Monday 26 March 2012

ဘဏ္ဍာအခွန်ဝန်ကြီးဦလှထွန်းမှ အင်းလေးကန်အား ရောင်းစားခြင်း


အင်းလေးကန်ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဘဏ္ဍာအခွန်ဝန်ကြီးဦးလှထွန်းက ခရိုနီများဆီမှ ငွေသားလာဘ်လာဘ ယူဆောင်၍ ခရိုနီများအား လုပ်ပိုင်ခွင့်ချပေးမည်ဟု အင်းလေးဒေသရှိ၊ အင်းသူအင်းသားများမှ သတင်းပေးပို့လာပါသည်။ အင်းလူမျိုးစုရေးရာဝန်ကြီး ဦးဝင်းမြင့်မှ နေ၍ ဒေသခံများဖွံ့ြ့ဖိုးတိုးတက်ရေးအတွက် တာဝန်ယူလုပ်ဆောင်ပေးမည်ဟု တာဝန်ခံထားသော်လည်း ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းမှနေ၍ အင်းလေးဒေသရှိစီမံကိန်းများကို လက်ဝါးကြီးအုပ်ကာ ကိုယ်ကျိုးစီးပွားကို ကြည့်တတ်သော ခေတ်သစ်ချစ်တီးများကို လေလံပေးမည်ဟု သိရှိရပါသည်။ သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် သန့်ရှင်းသော အစိုးရဖြစ်မည်ဟု ကြွေးကြော်ထားပါသော်လည်း မိမိကိုယ်တိုင်ခန့်ထားသည့် ပြည်ထောင်စုဝန်ကြီး တဦး၏ လာဘ်စားသောလုပ်ရပ်ကို အချိန်မီသိရှိပြီး၊ ကာကွယ်တားဆီးရန် အသိပေးအပ်ပါသည်။ အင်းလေးကန်ကို အင်းသူအင်းသားများအား လုပ်ပိုင်ခွင့်မပေးပဲ အခြားအရပ်ဒေသမှ အစိုးရနှင့် ပလဲနံပသင့်သော ခေတ်သစ်ချစ်တီး ခရိုနီများအား လုပ်ပိုင်ခွင့်ပေးမည်ဆိုပါက ဒေသခံတို့အတွက် ဆုံးရှုံးမှု မြောက်မြားစွာ ဖြစ်ပေါ်လာနိုင်သည်ကို ပြောကြားလိုပါသည်။ နိုင်ငံတော်အာဏာခွဲဝေမှုအပိုင်းကို ကြည့်မည်ဆိုလျှင်လည်း ပြည်နယ်တခု၏အရေးကိစ္စများကို ပြည်ထောင်စုဝန်ကြီးမှနေ၍ လာရောက်စီမံခန့်ခွဲခြင်းသည် ဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့် ညီ၊ မညီကို လေ့လာဆန်းစစ်လိုပါသည်။ တိုင်းသူပြည်သားများအား လုပ်ပိုင်ခွင့်ဆိုသည်ထက် ခရိုနီတစ်စုအတွက်သာ လုပ်ဆောင်ပေးခြင်းသည် အစိုးရသစ်တရပ်အား ပြည်သူလူထုမှ နေ၍ အကြည်ညိုပျက်စေသောလုပ်ရပ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။.

မီဒီယာမဏ္ဍိုင်များသည်လည်း အထက်ပါ သတင်းကို မရမက စုံစမ်းစေလိုပြီး၊ အဖြစ်မှန်ကို ပြည်သူလူထုအား တင်ပြစေလိုပါသည်။
လေးစားစွာဖြင့်

ထက်အောင် (၂၆..၂၀၁၂)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။