Tuesday, 2 June 2020

ပြည်သူကပေးသောပြည်သူ့အလှူ ငြိမ်းချမ်းရေးစာကြည့်တိုက်


ငြိမ်းချမ်းရေးစာကြည့်တိုက်ဆိုတာက ဖျာပုံ _ဘိုကလေးကားလမ်းမကြီး(၁၀)မိုင်အကွာအဝေးက နောင်တော်ကြီးကျေးရွာအနီးမှာ ရှိတဲ့ ကိုးအိမ်တန်းတံတားကနေတစ်ဆင့် ၄၅မိနစ်လောက် စက်လှေစီးသွားရတဲ့ ရွာလေးပေါ့။
ရွာမှာ လူဦးရေ ငါးရာကျော် နေထိုင်ပြီး ကျောင်းသားကျောင်းသူဦးရေ ငါးဆယ်ကျော်လောက် ရှိပါတယ်။ အဲဒီရွာလေးက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသူက အများစု ဖြစ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းက ဆန်စပါးနဲ့ တံငါလုပ်ငန်းက အဓိကထား လုပ်ကိုင်ကြပါတယ်။
ရိုးမပေါ်က ကျတဲ့မျက်ရည်ဆိုတဲ့ဇာတ်ကားထဲကလိုပဲ ကျောင်းဆရာ/ဆရာမတွေရဲ့ဘဝတွေကလည်း ကြမ်းတမ်းလှပါတယ်။ ဆရာဆရာမအင်အား မလောက်ငှသလို အခြေခံအဆောက်အဉီး ကအစ(စာသင်ခုံ) မပြည့်စုံကြပါဘူး။ ခုနစ်တန်းထိ ရှိပေမဲ့ ဆရာဆရာမဦး‌ေရကလည်း ခုနစ်ယောက်ပဲ ရှိပါတယ်။ အတန်းကို ဆရာတစ်ဉီးနှုန်း သင်ကြားပေးနေရတာပါ။ ဘာသာရပ် ၇ဘာသာကို ဆရာတစ်ယောက်တည်း သင်ရတာဆိုတော့ သိပ်ကို ရင်လေးစရာပါပဲ။
သို့ပေမဲ့ ဆရာဆရာမတွေဟာ နာသုံးနာထက် ပိုပြီး တပည့်တွေအပေါ်ပိုတန်ဖိုးထားကြပါတယ်။ တစ်ခါတလေ ပတ်ဝန်းကျင်က သူတို့အပေါ် တိုက်ခိုက်တာမျိုးတွေ၊ အထင်လွဲမှားမှုတွေကိုပါ ရင်ဆိုင်ရတတ်ပါတယ်။
ကျေးလက်ဒေသမှာ နေထိုင်ကြသူအများစုဟာ အသိပညာ မပြည့်ဝမှုတွေကြောင့်၊ သူတို့ရဲ့လုပ်ငန်းခွင်မအားလပ်မှုတွေကြောင့် တစ်ခါတလေမှာ မိမိတို့ရဲ့သားသမီးတွေရဲ့ အတန်းပညာအပေါ် သို့မဟုတ် ကျောင်းက ဆရာဆရာမတွေအပေါ် နားလည်မှုတွေ လွဲတတ်ကြတယ်။
စာဖြူစုကျေးရွာလေးရဲ့အဝင်ဝမှာပဲ ငြိမ်းချမ်းရေးစာကြည့်တိုက်အမှတ် ၂ကို တန်းမြင်ရပါတယ်။ စာကြည့်တိုက်အဆောက်အအုံဟာ တစ်ချိန်တုန်းက စာသင်ကျောင်းအဆောင်အဟောင်း ဖြစ်တာကြောင့် မခမ်းနားလှပါဘူး။ သို့ပေမဲ့ ကျောင်းအုပ်ဆရာကြီးက ကျောင်းအဆောင်အသစ် ရလာတော့ ကလေးတွေအတွက် ရည်ရွယ်ပြီး အန္တရာယ်ရှိတဲ့ကျောင်းအဆောင်ဟောင်းကြီးကို သူ့မိတ်ဆွေ‌တွေ အကူအညီနဲ့ ပြန်လည်မွမ်းမံပြီး စာကြည့်တိုက်အဖြစ် စတင်သန္ဓေတည်ပါတယ်။
ဒီငြိမ်းချမ်းရေးစာကြည့်တိုက် သွားတိုင်း စက်လှေ စီးရတဲ့အခါ စိတ်မရှည်တာ အမြဲဖြစ်ရပါတယ်။ အချိန် ကြာမြင့်စွာ စီးရတာတစ်မျိုး၊ နေပူတာက တစ်မျိုး ကိုယ်တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်မိရပါတယ်။ ပြန် ပြန်တွေးမိတော့ တစ်ခါတလေမှ လာတဲ့ ငါ့တို့အတွက် အဆင်မပြေဖြစ်တာ ဒီလိုခေါင်တဲ့ရွာကလေးတွေရဲ့ ကျောင်းမှာ အမျှော်အမြင်ရှိတဲ့ ငယ်ရွယ်တဲ့ ဆရာဆရာမတွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် စာကြည့်တိုက်တွေဟာ မ‌ခြောက်ကပ်ဘဲ စာအုပ် လာဖတ်ကြတဲ့ကျောင်းသူကျောင်းသားတွေနဲ့ အမြဲလိုလို စည်ကားခဲ့ပါတယ်။
ကျွန်တော် အကျေနပ်ဆုံးစကားနဲ့ မျက်ရည် ဝဲမိတဲ့စကားကတော့ ကျွန်မတို့ကလေးတွေကို အတန်းပညာ ပြည့်စုံအောင် မသင်ပေးနိုင်ခဲ့တာကြောင့် သူတို့ဝမ်းစာအတွက် ပင်ပန်းကြီးစွာ လုပ်ကိုင်နေရတာ မြင်နေရတာကြောင့် ကျွန်မတို့ မှားပါတယ်ဆိုပြီး ဆရာဆရာမတွေဆီ ဝန်ခံလာကြတာပါပဲ။
နောက်တစ်ခုက စာကြည့်တိုက်တွေ ဖြစ်တည်လာကြောင့် လက်ရှိကျောင်းသူကျောင်းသားလေးတွေအတွက် ထင်ရှားတဲ့အကျိုးပြုမှုကတော့ စာအသွားအလာ စာဖတ်တာ ပိုအဆင်ပြေလာကြတယ်လို့ ကြားသိလာရတယ်။
နောက်ဆုံး‌ေတာ့ ကျောင်းစာကြည့်တိုက်တွေ ရှိလာတာဟာ လက်ငင်း ရရှိလာနိုင်တာက ကလေးတွေရဲ့အတန်းပညာကို အကျိုးပြုလာစေခဲ့တာပါ။

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။