Monday 28 May 2012

မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးအခြေအနေပေါ်သဘောထားကောက်ခံခြင်း သို့ အရှင်ထာဝရ ပေးပို့ခဲ့သည့် အမြင်များ

ဦးဇင်း အမြင်ကတော့ လက်ရှိနိုင်ငံရေးအခြေကို လုံးဝအားရမူ မရှိပါဘူး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြား ဆွေးနွေးမှုများကို အားရကျေနပ်ခြင်းမရှိဘူး နောက်ပြီး အစိုးရနဲ့ဆွေးနွေးတဲ့ အကြောင်းအရာပဲ မဟုတ်ပဲနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့တွေဆုံမှုမျိုးကိုလည်း ပြည်သူကိုချပြသင်တယ်လို့ အကြုံပြုသင်ပါတယ်။ဖြစ်နိုင်မယ် ဆိုရင် လူငယ်တွေကို ခေတ်မီတဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ဒီထက်ပို့၍ အဆင့်အတန်းမြင်စေခြင်းပါတယ်။ ပြည်တွင်းကသာ နိုင်ငံရေးကို ဦးဆောင်နိုင်မှသာလျှင် မြန်မာပြည်အခြေနေက တိုးတက်နိုင်မယ် အခြေနေရှိပါတယ်။အခုလက်ရှိ လူမှုကွန်ယက်တွေကို အမြန်ဆုံးချိန်ဆပ်နိုင်မယ် ဆိုရင်တော့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ဆွေးနွေးပွဲတွေကို ဖိးအားပေးရာရောက်ပါတယ် ။ဒါကြောင့် ပြည်နယ် ပြည်မကြီးရှိ လူငယ်တွေကို အားသစ်ထပ်ဖြည့်ဖို့ အကြုံပြုလို့ပါတယ်။အခုလက်ရှိ ကိုမျိုးရန်နောင်သိန်းတို့ လုပ်ဆောင်နေတဲ့ အခြေနေကို ပြည်သူတွေ ပါဝင်နိုင်လာအောင် ချပြနိုင်အောင်ရင် ပြည်သူတွေ၏ ထောက်ခံမှုတွေ ဒီထက်ပို့လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့ အခြေအနေထားတိုင်း အားလုံးက ခေါင်းညိမ့်ထောက်ခံနေမယ် ဆိုရင်တော့ မြန်မာနိုင်ငံရေးက ဂျာအေး သူမေရိုတ်သလိုပဲ ဖြစ်နေမယ်လို ယုံကြည်ပါတယ်။
လက်ရှိအခြေနေအရာတော့ အဖွဲ့အချုပ်ကနေပြီး မှတ်ပုံရေ မတင်ရေကိုတော့ ပြုသဘောဆောင်ပြီး ထောက်ခံတယ်လည်းမဟုတ်၊သလို့အားပေးတယ်လို့လည်း မပြောချင်းပါဘူး ဖြစ်နိုင်မယ် ဆိုရင်တော့ လက်ရှိ အစိုးရလက်ထက်မှာ ရနိုင်တဲ့ လုပ်ငန်းတွေက စပြီး လုပ်စေချင်းပါတယ်။ဘာလုပ်ပါလိုတော့ မပြောလိုဘူး ပြည်တွင်းအခြေနေက လို့အပ်ချက်တွေက အရမ်းများနေလို့ဖြစ်ပါတယ်။လက်ရှိအခြေနေကို လုံးဝအားမရဘူး နိုင်ငံရေးလုပ်တယ်ဆိုမှ။ ဘုရားမှာ ထိုင်ပြီး ဆုတောင်းနေလိုရတဲ့ အရာမျိုးမဟုတ်ဘူးဆိုတော့ ရရင်ရမရရင်ချဆိုတာမျိုးပဲ ဖြစ်သင့်ပါတယ်။နှစ်ပေါင်း၂၀လောက် ခေါင်းညိမ့်ထောက်ခံပြီးပါပြီး ဒီတော့ အာဏာရှင်ကို အဏာရှင်လိုပဲ ဆက်ဆံသင်ပါတယ်။နှစ်ပေါင်း၂၀လုံး အာဏာရှင်လုပ်သမျှ ခေါင်းညိမ့်နေမယ် အစား ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကိုသွားသလို့ တော်လှန်ရေးသမားကလည်း ဘုရား တကာကြီး လုပ်ဖို့မသင်ဘူး ထင်ပါတယ်။
ပြည်တွင်းက လိုအပ်ချက်ကို ပြည်ပရောက်တွေသာ ဖြည်စည်းပေးမယ် ဆိုရင် ဖြစ်နိုင်တာ အများကြီးရှိပါတယ်။ခက်နေတာက ပြည်ပရောက်တွေက သိပ်ပြီးလည်နေကြပြီး ဒီတော့ ပြည်ပရောက်တွေ အော်တာတွေကလည်း ဒီရောက်ပါတယ်။ ရက်ဖို့နှင့် နိုင်ကလပ်တက်ဖိုလောက်တော့ ပြည်တွင်းကလူငယ်တွေ ဖြစ်သင်တာကတော့ ပြည်ပကသူတွေ၏ အကူးညီရမှာ မြန်မာပြည်ပြောင်းလွှဲမယ် ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ အပြက်ပဲပြောချင်းပါတယ်။ပြည်တွင်းက ရှိတဲ့ အားတွေကို အမိရဆုပ်ကိုင်ပြီး တိုင်းပြည်ကိုကယ်တင်နိုင်မယ်။မျိုးဆက်ဆိုတာတွေကိုသာ အခု အချိန်မှာ လက်ဆင့်ကမ်းနိုင်မယ် ဆိုရင်တော့ ၁၉၈၈-၂၀၀၇ခုနှစ်က သင်္ခန်းစာတွေကိုယူပြီး အကောင်းဆုံးနည်းစနစ်ကို အမြန်ဆုံးလုပ်ဆောင်သင့်ပါတယ်။ ဥပမာ ပြည်တွင်းက တိုင်းရင်းသာပေါင်းစုံ လူငယ်တွေကို စုစည်းပြီး မျက်နှာစုံညီပွဲ့မျိုးတွေကို ပြုလုပ်ပြီး ဖေါက်ထွက်မယ် ဆိုရင်တော့ အကောင်းဆုံးလို့ပြောပါရစေ။အခုလက်ရှိ ပြည်နယ်နဲ့တိုင်းက လူငယ်တွေကို တိကျတဲ့ လုပ်ငန်းတာဝန်တွေပေးတာမျိုးက စပြီး ပြင်သင်ပါတယ်။မြန်မာပြည်မှက လူငယ်တွေကို တန်းဖိုးထားမှု အားနည်းနေပါတယ်။ပြင်ရမယ်ဆိုရင် အဖွဲ့ချုပ်ကစပြီးပြင်ရမယ် အခြေနေဖြစ်ပါတယ်။
ပြည်သူဆိုတာ တိုင်းပြည်ကောင်းဖို့ဆိုရင် အသက်တောင်းပေးဆပ်ရဲကြပါတယ်။လက်ရှိ နိုင်ငံရေးအဖွဲ့စည်းတွေသာ တာဝန့်ကျေမယ် ဆိုရင် ပြည်သူကိုဘာလုပ်ပါလို့ပြောရမယ် အခြေနေလို့မထင်ပါဘူး ပြည်သူလို့ချင်းတာက မပြက်မသား လုပ်နေတဲ့ ခေါင်းဆောင်မှုမျိုးကို မလို့ချင်းဘူး တည်းကျပြီးပြက်သားတဲ့ ဦးဆောင်မှုမျိုးကိုသာလိုချင်းကြတာပါ။ဖြစ်နိုင်မယ် ဆိုရင် အပြောနှင့်အလုပ်ညီတဲ့ ခေါင်းဆောင်ငယ်တွေကို ပြည်သူနှင့် ထိတွေမှုများများလုပ်ပေးစေချင်းပါတယ်။ခင်ဗျာတို့သာ အရှေ့ကခေါင်းဆောင်မယ် ဆိုရင် ပြည်သူတွေက လိုက်ဖို့အစဉ်သင်ပါပဲတဲ့ ။ပြည်သူလူထု အနေဖြင့် မည့်သည့်နေရာက ပါမလဲဆိုတာကို စိုးရမ်းစရာမလိုပါဘူး ပြည်သူဆိုတာ ဘာလုပ်ရမယ်ဆိုတာ သိပြီးသားပါ ခင်ဗျာတို့သာ ရဲရဲတင်တင်သွားပါ အနောက်ကနေပြီး လိုအပ်တာကို ဖြည့်စည်းပေးမယ် ပြည်သူတွေဆိုတာကို ပြောပါရစေ။စာရည်သွားမှာဆိုးလို ပြောစရာတွေကတော့ အများကြီးပါပဲ နောင်မှာ အလျှင့်သင်တဲ့ အခါတော့ ပြောကြသေတာပေါ့။
နောက်ဆုံး ပြောချင်းတာကတော့ နိုင်ငံရေးလုပ်မယ် ဆိုရင်တော့ တိုင်းပြည်ချစ်တဲ့ စိတ်မျိုးနှင့် လုပ်စေချင်းပါတယ်။ ပေါ်ပြုလာ နိုင်ငံရေးမျိုးကိုတော့ နောင်လာမယ် အနာဂတ်လူငယ်တွေ ဥနှောက်ထဲကို မထည့်ပေးစေချင်းပါဘူး ဦးဇင်းတို့ လုပ်ပေးလိုရနိုင်မယ် အလုပ်မျိုးဆိုရင်တော့ ဘယ်အလုပ်မှာ မရွေးဘူး လုပ်ပေးနိုင်တာကို အကုန်လုပ်ပေးမယ်
တိုင်းပြည်တစ်ခုတိုးတက်ဖို့ဆိုရင် အဲဒီတိုင်းပြည်အတွက် ပညာရေးနှင့် စီးပွားရေးကို အဓိကလုပ်ဆောင်သင်ပါတယ်။ တစ်ခုကိုလိုချင်းရင် တစ်ခုတော့ ပေးဆပ်ရတဲ့ သာဘာဝလောကြီးထဲမှာ အဓိကတော့ ပညာမတက်ကြလို့ ဒီလိုဖြစ်နေတာပါ။ဦးဇင်းမှာ မိသားစု ၁၀ယောက်ရှိပါတယ်။ မောင်နှမ ၈ယောက်ရှိပြီး။ လေးတန်းပညာတောင်း အောင်မြင့်အောင်မတက်နိုင်ခဲ့တော့ တိုင်းပြည်ပွင့်ဖြိုးတိုးတက်မှုတွေမှာ ဘာမှာ လုပ်ဆောင်ပေးခွင့်မရခဲ့ပါဘူး။ဦးဇင်းတို့လို့မိသားစုတွေ ဘယ်လောက်ရှိမယ်ဆိုတာကို ခက်မှန်းကြည်ရင် သိနိုင်ပါတယ်။နောက်အရေးကြီးဆုံးတစ်ချက်ကတော့ ဘာမှမဟုတ်တဲ့ သီရီလင်္ကာနိုင်ငံမှာတောင် ငွေကြေးအာမာခံနိုင်ပါတယ်မြန်မာပြည်ကငွေကနိုင်ငံတကာမှအသုံးမ၀င်သလိုဖြစ်နေတာကလည်းအကြောင်းရင်တစ်ခုဖြစ်ပါတယ်။စစ်အုပ်စုပြောနေသလို့ SANCTIONရုတ်သိမ်းပေးမယ်ဆိုရင်တော့ မြန်မာငွေကြေးက အင်တာနေရှင်နယ် အသိမှတ်ပြုတဲ့ ငွေကြေးမဟုတ်လို တိုင်းပြည်ဖွင့်ဖြိုးတိုက်တက်ဖို့တိုတာ အိမ်မက်မမက်ရဲတဲ့ ကိစ္စတစ်ခုပါပဲ။
အရှင်ထာဝရ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့
အထွေထွေအတွင်းရေးမှုး
ခေတ္တ နော်ဝေနိုင်ငံ
ဒီစာက၂၀၁၂ခုနှစ်၁လပိုင်းလောက်က ကိုမျိုးရန်နောင်သိန်းကနေ့ မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးအခြေအနေပေါ်သဘောထားကောက်ခံခြင်း ဆိုတဲ့ အပေါ် ပေးပို့ခဲ့သည့်အမြင်များဖြစ်ပါတယ်။ ဖျာပုံ-နဒီမှာ တင်ပြပေးချင်းဖြစ်ပါတယ်။ဆရာတော်ကိုယ်စား အမှားပါခဲ့ရင်ခွင့်လွတ်ပါရန်တောင်းမှန်အပ်ပါသည်။

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:4360877#ixzz1w9iiHPuO

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။