Saturday 29 December 2018

'''''''နော်ဝေနိုင်ငံ၏ ပညာရေးဆိုင်ရာဥပဒေမှ"""""

'''''''နော်ဝေနိုင်ငံ၏ ပညာရေးဆိုင်ရာဥပဒေမှ"""""
ညီမျှခြင်း၊ တန်းတူတန်ဖိုးထားခြင်း နှင့် တဦးချင်း၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် တို့မှာ နော်ဝေလူ့အဖွဲ့အစည်းတွင် အခြေခံထားသော တန်ဖိုးများဖြစ်ကြသည်။ ထိုတန်ဖိုးများသည် ကျောင်းအပေါ်လည်း အရောင်ဟပ်သည်။ ကျောင်း၌ သင်ကြားပို့ချမှုနှင့် စုပေါင်းလှုပ်ရှားမှုများက ကျောင်းသားများကို လူသားတိုင်းတန်းတူ တန်ဖိုးကြီးမားကြောင်း သင်ပြရန်၊ ကိုယ့်ကျောင်းသားဘဝကို ကိုယ်တိုင် ထိန်းကျောင်းနိုင်စေရန်၊ ငယ်စဉ်ကတည်းက ပညာရရေးအတွက် ကိုယ့်ဘာသာကိုယ် တာဝန်ယူတတ်လာစေရန် သင်ပေးရမည်။
ကျောင်းအနေနှင့် ကျောင်းသားအားလုံးအပေါ် တဦးချင်းအတွက် အသင့်တော်ဆုံးဖြစ်မည့် အဆင့်အတန်းဖြင့် သင်ယူခွင့်ပေးရန် တာဝန်ရှိသည်။
ကျောင်းပညာရေးသည် လူမှုရေးနှင့် ကျောင်းစာတွင် ထူးချွန်ထက်မြက်သော ကိုယ့်အားကိုယ်ကိုးတတ်သူ များကို မွေးထုတ်ပေးရန် ဦးတည်ချက်ထားရှိသည်။
ခေတ်မီ ဒီမိုကရေစီစနစ်တခုတွင် နိုင်ငံသားတိုင်းသည် ဗဟုသုတနှင့် လွတ်လပ်သော သဘောထားများရှိကြပြီး လုပ်ငန်းနှင့် လူမှုအသိုင်းအဝိုင်းများတွင် တက်တက်ကြွကြွ ပါဝင်နေလိမ့်မည်ဟု မျှော်လင့်ထားသည်။
ကျောင်းပညာရေးက ကလေးများကို အထွေထွေဗဟုသုတ ရစေလိမ့်မည်။ ဆိုလိုသည်မှာ ကလေးသည် သင်ခန်းစာအမျိုးမျိုးကို သင်ယူရလိမ့်မည်။ သူတို့သည် ဘာသာစကား၊ သင်္ချာ နှင့်တကွ လူ့အသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင် သဘာဝတို့ကိုလည်း လေ့လာသင်ယူရလိမ့်မည်။
ကျောင်းပညာရေးသည် ကလေးများကို အထွေထွေဗဟုသုတပေးရုံမျှမက အခြားတာဝန်များလည်းရှိပေသေးသည် – ဥပမာအားဖြင့် ကလေးများသင်ယူရန်မှာ –
သတင်းအချက်အလက်ကို ဆက်လက်စူးစမ်းရှာဖွေရန် နှင့် နက်နက်နဲနဲ စိစစ်သုံးသပ်ရန်။
သတင်း၏အချက်အလက်နှင့် ကိုယ်ပိုင်သုံးသပ်ချက်တို့အပေါ်အခြေခံပြီး ကိုယ်ပိုင်သဘောထားများ ဖော်ထုတ်နိုင်ရန်။
ကိုယ့်သဘောထားအတွက် အချေအတင်ဆွေးနွေးရန် … တို့ဖြစ်သည်။

'''''''နော်ဝေနိုင်ငံ၏ သက်ကြီးများနှင့် ပညာရေး စနစ်""'''
လူ့လောကသည် အမြဲပြောင်းလဲနေသည်။ နည်းပညာသစ်များ အဆက်မပြတ်ပေါ်ထွန်းလာနေပြီး အလုပ်ခွင်လောကအတွက် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာစေတတ်သည်။ ဤသည်က အလုပ်သမားများအနေနှင့် အသစ်အဆန်းများကို သိရှိစေရေး လေ့လာနေရန်လိုသည်ဟု တောင်းဆိုနေသည်။
သက်ကြီးများအနေနှင့် ပညာရပ်အသစ်တခုခု (သို့) ယခင်တတ်ပြီးသားအပေါ် တိုးချဲ့သင်ယူမှု (သို့) အလုပ်ခွင်လောကအတွက်လိုအပ်ချက်ကို လိုက်မီအောင် အခြေခံပညာကျောင်းသင် ဘာသာရပ်များ စသည်တို့ကို သင်ယူနိုင်သည်။
သက်ကြီးများအတွက် သင်တန်းအမျိုးမျိုးကို စီစဉ်ပို့ချပေးသူများရှိသည်။ ဥပမာ – ဝါသနာပါလုပ်ငန်းများ၊ ဘာသာစကားသင်တန်း နှင့် အရည်အချင်းမြှင့်တင်ရေးသင်တန်း စသည်။ ၎င်းတို့ထဲမှအချို့သင်တန်းများကို နိုင်ငံတော်က ငွေကြေးထောက်ပံ့ပေးသည်။
သက်ကြီးများ အခြေခံပညာကျောင်းသင်တန်းများသို့ တက်နိုင်စေရန် ကမ်းလှမ်းရန်မှာ မြှို့နယ်များ၏ တာဝန်ဖြစ်ပြီး တက္ကသိုလ်ဝန်တန်းကျောင်း တက်ခွင့်ကမ်းလှမ်းရန်မှာ တိုင်းရုံးစိုက်မြှို့နယ်၏ တာဝန်ဖြစ်သည်။ တက်ခွင့်ရှိသူ သက်ကြီးများအတွက် ထိုကျောင်းများတွင် အခမဲ့သင်ကြားခွင့်ရမည်။ သက်ကြီးများကို အလားတူ ကမ်းလှမ်းသော ပုဂ္ဂလိက တက္ကသိုလ်ဝင်တန်းကျောင်းများလည်း တွေ့နိုင်သည်။
အလုပ်ရှာသူများအတွက် အလုပ်သမားနှင့် လူမှုဖူလုံရေးဦးစီးဌာနမှ ကမ်းလှမ်းသော သင်တန်းအမျိုးမျိုးကို တက်နိုင်ပါသည်။ ရည်ရွယ်ချက်မှာ သင်တန်းတက်သူများကို အလုပ်အတွက် အရည်အချင်းမြှင့်တင်ပေးရန်ဖြစ်သည်။ လုပ်သား/ဦးစီးက သင်တန်းကြေးကို ပေးချေသည့်အပြင် ထိုသင်တန်းများကိုတက်သည့် သင်တန်းသားများကိုလည်း သင်တန်းတက်စရိတ် ထောက်ပံ့ပေးလေ့ရှိသည်။

 ''''''နော်ဝေနိုင်ငံ၏ ပညာရေးခံယူချက်"""""
ကျောင်းတွင်ပညာဆည်းပူးခြင်းသည် အိမ်နှင့်ကျောင်း ပူပေါင်းကာ
ကမ္ဘာလောကနှင့် အနာဂတ်အတွက် တံခါးများကို ဖွင့်ပေးပြီး ကျောင်းသားများကို သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်နှင့် အခြေခံများ ပေးစေရမည်။
လူ့တန်ဖိုးနှင့် သဘာဝလောက၊ အတွေးအခေါ်လွတ်လပ်ခွင့်၊ ပရဟိတစိတ်၊ ခွင့်လွှတ်မှု၊ တန်းတူတန်ဖိုးထားမှု နှင့် စည်းလုံညီညွတ်မှု၊ အခြားဘာသာတရားနှင့် အယူဝါဒများကဖွင့်ဆိုသော တန်ဖိုးများ နှင့် လူ့အခွင့်အရေး၏အခြေခံတန်ဖိုးများကို လေးစားတန်ဖိုးထားသည့် ခရစ်ယန်နှင့် လူသားဝါဒအမွေအနှစ် နှင့် ရိုးရာဓလေ့တို့ကို ပျိုးထောင်ပေးရန် ဖြစ်စေရမည်။
အမျိုးသားရေးအမွေအနှစ်နှင့် မိမိတို့၏ နိုင်ငံတကာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများအပေါ် ဗဟုသုတ တိုးပွားစေရန်နှင့် နားလည်မှုရှိစေရန် အထောက်အကူပြှုနိုင်စေရမည်။
ယဉ်ကျေးမှုကွဲပြားခြားနားခြင်းကို သဘောပေါက်စေပြီး သူတပါး၏ စွဲမြဲယုံကြည်မှုကို လေးစားတတ်စေရမည်။
ဒီမိုကရေစီ၊ တန်းတူအခွင့်အရေး နှင့် သိပ္ပံနည်းကျအတွေးအခေါ်တို့ကို အားပေးစေရမည်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။