Saturday 29 December 2018

''''''နော်ဝေနိုင်ငံ၏ အခြေခံပညာကျောင်း"""""

'Image may contain: 2 people, including Ashin Cittara, people smiling, people standing, child and outdoor''''''နော်ဝေနိုင်ငံ၏ အခြေခံပညာကျောင်း"""""
အခြေခံပညာကျောင်းနှင့်ပတ်သက်၍ –
• ကလေးတိုင်း အခြေခံပညာကျောင်းတွင် ၁ဝ နှစ်ကြာ ပညာသင်ကြားခွင့်ရှိသည်။ အသက် ၆ နှစ်ပြည့်သောနှစ်တွင် ပထမတန်းတွင် ကျောင်းစတက်ရမည်။
• ကလေးတိုင်း အဆင်ပြေအောင်ပြှုပြင်ပေးထားသော သင်ကြားပို့ချမှုကို ရပိုင်ခွင့်ရှိရမည်ဖြစ်ပြီး ပိုမိုကူညီပေးရန်လိုအပ်သော ကျောင်းသားများအတွက် လိုအပ်သည့်အကူအညီကို ရမည်ဖြစ်သည်။ ကလေးအဆင့်ကျောင်းသားများသည် နှုတ်ဖြင့် (သို့) စာဖြင့် အရည်အချင်းဆန်းစစ်ချက်ကို သိရမည်။
• လူငယ်အဆင့်ကျောင်းသားများကို ဘာသာရပ်တိုင်းတွင် အမှတ်ပေးသည်။ အမှတ်ပေးစနစ်တွင် ၁ မှ ၆ အထိပေးလေ့ရှိရာ အညံ့ဆုံးမှာ ၁ မှတ်ဖြစ်ပြီး အတော်ဆုံးမှာ ၆ မှတ်ဖြစ်သည်။
• အခြေခံပညာကျောင်းသားတိုင်း နွေကျောင်းပိတ်ရက်ပြီးဆုံးလျှင် နောက်တဆင့်သို့ အလိုအလျောက် အတန်းတက်ရသည်။ ကလေး၏ပညာအရည်အချင်းပေါ်မူမတည်ဘဲ တင်ပေးရသည်။ မည်သည့်ကလေးမျှ တတန်းတည်းတွင် ၂ နှစ်မတက်စေရ။
• တနိုင်ငံလုံးတွင် အခြေခံပညာကျောင်း ဖွဲ့စည်းလည်ပတ်ပုံမှာ အတူတူပင်ဖြစ်သည်။ ဥပမာ – နှစ်စဉ်နှစ်တိုင်း ကျောင်းတက်ရက် ၁၉ဝ ရှိရမည်။ သို့သော် မြှို့နယ်တခုချင်းရှိ နိုင်ငံရေးသမားများက မည်သည့် ကျောင်းပိတ်ရက်ရှည်နှင့် အားလပ်ရက်များကို မည်သည့်အချိန်တွင် သတ်မှတ်မည်ကို ဆုံးဖြတ်သည်။
• ကျောင်းသားအားလုံးကို သင်ရိုးတခုတည်းဖြင့်သာ သင်ယူစေရမည်။ သင်ရိုးညွှန်းတမ်းများကို သတ်မှတ်သူမှာ လွှတ်တော်ထဲမှ နိုင်ငံရေးသမားများသာဖြစ်သည်။ ကလေးတယောက်သည် နိုင်ငံအတွင်း မည်သည့်မြှို့နယ်တွင်နေထိုင်သည်ဖြစ်စေ တထပ်တည်းနီးပါးတူသော ပညာရေးကိုရလိမ့်မည်။
• အစိုးရပိုင် အခြေခံပညာကျောင်းများအပြင် ပုဂ္ဂလိကကျောင်းအနည်းငယ်ကိုလည်း တွေ့နိုင်သေးသည်။ နော်ဝေကလေးများ၏ ၂.၅% မျှသာ ပုဂ္ဂလိကကျောင်းများကို တက်ကြသည်။
အခွင့်တူညီမျှကျောင်းပညာရေး
ပညာသင်ယူမှုဆိုင်ရာဥပဒေက ဖွင့်ဆိုသည်မှာ ကလေးတိုင်း အရည်အချင်းနှင့် ကန့်သတ်ချက်များပေါ်တွင် မူမတည်ဘဲ အဆင်ပြေအောင်ပြှုပြင်ပေးထားသော ပညာသင်ယူမှုကို သက်ဆိုင်ရာဒေသရှိကျောင်းတွင် သင်ယူပိုင်ခွင့်ရှိရမည် ဟူ၍ဖြစ်သည်။ ဤသည့် မူသဘောကို အခွင့်တူညီမျှကျောင်းပညာရေး ဟုခေါ်ကြသည်။ အခွင့်တူညီမျှကျောင်းပညာရေး ဟူသည်မှာ တနိုင်ငံလုံးရှိ ကျောင်းသားတိုင်း တခုတည်းသော သင်ရိုးညွှန်းတမ်းအတိုင်းသာ သင်ယူကြရမည်ဟုဆိုလိုသည်။
အခြေခံပညာကျောင်း၏ ဘဏ္ဍာရေး
ကျောင်းသားများနှင့် မိဘများအတွက် အခြေခံပညာကျောင်းသည် အခမဲ့ဖြစ်သည်။ ကျောင်းသားများသည် ပြဋ္ဌာန်းစာအုပ်များကို ကျောင်းမှငှားရမ်းကြပြီး ဗလာစာအုပ်၊ ခဲတံ စသည်တို့ကို ရကြသည်။
ကုန်ကျစရိတ်အားလုံးကို အစိုးရကပေးချေသည်။ အများဆုံးသုံးရသည့် ကုန်ကျစရိတ်များမှာ ဆရာများအတွက် လစာ၊ အဆောက်အဦဆောက်ခြင်း နှင့် ကျောင်းအဆောက်အဦများ လည်ပတ်စရိတ် တို့ဖြစ်ကြသည်။
ပုဂ္ဂလိကကျောင်းများတွင် မိသားစုက ကျောင်းလခပေးရသည်။ မည်သို့ဖြစ်စေ သူတို့က အတွက်ကျစရိတ်မျှသာ ပေးသွင်းရချိန်တွင် ကြွင်းကျန်သော ကျောင်းစရိတ်အားလုံးကို နိုင်ငံတော်က ပေးချေရသည်။
အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။