
တွေနောက် မွတ်သိပ်စွာနဲ့
တကောင်ကောက်လိုက်နေတဲ့
ခရီးသည်တစ်ဦး ဆိုတော့
လမ်းတွေ့ရင် လျှောက်ရပေမှာပေါ့။စိတ်လိုလက်ရ
မရှိလှပေမယ့် ဖြည်းဖြည်းနဲ့တောင်ခြေနားတောင်
သူမရောက်နေခဲ့ပါပြီ။
ရှေ့ကို
လှမ်းမျှော်ကြည့်လိုက်တော့
လမ်းဆုံးကိုမတွေ့ရဘူး။လမ်းကလေးဟာ
သစ်ပင်ချုံပုတ်တွေအောက်မှာ
ကွယ်ပျောက်နေတယ်။တောအုပ်စိမ်းစိမ်းကြီးက
ပန်းတိုင်းကို ဖုံးကွယ်ထားတယ်။အဲဒါကြောင့်
လမ်းဆုံကို သူမ မတွေ့နိုင်ဘူး။
စမ်းချောင်းကလေးတစ်ခုဘေးမှာ
အမောအပန်းဖြေးရင်နဲ့
လွမ်းဆွတ်တသစွာနဲ့
နောက်ပြန်လှည့်ကြည့်လိုက်တော့
ခန်းညားထည်ဝါလှတဲ့ တောင်မင်ကို
ညို့ညို့စိမ်းစိမ်းမြင်တွေ့ရတယ်။
တောင်ထွတ်ကိုတော့
မမြင်ရဘူး။မြူနှင်းတွေကြားမှာ
ပျောက်ကွယ်နေတယ်။
မမြင်ရပေမယ့်
တသခဲ့ရတဲ့ သူ့ဘ၀ရဲ့ ပန်းတိုင်ကို
မျက်စီမှိတ်ထားတောင်
သူမတွေ့နေရပါတယ်။
အိမ်ပျော်နေရင်တောင်မှာ
အိမ်မက်ထဲမှာ သူမရဲတောင်ထွက်ကို
သူတွေ့ရတက်ပါတယ်။အဲဒီတောင်ထွတ်ကိုရောက်ဖို့အတွက်
အန္တရာ.်
အသွယ်သွယ်၊ဒုက္ခအမျိုးမျိုးကို
ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။သွေးပင်လယ်နဲ့ချွေးသမုဒ္ဒရာကိုလည်း
လက်ပစ် ကူးခက်ခဲ့ရပါတယ်။နောက်ဆုံးတော့
တောင်ထွတ်ကို သူမရောက်ခဲ့ပါပြီး။သူမဘ၀ရဲ့
ရည်မှန်းချက်ပန်းတိုင်ကိုရောက်ခဲ့ပါပြီး။
အဲဒီလို
ရောက်သွားပါမှ သူအထိတ်တလန့်နဲ့
တုန်လှုပ်ချောက်ချားရပါတော့တယ်။ဘ၀တာတစ်ခုလုံး
အမျှော်ကြီး
မျှော်လင့်ခဲ့ရတဲ့၊လိုချင်မက်မောလှတဲ့
ပန်းတိုင်း ဆိုတဲ့အရာဟာ
ပန်းတိုင်မဟုတ်သေးပါ လားဆိုတာကို
ဗြုံးခနဲ ဒိုင်းခနဲ
သူမသိလိုက်ရပါတယ်။
သူမက
ခရီးသည်ပဲ။ခရီးဆက်ရပေးဦးမှာပေါ့။အသိဥာဏ်၊ဗဟုသုတတွေရှာဖွေဖို့။နောက်လူတွေကို
နေရာပေးဖို့။ဘယ်အချိန်
ဘယ်အခါမှာ ထွက်ခွာရမယ်ဆိုတာကို
သိဖို့လူ့ဘ၀မှာ အရေးအကြီးဆုံး
ဖြစ်ပါတယ်။မသိခဲ့ရင်
ဘ၀ပျက်တက်ပါတယ်။သိသုဟာ
အသိဥာဏ်ရှိသူ၊လိမ္မာသူပေါ့။
စမ်းချောင်းလေးနံဘေးမှာ
ချိုင်းထောက်ကိုမှီရင်း
နောက်ကို သူမပြန်ကြည့်နေမိတယ်။သူမမျက်လုံးတွေထဲမှာ
မျက်ရည်တွေဝေနေလို့ပဲလား။တောင်ထိပ်မှာ
မြူတွေဆိုင်းနေလို့ပဲလား။အသေအချာ
သူမသတိမထားမိပါဘူး။တောင်ထွတ်ကို
မမြင်ရတာကိုသာ သတိထားမိတယ်။
သူမ
မျက်စိထဲမှာ အထင်းအရှားမြင်တွေ့
နေရတာကတော့ လမ်းပြ မှတ်တိုင်
ဖြူဖြူလေးတွေ ဖြစ်ပါတယ်။တချို့က
ကျိုးလို့၊တချို့က လဲလို့၊ရီဝေတဲ့
မျက်လုံးတွေနဲ့ မှတ်တိုင်ဖြူဖြူလေးတွေကို
ရေတွက် ကြည့်လိုက်မိတယ်
ဆက်လက်ဖော်ပြပါမည်
ဖျာပုံ
နဒီ
အရှင်ထာဝရ
0 comments:
Post a Comment