ဒီနှစ်ဆိုရင် နော်ဝေနိုင်ငံမှာ ကျောင်းတက်နေတာ နောက်ဆုံးနှစ်ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ် ၁၉.၀၆.၂၀၂၀ အချိန်မှာ ပြီးဆုံးသွားတော့ ဖြစ်ပါသည်။ ပညာရှင်များက ပညာရေးဆိုသည်မှာ ပင်ကိုယ်ရှိပြီးသား နိုင်ငံရေးဖြစ်စဉ်တစ်ခုကို နိုင်ငံရေးရလဒ်တစ်ခုအဖြစ် ဖော်ထုတ်နိုင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ အစဉ်အလာပညာရေးနှင့် အစဉ်အလာ မဟုတ်သည့်ပညာရေးစနစ ်နှစ်ခုစလုံးတွင် မည်သူ၏ စိတ်ကူးအိုင်ဒီယာကို အသုံးပြုမည်၊ သူတို့ပန်းတိုင်က ဘာဖြစ်သည်ကို သိရန်ကိစ္စသည်ပင် စိန်ခေါ်မှုကြီးတစ်ခုလို ဖြစ်နေသည်။ မိမိအတွက်တော့ ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း သင်ယူခြင်းများ နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များ လို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ နော်ဝေကျောင်းသား တစ်ယောက်ဖြစ်ရတာနဲ့ ဂုဏ်ယူစရာ ကောင်းပါသည်။
ယနေ့အချိန်မှာတော့ ကောလိပ် ကျောင်းသားမှ တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်ဖို့ ဆက်ကြိုးစားရပါအုံးမည့်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင် မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများကို ပေးသော လုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်းပညာခေတ်ကြီးတွင် ပညာဗဟုသုတများကို ကျွမ်းဝင်စေရန် ကြိုးပမ်းအားထုတ်နေကြရရုံသာမက ထိုပညာရပ်များကို ကောင်း မကောင်း မှန် မမှန် ဆုံးဖြတ်နိုင်ရေး သည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လာသည်။ ထို့ပြင် ကိုယ့်လိုချင်သည့်အချက်အလက်များကို နှိုက်ယူနိုင်စွမ်း၊ မည်သည့်နေရာတွင် ရှိနေမှန်း သိနိုင်သည့်အသိတရားသည်လည်း ပညာဟူ၍ ဆိုရပေလိမ့်မည်။ ထို့ပြင် ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်စွမ်း "ပန်းတိုင်" လည်း ရှိရမည်ဖြစ်သည်။ မိမိနေထိုင်ရာ နော်ဒစ်နိုင်ငံများ၏ မဟာဗျူဟာနည်းအရ တန်းတူညီမျှမှုရရှိစေရန်နှင့် အကောင်းဆုံးပညာရေး စနစ်ရှိစေရန် အများပြည်သူမှ ထောက်ပံ့သည့်ငွေများဖြင့် ကျောင်းသားအားလုံး တက်ရောက် ်နိုင်သည့်ကျောင်းများသို့ ရွေးချယ်ခြင်း၊ ခြေရာခံ စစ်ဆေးခြင်းမျိုး မရှိဘဲ အခြေခံပညာရေး သင်ကြားခွင့်ပြုသည်။ ဗျူဟာနည်းတစ်ခုမှာ ကျောင်းကွန်ရက်တိုးပွားစေရေး၊ ကျောင်းများကို လူနေအိမ်များနှင့် နီးနေစေရန် အတတ်နိုင်ဆုံး စီစဉ်ပေးသည်။ အကယ်၍ တောလက်ကျေးရွာများတွင် နေထိုင်ကြသည့် ကျောင်းသားများအတွက် ကျောင်းများမှာ ဝေးလံနေပါက အခမဲ့ သယ်ယူပို့ဆောင်ရေးကို စီစဉ်စေသည်။ ထိရောက်စွာ သင်ကြားပေးမှုနှင့် ကျောင်းခန်းထဲရှိ အထူးကောင်းမွန်သော ပညာရေးပေါ် မူတည်ကာ ရလဒ်ကောင်းမွန်စေရန် ဆောင်ရွက်ခြင်းတို့သည် နော်ဒစ်နိုင်ငံများ၏ သာမန်စနစ်သာဖြစ်သည်။
မိမိက ကျောင်းသားတစ်ယောက်အဖြစ် နော်ဝေနိုင်ငံမှာ ဘာသာစကား အခြေခံမှစ၍ ကောလိပ်ကျောင်းအထိ ၇နှစ်တာ ကျောင်းသားတစ်ယောက်အဖြစ် ကျောင်းတက်နေရတဲ့ အချိန်မှာ ကိုယ်ကို အားမရတာ သိမ်ငယ်တာမျိုး မရှိသလောက် ပါပဲ။ နော်ဝေနိုင်ငံက ပညာရေးက မိမိတို့အားလုံးကို လုပ်ပိုင်ခွင့်များ ပေးထားတာကြောင်း ကိုယ်ရဲ့ကြိုးစား အားထုတ်မူကသာ ပဓာနကျပါသည်။ နောက်တစ်ခုကတော့ ဒီနိုင်ငံတွေမှာ အလွတ်ကျက် အာဂုံဆောင်နိုင်ဖို့ထက် စဉ်းစား တွေးခေါ်တတ်အောင်၊ ဖြန့်ထွက် တွေးခေါ်တတ်အောင် ပညာရေးက လမ်းပြတာမျိုး ဖြစ်ပါသည်။ “မိမိ အဖေသည် ဦးထွန်းဝင်း ဖြစ်သည်” လို့ ပြဋ္ဌာန်း စာအုပ်မှာ ပါရင် အဲဒီအတိုင်းဖြေတဲ့ ကျောင်းသားကိုပဲ အမှတ်ပေးတာမျိုး မဟုတ်ပါဘူး။ မဖြစ်သင့်ပါဘူး။ “မိမိ အဖေသည် ဦးမောင်ဖြစ်သည်” “မိမိ အဖေသည် ဦးတင့်သောင်း” ဖြစ်သည် စတဲ့ အဖြေတွေကို ပါမှာ အမှတ်ပေးပါသည်။ ဆရာဝန်၊ အင်ဂျင်နီယာတွေချည်းသာ ပညာ မဟုတ်ကြောင်း ကျောင်းသားတွေဘက်က သဘောပေါက်နားလည်ပြီး သူတို့တက်ချင်တဲ့တက္ကသိုလ်ကို တက်ခွင့်ပေးပါသည်။ မိမိတို့ သင်ယူထားတဲ့ “ပညာ” ဟာ အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့ အကျိုး၊ အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေတဲ့ အရာ ဖြစ်လို့ ပညာသင်ယူရခြင်းရဲ့ ရည်ရွယ်ချက်ဟာ လူ့ဘဝမှာ မှန်ကန်အောင် ရပ်တည်ရှင်သန်နိုင်ဖို့အတွက်ပဲ ဖြစ်တယ်ဆိုတာ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားတွေ ကျောင်းသူများ နားလည်သဘောပေါက်အောင် ရှင်းပြသည့်နည်းလမ်းများကို မိမိတို့မြန်မာနိုင်ငံ အနေဖြင့် အတုယူသင့်ပါသည်။
ဆင်းရဲ_ချမ်းသာ မခွဲခြားဘဲ အားလုံး အကျုံးဝင်တဲ့ ပညာရေး ဖြစ်လာစေဖို့ ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး ဆောင်ရွက်ပေးမှ တဖက်ကလည်း အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုတဲ့ ပညာရပ်တွေ သင်ကြားပေးခြင်း၊ တဖန် သင်ကြားပေးတဲ့ အရည်အချင်းပြည့် ဆရာ ဆရာမတွေကို ထိုက်သင့်တဲ့ လစာပေးမှ၊ စာသင်ကျောင်းတွေ လုံလုံလောက်လောက် ဆောက်လုပ်ပေးမှသာ “ပညာရေး မြင့်မားလာမှာ” ဖြစ်ပါသည်။ ဘဝတစ်သက်တာပညာရေး သို့မဟုတ် သက်ကြီးပညာရေးသည် နိုင်ငံတကာတွင် ပျံ့နှံ့လျှက်ရှိနေပြီဖြစ်သည်။ သို့ရာတွင် ပညာရေးသည် ကလေးများအတွက်သာ အဓိကပစ်မှတ်အဖြစ် ထားနေကြသည်က များသည်။
သက်ကြီးပညာရေးသည် အစဉ်အလာစာသင်ခန်းအတွင်း သင်ကြားရေးမှသည် ကိုယ်တိုင်ပညာရှာရေးအစီအစဉ်များအထိ တိုးတက်ဖွံ့ဖြိုးလာသည်။ သက်ကြီး ပညာရေးတွင် အဓိကကျသည့် စနစ်သည် စာကြည့်တိုက်မှ စာအုပ်စာတန်းများ ငှားရမ်းဖတ်ရှုနိုင်ခြင်း၊ လမ်းညွှန်များ ဖတ်ရှုလေ့လာနိုင်ခြင်းတို့ကြောင့် အကုန်အကျနည်းစွာဖြင့် တိုးတက်လာခဲ့ရသည်။ နောက်ပိုင်း ကွန်ပျူတာ အသုံး ပြုနိုင်ခြင်း၊ အင်တာနက်ကိုအသုံးပြုနိုင်ခြင်းတို့သည် ကိုယ်တိုင်ရှာ ပညာရေး သို့မဟုတ် သက်ကြီးပညာရေးကို များစွာအထောက်အကူပြု သည့်စနစ်များဖြစ်လာသည်။
နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပညာရေးကို များစွာ လွှမ်းမိုးသည့် အကြောင်း တရားတစ်ခုဖြစ်လာသည်။ ကွန်ပျူတာနှင့် အခြားဆက်စပ်နေသည့်နည်းပညာရပ်များကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်း လိုလိုတွင် ကျယ်ပြန့်စွာသုံးစွဲလာကြသည်။ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုတွင် အွန်လိုင်းပညာရေး (Online Education) ဟုခေါ်သည့် အဝေးသင် ပညာရေးစနစ်သည် တိုးတက်ထွန်း ကားလာသည်။ အဝေးသင်ပညာရေးစနစ် ဆိုသည်မှာ ကွန်ပျူတာ၊ အင်တာနက်တို့ကို အသုံးပြုပြီး ပညာရှာမှီးခြင်း၊ သင်ကြားခြင်းများကို ဆိုလိုသည်။ စာသင်ခန်းတွင် ထိုင်ပြီး ပညာသင်ကြားသည့်စနစ်ကို တော်လှန်ကာ စာသင်ခန်း မလို၊ ကိုယ်တိုင်ရှာပညာစနစ်ကို အလေးပေးပြီး ကိုယ့် သင် ကိုယ့်တတ်စနစ်ကို ဦးစားပေးထားသဖြင့် မူရင်းရည်ရွယ်ချက်သည် အထူးကောင်းမွန်လှပေသည်။ အားလုံး ကျန်းမာ ချမ်းသာပြုံးပျော်နိုင်ကြပါစေ။
အရှင်ထာဝရ နော်ဝေ
0 comments:
Post a Comment