Saturday 29 December 2018

'''''''ကျွန်​​တော်​မြင်​​သောပညာ​ရေးနှင့် ကော်လိပ် ကျောင်းသား ဘ၀ အမှတ်တရ""

'''''''ကျွန်​​တော်​မြင်​​သောပညာ​ရေးနှင့် ကော်လိပ် ကျောင်းသား ဘ၀ အမှတ်တရ""
ကမ္ဘာပေါ်က လူတွေဟာ ဘ၀အတွက် အကောင်းဆုံးကတော့ ပညာရေးလို့ လက်ခံနေကြသလို မိမိလည်း သူတို့တွေထဲက တစ်ယောက် ဖြစ်ပါသည်။ ဘယ်လူမျိုးစုမဆို ပညာရေးဟာ သိပ်အရေးကြီးတယ်ဆိုတာကို လေ့လာမိပါသည်။ ပညာဆိုတဲ့အရာမှာလည်း အတတ် ပညာ၊ အသိပညာဆိုပြီး နှစ်မျိုးနှစ်စား ထပ်ခွဲလို့ရပါသည်။ အတတ်ပညာမှာဆိုရင် ပညာရပ် (၁၈)ရပ်လို့တွေ့ရှိရပါသည်။ ဒါပေမဲ့ မျက်မှောက်ခေတ်အရတော့ အတန်းပညာရေးကို အတက်ပညာလို့ ဆိုလိုက်ချင်မိပါသည်။ အသိပညာပိုင်းဆိုင်ရာ လူကျင့်ဝတ် ပေါင်းသင်းဆက်ဆံရေး အစရှိသော လူထုနဲ့သက်ဆိုင်သမျှသော ကျင့်ထုံးကျင့်ဝတ်တွေဟာ အသိပညာပိုင်းဟု သုံးသပ်မိပါ့သည်။
လောကီပညာရေး သင်ကြားရတဲ့မိမိအတွက်ကတော့ ကျောင်းစတက်ပြီဆိုတဲ့နေ့ကစပြီး အနှောက်အယှက်တွေက များပါသည်။ တစ်ခါတလေ့ လူထွက်ဖို့အထိ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြိုးစားခဲ့ဖူးပါသည်။ ကျောင်းသားဖြစ်တဲ့မိမိဘ၀ရဲ့ မပြည့်စုံမှုတွေ၊ အခက်အခဲမျိုးစုံအပြင် တစ်ချို့သောလူတွေရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေက မိမိစိတ်ကို ဒဏ်ရာအနာတရ ဖြစ်စေခဲ့ပါသည်။ နော်ဝေ ကျောင်းသားဘ၀ရဲ့ဖိအားကလည်း ဘ၀ကို လက်မြောက်အရှုံးပေးဖို့အထိ ဖြစ်ခဲ့တာပေါ့။ သို့သော် မိမိအား ကျောင်းတက်ကြဖို့ အားပေး နေတဲ့လူအနည်းငယ်ကြောင့် နောက်ဆုံးတော့လည်း သတိပြန်ကပ်။ စာပြန်ဖတ်ပြီး ဘ၀အဆိုးကို ဓမ္မတန်ခိုးနဲ့ ကျော်လွှားခဲ့ရပါသည်။ ယနေ့အချိန်မှာတော့ မိမိဘ၀က ပေးတဲ့အသိ၊ စာပေကပေးတဲ့ အသိ၊ ဓမ္မက ပေးတဲ့ အသိတွေက ဘ၀လောကဓံကို ခံနိုင်ရည် ရှိအောင် အထောက်အကြူုဖစ်စေခဲ့တာ ကိုယ်တွေ့ပဲ ဖြစ်ပါသည်။
နော်ဝေနိုင်ငံရဲ့ပညာရေးဆိုတာက ကျောင်းသား၊ကျောင်းသူတွေကို အကြောင်းအရာတွေကို သင်ကြားတာထက် အတွေးအခေါ်တွေကို သင်ကြားပေးတဲ့ စနစ်ပါဖြစ်ပါသည်။
ဒါကြောင့် ၂၁ ရာစုမှာ (4-C) ကို 21st Century Skill လို့ တင်စားထားပါသည်။
C - Critical Thinking ကျိုးကြောင်းဆက်စပ်တွေးခေါ်မှု
C - Creative အသစ်သစ်တွေကို တီထွင်ဖန်တီးနိုင်မှု
C - Collaboration အများနဲ့ပူးပေါင်းဆောင်ရွက်တက်မှု
C - Communication ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်တက်မှု
စာသင်တယ်ဆိုတာဟာ အတွေးအခေါ်တိုးတက်လာစေခြင်းသာ ဖြစ်ပါသည်။ ဒါကြောင့် ယနေ့ နိုင်ငံခြားပညာရေးမှာ ကိုယ်တိုင် တွေး ခေါ်ဖြေကြားရတဲ့ ပညာရေးကို အများဆုံးသင်ပေးနေတာဖြစ်ပါသည်။
ဒါကတော့ ပညာရေးပိုင်းပေါ့။ နော်ဝေနိုင်ငံလို့ ပညာရေးကို အခြေခံထားတဲ့ လူမှုရေး၊စီးပွာရေး၊ကျန်းမာရေး၊နိုင်ငံရေး၊ ဥပဒေတွေဆိုပြီး ရေးလေးရေးတွေဟာ ပညာရေးရဲ့ခြေထောက်ပေါ်မှာ မှီခိုနေရတာဖြစ်ပါသည်။ ဥပမာ မိသားစုတစ်ခုမှာ ပညာရေးဆိုတဲ့ အသိပညာ၊ အတတ်ပညာတွေ အားနည်းနေတယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ လူမှု့ဆက်ဆံရေးတွေမှာ မသိနားမလည်မှု ၊သဘော ပေါက်မှုတွေဟာ မြင့်တက်လာလိမ့်မယ်။ ဒါဆိုရင် မိမိတို့ပတ်ဝန်းကျင်မှာ အတွေးသိမ်တဲ့လူကို ပေါင်းသင်းဆက်ဆံရခက်သလို ရေတိမ်မှာ လှေလှော်ခက်သည့်ပမာ ဒီပညာရေးဘက်အားနည်းသောမိသားစုကို ရှင်းပြရ၊ ပြောပြရ ပေါင်းသင်းဆက်ဆံရတာတွေဟာ ခက်ခဲလာ မယ်။
နောက်တစ်ခုကတော့ မိမိတို့လုပ်ငန်းတွေ လုပ်တဲ့အခါကြ ခလုတ်တစ်ခုလို ဖြစ်လာမယ်။ တစ်ချို့သော မိသားစုများဟာလည်း ၀မ်း တစ်ထွာ ပြည့်ဖို့လောက်နဲ့ ငွေတစ်မျက်နှာထဲကိုပဲ ကြည့်တတ်လာလိမ့်မယ်။ မိမိတွက် ဘာမှ ပြန်မရရင် လုပ်ချင်စိတ် မရှိဘူး။
နောက်တစ်ခုက ခေတ်ပညာတတ်ပြီး လွဲချော်နေတဲ့လူတွေကြတော့ အသိပညာပိုင်းမှာ အားနည်းနေသည့်အတွက် ပညာမာန်တွေ တတ် ပြီး မိမိအတွက်ပညာကို အဖိုးတန်အောင် အသုံးချခြင်းထက် တစ်ကိုယ်ကောင်းဆန် တစ်ဖို့ထဲ ကြည့်တတ်သော လမ်းမှားဘက်ကို ရောက်သွားသည်ကို တွေ့မြင်ရပါသည်။ ဒီလူတွေကတော့ အတတ်ပညာ အားကောင်းနေပေမဲ့ အသိပညာ အားနည်းနေသည့်အတွက် လမ်းမှားဘက် ငွေနောက်ပါပါ သွားတတ်ကြတာများသည်။ မာန၊အတ္တဆန်တာတွေ ဖြစ်လာတ်ကြတယ်။
စီးပွာရေး ကျဆင်းခြင်းဟာလည်း စီမံခန့်ခွဲမှုပညာ ထိုးထွင်းခြင်းပညာတွေ အားနည်းနေသည့်အတွက် ကျဆင်းနေရသည်ကို သေချာ ဆန်းစစ်ရင် တွေ့ရပါလိမ့်မည်။ ကျန်းမာရေးမှာလည်း ကျန်းမာရေးအသိပညာ၊အတတ်ပညာတွေ အားနည်းနေသည့်အတွက် မသေ သင့်ချိန်မှာ သေသွားခြင်း၊ အသက်ကို ဥာဏ်စောင့်ဆိုတဲ့ ဆိုရိုးစကား ထောက်ရင် ဥာဏ်ဆိုတာ ပညာကို ဆိုလိုတာပါပဲ။ ရောဂါတစ်ခုကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာပေးစာအုပ် စာပေတွေ ရှိပါသည်။ လူမှု့ဆက်ဆံရေးမှာ တော့ ပိုပြောစရာ မလိုလောက်အောင် အသိပညာ အတက်ပညာဟာ အရမ်းကို အရေးကြီးတာကို တွေ့နိုင်ပါသည်။
ဒါကြောင့် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်ခု၊ မိသားစုတစ်ခု တိုးတက်ခြင်း၊ကျဆင်းခြင်း၊ ဖွံ့ဖြိုးခြင်း၊ မဖွံ့ဖြိုးခြင်းဟာ အဓိက ပညာရေးပေတံနဲ့
တိုင်းတာကြာသာ များပါသည်။ ပညာရေး မကောင်းဘူးဆိုပြီးပြောနေရင်း အိမ်မှာ ကျောင်းတက်နေတဲ့ ကိုယ့်ညီ/ကိုယ့်ညီမတွေကို ဥပက္ခာပြုသလိုဖြစ်နေသလား... မကောင်းဘူးဆိုရင် အပြစ်ပြောရုံနဲ့ မပြီးနိုင်ဘူး...ပြုပြင်ပေးရမယ်၊ ၀ိုင်းဝန်းကူညီရမယ်။ သို့မဟုတ်ရင် ကြားထဲက ကိုယ့်ကလေးတွေပဲ ပညာရေးထိလာမယ်။ ဒီစိတ်တစ်ခုနဲ့ ပညာရေးကို တိုးတက်စေမိပါတယ်။ ၀ိုင်းကူညီသင့်တယ်။ လူငယ် တွေရဲ့နောင်အနာဂတ်ဆိုတာ လူကြီးတွေရဲ့ပုံသွင်းတဲ့အပေါ် မူတည်သလို လူကြီးတွေရဲ့နောင်အနာဂတ်ဆိုတာ လူငယ်တွေရဲ့ ဖန်တီး ပုံဖော်တဲ့အပေါ် ပြန်မူတည်နေမှာပါ။
တစ်နေ့ မိမိတို့အလုပ် မလုပ်နိုင်တဲ့၊ တစ်နေ့ ဒီလူငယ်လေးတွေက. အနာဂတ်ကို ဦးဆောင်ပေးနေမှာပါ။ အနာဂတ်လူငယ်တွေဟာ ထူးချွန်အောင်မြင်တိုးတက်နေရင်...မိမိတို့ရဲ့ အနာဂတ်ဟာ လုံခြုံစေမှာပါ။ နော်ဝေနိုင်ငံ aglo videregående skole အမှတ်တရများက မိမိဘ၀အတွက် အကောင်းဆုံးလောကကြီးကို ရှေ့ဆက်ဖို့ စိတ်ခွန်အားများ ဖြစ်စေခဲ့တာတော့ အမှန်ပါပဲ။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။