Saturday 29 December 2018

တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဆွီဒင်၌ ဥရောပ ဆရာ ဒကာ လက်တွဲသော သမိုင်းဝင်းနေ့။

တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဆွီဒင်၌ ဥရောပ ဆရာ ဒကာ လက်တွဲသော သမိုင်းဝင်းနေ့။
ဆွီဒင်နိုင်ငံ၌ တည်ထားကိုးကွယ် လတ္တံ့ဖြစ်သော သဗ္ဗဇယမင်္ဂလာစေတီတော်မြတ်ကြီး အုဋ်မြေချွဲသို့ နော်ဝေနိုင်ငံမှာ ၁၂နာရီ နီးပါး သွားရောက်ပါသည်။ နော်ဝေနိုင်ငံ Tromdhaeim မြို့က ဒကာတော် ကိုသူရ +မစန်းရီ ၊ဒေါ်တင်တင်တို့နှင့် မိမိတို့နော်ဝေနိုင်ငံမှာ ၁၂-၀၇-၂၀၁၈မှာ စတင်သွားရောက်ကြပါသည်။
ခရီးက အတော်ကို ဝေးတော့ နော်ဝေနိုင်ငံကနေပြီးတော့ မနက် ၇နာရီ စတင်ထွက်ကြပါသည်။ မိမိတို့နေရာက နော်ဝေ နိုင်ငံ ၊ မြောက်ပိုင်းကနေ ဆွီဒင်တောင်ပိုင်း ဖြတ်ပြီးတော့မှ တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ရှိရာ နေရာသို့ ရောက်ရှိပါသည်။
ဧည့်ဝတ်ကျေပွန်ကြတဲ့ တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ဦးသောဘနနှင့် တပည့်ဒကာ ဒကာမများ၊စကင်းနေဗီးယားနိုင်ငံများက ရောက်ရှိနေကြတဲ့ပရိသတ်များနှင့် ဥရောပ သာသနာပြုဆရာတော် သံဃာတော်များ အစုံအလင် တစ်နေရာထဲ ဖူးတွေ့ရတဲ့ နေ့ထူးနေမြတ်ဖြစ်ပါသည်။
ဆွီဒင် တိရတနာကျောင်း ဆရာတော် အရှင်သောဘန အကြောင်းလေး အနည်းငယ် ပြောပါရစေ။ ဆရာတော်က ပြည်တွင်း ပြည်ပ သာသနာပြု ဆရာတော်တစ်ပါးဖြစ်ပါသည်။ ယခုလက်ရှိ ဆရာတော်ဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် ဆွီဒင်-မြန်မာ ဗုဒ္ဓသာသနာပြု (၃)ထပ်ကျောင်းဆောင်တော်ကြီး၊ ဆွီဒင်နိုင်ငံ Stockholm မြို့ ရှိ သိရီလင်္ကာကျောင်းနှင့် Hjortkvarn မြို့ မြန်မာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး၍ ဦးဆောင်ဦးရွက်ပြု ပြည်တွင်း ပြည်ပ သာသနာပြုနေတဲ့ ဆရာတော်ဖြစ်ပါသည်။
ဆရာတော်၏ မြန်မာပြည်တွင် တည်ဆောက်နေတဲ့ ဆွီဒင်-မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးဆောက်သည့် ။
ပထမ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဒါယကာ၊ ဒါယိကာမများ၊ ပြည်ပမှလာရောက်သာသနာပြုလိုသော ဒါယကာ၊ ဒါယိကာမများအတွက် ပရိယတ္တိနှင့် ပရိပတ္တိ သာသနာတော်နှစ်ရပ်လုံး ကောင်းမွန်စွာ သာသနာ့အကျိုးသယ်ပိုးပြုလုပ်နိုင်ရန်အတွက် ဆောက်လုပ်ခြင်းဖြစ်ပါသည်။
ကျောင်းဆောက်သည့်ဒုတိယရည်ရွက်ချက်သည် နိုင်ငံတကာတွင် အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံခြားသားလူမျိုးခြားများ ဆွီဒင်-မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် ဝင်ထွက်တည်းခိုပြီး၊ ကုသိုလ်ပြုနိုင်ရန်ဆောက်လုပ်လှူဒါန်းခြင်းပင်ဖြစ်ပါည်။
ဆွီဒင်နိုင်ငံနှင့် နိုင်ငံတကာ အရပ်ရပ်၌်နေထိုင်ကြကုန်သော သူတော်စင်အပေါင်း၊ သူမြတ်လောင်းတို့အနေဖြင့် သဒ္ဒါတရားနည်းများမဆိုပါဝင်လှူဒါန်းကုသိုလ်ယူကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ လေးစားစွာ နိုးဆော်တိုက်တွန်းအပ်ပါသည်။
ဆရာတော်နဲ့ မိမိတို့ ပြည်တွင်း ပြည်ပ သာသနာပြု လက်တွဲ ဆောင်ရွက်လာခဲ့တာဆိုရင် ယနေ့အချိန်မှာတော့ ၇နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ၇နှစ်တာအတွင်း ဥရောပရောက် ဆရာတော် သံဃာတော်များကို စုစည်းပြီးတော့ European Theravada Sangha Assosiation (ETSA)ဥရောပ ထေရ၀ါဒ သံဃအဖွဲ့ကို Tiratana Tempel, Hjortkvarn မြို့, Sweden ၌ ၁၄-၀၇-၂၀၁၈ စနေနေ့တွင် အောက်ပါ ဆရာတော်များဖြင့် ဖွဲ့စည်းလိုက်ပါသည်။
သြ၀ါဒစရိယ ဆရာတော်များ
၁။ Stockholm Buddhist Vihara သီရီလင်္ကာကျောင်း ဆရာတော်ကြီး
၂။ အရှင်ဝဏ္ဏသိရီ ဓမ္မသုခ နော်ဝေ ကျောင်းဆရာတော်ကြီး
အလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာတော်များ
၁။ ဥက္ကဌ အရှင်ကုမာရ ပြင်သစ် မြန်မာကျောင်းဆရာတော်
၂။ ဒုတိယ ဥက္ကဌ အရှင်ဃောသက အင်္ဂလန် ရှဲဖီလ်(Sheffield) ကျောင်းဆရာတော်
၃။ ဘဏ္ဍာရေးမှူး အရှင်ဝိသုဒ္ဓ နော်ဝေ ဓမ္မသုခကျောင်းဆရာတော်
၎။ အထွေထွေအတွင်းရေးမှူး အရှင်သောဘန ဆွီဒင် တိရတနာကျောင်းဆရာတော်
၅။ ပြန်ကြားရေးမှူး အရှင်ထာဝရ နော်ဝေ မြန်မာကျောင်းဆရာတော်
၆။ တွဲဘက် ပြန်ကြားရေးမှူး အရှင်ပညာသာမိ ဖင်လန် ဗုဒ္ဓဓမ္မရံသီကျောင်းဆရာတော်
၇။ အဖွဲ့ဝင် အရှင်သုနန္ဒာလင်္ကာရ ဆွီဒင် တိရတနာကျောင်းဆရာတော်
၈။ အဖွဲ့ဝင် အရှင်သောပါက ဂျာမဏီ
၉။ အဖွဲ့ဝင် အရှင်ကောဝိဒ ဆွစ်စလန်
အဖွဲ့အစည်း ရည်ရွယ်ချက်
၁။ ဥရောပ သာသနာပြု သံဃာတော်များ၏ ကြုံတွေနေရသော သာသနာရေးဆိုင်ရာ အခက်အခဲများကို အတူတကွ စုပေါင်းဖြေရှင်ရန်၊
၂။ မြန်မာလူငယ်များ ဗုဒ္ဓ ဓမ္မ အသိပညာ တိုးပွားရေး စုပေါင်းဆောင်ရွက်ရန်၊
၃။ ဆရာ ဒကာ အချင်းချင်း စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
ပြန်ကြားရေး တာဝန်ခံ ဆရာတော်များ
၁။ အရှင်ထာဝရ
၂။ အရှင်ပညာသာမိ
ဆွီဒင်ရောက် မြန်မာမိသားစုများ။ နော်ဝေနိုင်ငံ၊ဖင်လန်းနိုင်ငံ ရောက် တပည့် ဒကာ ဒကာမတို့၏ ပူးပေါင်း ကုသိုလ်တော် အဖြစ် ဥရောပ သံဃာတော်များက ဥရောပ ထေရ၀ါဒ သံဃ အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သလို့ ဆရာ ဒကာ ဆက်ဆံရေးကို မိမိတို့လက်တွဲ ဆောင်ရွက်ခွင့် ရရှိခဲပါသည်။
ဥရောပ သာသနာပြု ဆရာတော် သံဃာတော်များက ခက်ခက်ခဲခဲ သာသနာပြုပြီးဥရောပနေ ဗုဒ္ဓဘာသာဝင်မိသားစုများအတွက် သော်၎င်း
အခြား ဘာသာဝင်များ၏ တရားဓမ္မဆိုင်ရာ ကိစ္စများကို သော်၎င်း
သာရေး နာရေး ကိစ္စအဝဝကို သော်၎င်း
ဟောပြောညွှန်ပြ တရားပြသပေးသောဥရောပနေ ဆရာတော်များကို
ရှိခိုးဦးခိုက် ကြိုဆိုလိုက်ပါတယ် ဘုရား။
လူမိုက် (ကပ္ပိယ ဖိုးတေ) ။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။