Sunday 6 May 2012

ကမ္ဘာ့ အမျိုးသမီးရေးဆိုင်ရာ အမေရိကန်သံအမတ်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆံ ကမ္ဘာ့ အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Ms Melanne Verveer က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ညနေ ၅ နာရီမှာ နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ (သတင်းဓါတ်ပုံ-အိမ့်ခိုင်ဦး)

အမေရိကန်နိုင်ငံ ကမ္ဘာ့အမျိုးသမီးရေးရာသံအမတ်ကြီးဖြစ်သူ Ms. Melanne Verveer သည် မေလ ၆ရက် ညနေ ၄နာရီခွဲက ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် ယင်းနှင့်တစ်နာရီ ကျော်ကြာ တွေ့ဆုံဆွေး နွေးခဲ့သည်။ ယင်းနောက်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အခွင့်အလမ်းများစွာရှိနေသလို စိန်ခေါ်မှုများစွာလည်းရှိနေကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအပေါ် စောင့်ကြည့်လေ့လာနေဆဲဖြစ်ကြောင်း၊ အပြုသဘောဆောင်သည့် တိုးတက်ပြောင်းလဲမှုများဆက်လက်ရှိတည်သွားရန်မျှော်လင့်ကြောင်း Ms. Melanne Verveer ကပြောကြားခဲ့သည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။