Saturday 29 December 2018

''"""""အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာ လူကြီးမင်းများ စေတနာကို တန်းဖိုးထားလျှက်ပါ"""""

''"""""အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာ လူကြီးမင်းများ စေတနာကို တန်းဖိုးထားလျှက်ပါ"""""
ဒီစာကြည့်တိုက်လေး ဖြစ်ပေါ်လာအောင် အကြိမ်ကြိမ် ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။ မိမိတို့အားလုံးမှာ တူညီသော စိတ်ကူးများဖြင့် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါသည်။ ကလေးငယ်များစွာ၏ အနာဂတ်အတွက် အဓိက ဆောင်ရွက်ခဲ့ကြပါသည်။ အားလုံးသော စုပေါင်းအင်းအားဖြင့် မိမိတို့ အကောင်အထည့်ဖော်ဆောင်ခဲ့တာဆိုရင် ယနေ့ ၂လတာအချိန်အတွင်းမှာ ကျောင်းစာကြည့်တိုက်လေးမှာ ကလေးငယ်များ၏ စာဖတ်နေကြတဲ့ ပုံရိပ်များစွာက မိမိတို့ စာကြည့်တိုက် ဖြစ်မြောက်အောင် ဆောင်ရွက်ကြတဲ့ မိမိတို့အားလုံးသော လူတွေရဲ့ရင်ထဲမှာ အပြုံးပန်းတွေ ကိုယ်စီဖြစ်ခဲ့ရပါသည်။
ဒီစာကြည့်တိုက်လေး ရေရှည်ရပ်တည်ရေးနှင့် စာအုပ်များ အဆက်မပျက် ဖြည့်ဆည်းပေးနိုင်ရေးကို မိမိတို့အားလုံးနဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်တို့ အမြဲမပြတ် စကားပြောဆိုဆွေးနွေးကြပြီး ကျောင်းအတွင်း စာကြည့်တိုက်ကောင်းတစ်ခု ဖြစ်မြောက်အောင် ဦးဆောင်နေကြပေမဲ့ လိုအပ်ချက်များစွာနဲ့ ရင်ဆိုင်တွေ့ကြုံနေရဆဲဖြစ်ပါသည်။
သို့အတွက်ကြောင့် ရပ်နီးရပ်ဝေးက မိတ်ဆွေသူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများအားလုံးနဲ့ စေတနာရှင် အလှူရှင်များကို မိမိတို့အားလုံးက ဖိတ်ခေါ်ပါစေ့။
အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာရဲ့ ငြိမ်းချမ်းရေး စာကြည့်တိုက်လေးက လိုအပ်ချက်များစွာနဲ့မိမိတို့ဦးဆောင်သူများက ဆောင်ရွက်နေတာဖြစ်ပါသည်။
ဒီစာကြည့်တိုက်လေးကို ရောက်ဖို့ဆိုရင်လည်း ကုန်းလမ်းခရီးကို ဖျာပုံမြို့ကနေ့ ၁၀မိုင်လောက်အထိသွားပြီး ရေမိုင်း ၂မိုင်ကျော်ကို သင်္ဘောဖြင့် သွားရောက်မည်ဖြစ်ပါသည်။ စာကြည့်တိုက်လေးက အခုဆိုရင် ကျေးရွာပေါင်း ၁၀ရွာ လောက်က အားကိုးစရာဖြစ်နေပါပြီး ။စာကြည့်တိုက်မှာ ကျောင်းသားများ အပြင် တစ်ခြားသော ကျေးရွာ ၁၀ရွာက ကျေးရွာသူ၊ကျေးရွာသားများ၏ အားကိုးစရာ အဖြစ်အချိန်တိုအတွင်းမှာ ဖြစ်လာခဲ့ပါပြီး။
စာကြည့်တိုက်လုပ်အားပေးအဖြစ် ကျောင်းဆရာ၊ကျောင်းဆရာမများနှင့်ကျောင်းအကျိုးတော်ဆောင်တို့အပြင် ကျေးရွာသူ၊ကျေးရွာသားများက လုပ်ဆောင်နေကြပါပြီ။ စာကြည့်တိုက်တစ်ခု၏ လိုအပ်ချက်များစွာကို မဖြည့်ဆည်းပေးနိုင်သေးတာကြောင်း မိမိတို့စာကြည့်တိုက်ကော်မတီများက စိတ်မကောင်းဖြစ်ရပါသည်။
စာကြည့်တိုက်ဆိုတာ အဘက်ဘက်က ပြည့်စုံဖို့ အတော့်ကို ကြိုးစားရတာဖြစ်ပါသည်။မိမိတို့စာကြည့်တိုက်လေးကလည်း အဘတ်ဘတ်က မပြည့်စုံမှုများနဲ့ အနာဂတ် ကလေးငယ်များစွားကို စာပေ ဗဟုသုတ များစွာရရှိနိုင်ဖို့အတွက် လူုကြီးမင်းများ၏ အကူအညီကို လိုအပ်လျှက်ရှိပါသည်။
လူကြီးမင်းများ အသုံးမပြုတော့ စာအုပ် စာပေများကို အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာရဲ့ စာကြည့်တိုက်လေးသို့ မျှဝေးနိုင်မယ်ဆိုရင် အတိုင်းအထက်အလွန် ၀မ်းမြောက် ၀မ်းသာဖြစ်ရမှာ ဖြစ်ပါသည်။
စာကြည့်တိုက်နဲ့ ပတ်သက်သော အတွေ့အကြုံများကိုလည်း မျှဝေပေးကြမယ် ဆိုရင် အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာရဲ့ စာကြည့်လေးဟာ တစ်နေ့သော အချိန်ကာလတစ်ခုမှာ အကျိုးကျေးဇူးများစွာကို ကလေးငယ်များ ရရှိကြမှာဖြစ်ပါသည်။ လူကြီးမင်းများ၏ အတွေ့အကြုံများ ကိုစောင့်မျှော်လျှက်ပါ။
စေတနာကောင်းလျှင် ကံကောင်းဆိုတဲ့ စကားအတိုင်း လူကြီးမင်းများ၏ စေတနာကြောင့် အနာဂတ်လူများ၏ ဘ၀ကောင်းလေးတွေဖြစ်ဖို့ လူကြီးများ၏ စေတနာကို မိမိတို့၏ အခြေခံပညာဦးစီးဌာန အမှတ် (၆၉) အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာက မိသားစုများကို စောင့်မျှော်လျှက်ပါ။အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ဒီစာလေးကို ဖတ်ဖြစ်တဲ့ လူတစ်ယောက်တိုင်းက ထပ်ဆင့်ပြောကြားပေးမယ်ဆိုရင် မိမိတို့က အထူးဝမ်းမြောက် ၀မ်းသာဖြစ်နေမီဖြစ်ပါသည်။

အရှင်ထာဝရ (နော်ဝေ)
+၄၇ ၄၅၅၅၄၇၈၄
U Hlaing Win Htut ရန်ကုန်။
ဖုန်းနံပါတ်။09776455308
အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာ ဖျာပုံမြို့နယ် ။ ကျောင်းအုပ်ဆရာမ ဒေါ်ခင်ခင်မြင့် (ခ)ဒေါ်မှုမှု။-09250123420-09780412431

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။