ဒီမို စနေ
ဓါတ်ပုံလေးကတော့
မြန်စာသင်ကျောင်းနဲ့ တရုတ်စာသင်ကျောင်းတို့ ဘယ်စာသင်ကျောင်းကပိုပြီး
ခန့်ညားလဲ ဆိုတာကိုမြင်စေချင်တာပါ။ပြောချင်တာကတော့ ကျွန်တော်တို့
မန္တလေးမြို့လည်း
ကြာလာရင်ယဉ်ကျေးမှုပျောက်လုဖြစ်ရုံတင်မကတော့ဘူး….စာပေပါပျောက်တော့မယ်ထင်တယ်
ဖွင့်လိုက်တဲ့ တရုတ်စာသင်ကျောင်းတွေ ဟီးဟီးထလို့ဗျာ.!
သူများစာပေပညာကျောင်းကို ကိုယ်နိုင်ငံမှာလာဖွင့်လို့
ကိုယ်နိုင်ငံသားတွေများ သူတို့စာပေကို လေ့လာခွင့်ရမလားမှတ်တယ်
ဝေးပါသေးတယ်ဗျာ ကျောင်းတက်ဖို့မပြောနဲ့ စာအုပ်ဖိုးတောင်အနိုင်နိုင်ရယ်ပါ…။
ညနေပိုင်း တရုတ်စာသင်ကျောင်း ဆင်းချိန်ဆိုရင်လာကြည့်လှည့်ပါ.. ဒင်းတို့
ကျောင်းလာကြိုတဲ့ကားတွေ လမ်းပိတ်နေတာနဲ့ပဲလမ်းပြည့်နေပြီ။
ဒီမိုစနေတို့အပြောမဟုတ်ဘူး မယုံရင်လာကြည့်ပါ။ မန္တလေးမြို့၊
မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၅၆လမ်း၊၃၇×၃၈လမ်းကြားမှာ အဲ့ဒီ
တရုတ်စာသင်ကျောင်းရှိတယ်ဗျာ………..။တစ်ကယ်ဆိုရင်
ကိုယ့်မြန်မာလူမျိုးတွေတက်ခွင့်မရတဲ့ ဒီတရုတ်စာသင်ကျောင်းတွေများ
ဘာလို့ဖွင့်ခိုင်းနေတာလဲ? ကျွန်တော်တိုင်းပြည်မှာ တရုတ်စာသင်ကျောင်းတွေက
တရားဝင်ဖွင့်ခွင့်ရှိလား? သိတဲ့သူများရှိရင်ဖြေပေးကြပါဗျာ
ရဲရင့်ငယ်ဘလော့စာမျက်နှာမှကူးယူဖော်ပြသည်။https://www.facebook.com/notes
0 comments:
Post a Comment