Saturday 29 December 2018

ငြိမ်းချမ်းရေးစာကြည့်တိုက် (ဖျာပုံမြို့နယ် သဲအိမ်ကျောင်းစုကျေးရွာအုပ်စု - ကျုံးပိုင်းကျေးရွာ)


ငြိမ်းချမ်းရေးစာကြည့်တိုက် (ဖျာပုံမြို့နယ် သဲအိမ်ကျောင်းစုကျေးရွာအုပ်စု - ကျုံးပိုင်းကျေးရွာ)
ဖျာပုံမြို့နယ်ဟာ အင်မတန်မှကို ကျယ်ပြန်ပါသည်။ ဖျာပုံမြို့ကနေပြီး ဟိုလ်ဘတ် အမာမြို့နယ်အထိ (၅၁)မိုင် ၂ဖာလုံ ကွာဝေးပါသည်။ ၅၁မိုင်ကွာဝေးတဲ့နေရာမှာဆိုရင် ကျေးရွာပေါင်း ၂၁၂ရွာနဲ့ ဖွဲ့စည်း ထားပါသည်။ တစ်ချို့ရွာတွေဟာ ကျေးရွာနာမည်မပေါက်တဲ့ ရွာတွေ အများကြီး ရှိပါသေးသည်။
စာရေးသူဟာ ငယ်စဉ်ကပင် စာပေ၀ါသနာပါသဖြင့် ကောင်းနိုးရာရာ စာပေများကို ဆရာသမားများ၏ ညွန်ကြားမှုဖြင့်လည်းကောင်း၊ မြန်မာစကားမှာ မုဆိုးစိုင်သင်ဆိုသလို မိမိကိုယ်တိုင် စူးစမ်းမူဖြင့်လည်း ကောင်း လေ့လာရာမှ စာပေ၏ ကျေးဇူးကြောင့် ယနေ့အချိန်အထိ စာအုပ်စာပေ လူမိတ်ဆွေဆိုတဲ့ စကားအတိုင်း လူငယ်များစွာကို စာဖတ်ကြဖို့တိုက်တွန်းရင်း မိမိ၏မွေးရပ်မြေဇာတိ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ ကျုံးပိုင်းကျေးရွာအခြေခံပညာဦးစီးဌာန အမှတ်(၆၉) အခြေခံပညာမှုလတန်းကျောင်းမှာ ငြိမ်းချမ်းရေးစာကြည့်တိုက်လေးကို စတင်တည်ထောင်ဖွင့်လှစ် ဖြစ်ခဲ့ပါသည်။
မိမိအနေနဲ့ ငြိမ်းချမ်းရေးစာကြည့်တိုက် ဖွင့်လှစ်ဖို့အတွက် အရှင်ကုသလ၊ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်မြင် (ခ)ဒေါ်မူမူ၊ကျောင်းတာဝန်ခံကိုအောင်စိုး၊ရပ်မိရပ်ဖများဖြစ်ကြတဲ့ကိုဝင်းသိန်းစတဲ့ မိတ် ဆွေများကို မဖြစ်မနေ အကူအညီတောင်းခံပြီး အဝေးကနေပြီး ဖုန်းဖြင့် အကြိမ်ကြိမ် ဆွေးနွေး
တိုင်ပင်ကြပြီး ကျောင်းဝန်းအတွင်း ကျောင်းစာကြည့်တိုက်လေးကို ဖြစ်ပေါ်လာဖို့ စတင်အကောင်
အထည် ဖော်ဆောင်ရွက်ကြခဲ့ပါသည်။
မိမိကတော့ ကျောင်းစာကြည့်တိုက်လေး အကောင်အထည်ဖော်ဆောင်ဖို့ ငွေကြေးကိစ္စများကို တာဝန် ယူဆောင်ရွက်ပေးခဲ့သလို ကျေးရွာသူရွာသားများကလည်း မိမိတို့အတတ်ပညာများ၊ ရာသီဥတုဒဏ်၊ သွားလာရေးခက်ခဲမှုစတဲ့အခက်အခဲများစွာကို တွေ့ကြုံခဲ့ကြရပြီး စာကြည့်တိုက်ကလေးကို တည် ဆောက်ပေးခဲ့ကြပါသည်။ ယနေ့အချိန်မှာတော့ ကျုံးပိုင်းကျေးရွာမှာ ငြိမ်းချမ်းရေးစာကြည့်တိုက်လေး ဖြစ်ပေါ်လာခဲ့ပါပြီ။
စာကြည့်တိုက်နာမည်ရဲ့အဓိပ္မ္မာယ် အင်မတန်မှ ပြည့်စုံပါသည်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြိမ်းချမ်းရေးအတွက် အဓိကဆောင်ရွက်နေတဲ့အချိန် ဖြစ်တာကြောင့် အင်မတန်ကိုမှ နက်ရှိုင်းပါသည်။
ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ဟာ လူငယ်တွေအပေါ် မူတည်ပါသည်။ ဒီစာကြည့်တိုက်ကနေ တစ်ဆင့် လူငယ်တွေဟာ သိနေခြင်းနှင့် ပညာဥာဏ်ကို ပေါင်းသင်းဆက်ဆံမှုများ၊ မိသားစုများ၊ လူ့အသိုင်းအ၀န်းများနှင့် အလုပ်ထဲသို့ သယ်ဆောင်လာရန် အားထုတ်မှုများသည်။ လူမှုအပြောင်း အလဲကို ဖော်ဆောင်ရန် သိသာသော အားထုတ်မှုများ မဟုတ်သော်လည်း၊အဖွဲ့အစည်းများ ပြောင်းလဲရန်အတွက် အုတ်မြစ်ချပေးနိုင်ပါသည်။ ဆင်းရဲဒုက္ခ ခံစားရခြင်းများအတွက် ကျယ်ပြန့်သော တုံ့ပြန်မှုလည်း ဖြစ်ပါသည်။
ကျွန်တော်တို့တိုင်းပြည်မှာ သုစရိတစက်ဝန်းတွေ များများရှိရင် ကောင်းမယ်။ ဗုဒ္ဓစာပေမှာ ရှိတယ်။(သု -ကောင်းတာ၊စရိတ -စရိုက်၊ကောင်းတဲ့စရိုက်ရှိသူများ၏ အ၀န်းအ၀ိုင်း)ချဲ့ပြီး အဓိပ္ပါယ် ကောက် လိုက်တာက လှသွားအောင် ပိုပြီးငုံမိသွားအောင်ပါ။
သုစရိစက်ဝန်းထဲက ကောင်းသောစရိုက်ရှိတဲ့သူတွေဟာ စာဖတ်ကြပါသည်။ ဒီနေ့ငြိမ်းချမ်းရေး စာကြည့်တိုက်ဆိုတဲ့ သုစရိစက်ဝန်းထဲက ကျုံးပိုင်းကျောင်းလေးက ကလေးငယ်တွေဟာဆိုရင် အဲဒီအချက်နဲ့ ပြည့်စုံတာကြောင့် ကောင်းတဲ့စာပေတွေ ဖတ်နိုင်ကြမယ့်လို့ ကျွန်တော်ယုံကြည်နေပါ သည်။ နောက်တစ်ခုကတော့ စာဖတ်တဲ့ လူငယ်တွေဟာ အနာဂတ်ဆိုတဲ့ ပတ်ဝန်းကျင်ကို စောင့်ရှောက်ကြပါသည်။ ဥပမာအားဖြင့် သစ်ပင်စိုက်ကြသည်။ ကျန်းမာအောင်နေသည်။ ကျန်း မာရေးနဲ့ ညီတဲ့အစားအစာကို စားကြသည်။ ကိုယ်ကျင့်တရား ကောင်းကြသည်။ အများကို ကူညီကြ သည်။ ငြိမ်းချမ်းကြသည်။ စာကြည့်တိုက်တွေက လူငယ်တွေရဲ့ နေပုံထိုင်ပုံ အကြောင်းပြောတဲ့ ကမ္ဘာကြီးပါ။ စာကြည့်တိုက် ထဲက စာအုပ်တွေဟာ ကမ္ဘာကြီးကို ပြောင်းလို့ရပါသည်။
ကျေးလက်နေလူငယ်တွေ စာပေများစွာကို ဖတ်ရှုကြမယ်ဆိုရင် ဗဟုသုတတွေ ရှာဖွေရရှိကြပြီး စာကြည့်တိုက်တွေကနေတစ်ဆင့် ကမ္ဘာကြီးထဲက အသိပညာ၊ အတတ်ပညာတွေကို မလွဲ မသွေ ရရှိနိုင်တော့မှာ ဖြစ်တာကြောင့် အထူးဝမ်းသာမိပါတယ်။
ကျွန်တော်အမြင်အရ ဆရာတော် အရှင်ထာဝရဟာ မွေးရပ်ဇာတိမြေဖြစ်တဲ့ကျုံးပိုင်းကျေးရွာကလေးမှာ အခုလိုငြိမ်းချမ်းရေးစာကြည့်တိုက်(ကျောင်း စာကြည့်တိုက်ကလေး)ကို ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဒီရွာက အနာဂတ်လူငယ်တွေရဲ့ရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်)တွေကို အားကြိုးမာန်တက် ဆောင်ရွက်ဖို့ ခွန်အားတွေ ရရှိမယ့်လို့ ယုံကြည်နေမယ်ဆိုတာ အသေအချာပါပဲ၊
နောက်တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံလက်ရှိအခြေနေဟာ ကျောင်းထွက်မှုရာခိုင်နူန်းက အတော် ကို များနေတာကို တွေ့နေရပါသည်။ ဒါ့အပြင် ကျောင်းသားတွေဟာ ဘ၀အတွက် အသုံးဝင်မယ့်အသိ ပညာ၊ အတတ်ပညာတွေ၊ လူငယ်တွေအတွက် အသုံးဝင်မယ့်သင်တန်းကျောင်းတွေ လမ်းပျောက်နေ တဲ့သူငယ်ချင်းတွေအတွက် ပညာရေးလမ်းစတွေ၊ ဘ၀အတွက် အသိပညာတွေကို အချင်းချင်း မျှဝေကြဖို့ မျှော်လင့်ပါသည်။ ပညာဟူသမျှ မျှဝေနိုင်တယ်လို ကျွန်တော်အနေနဲ့ မျှော်လင့်ပါသည်။
ပြည်ပနိုင်ငံတွေမှာ ကျောင်းသားတွေကို ကျောင်းတွေမှာ လိုအပ်တဲ့ဖြည့်စွတ် အာဟာရတွေ ကျွေးမွေးနေကြတာကို တွေ့မြင်နေရပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ ကလေးတွေဟာ မိဘများ အဆင်မပြေတဲ့အတွက်ကြောင့် မနက်စာကိုတောင် မစားရဘဲ ကျောင်းတက်နေကြရတာ ကြောင့် ကလေးတွေဟာ အစာ မစားရတဲ့အတွက်ကြောင့် ကျောင်းစာတွေကို အပြည့်အ၀ အာရုံ
မစိုက်နိုင်ခဲ့ပါဘူး။ အဲဒီအခြေနေတွေကို တစ်ချို့ဘုန်းတော်ကြီးကျောင်းတွေက ဖြေရှင်းပေးနေကြ
တာကို ကျွန်တော်တို့ ကြားသိနေကြရလို့ ၀မ်းသာကြပါသည်။
ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိပညာရေး အခြေအနေဖြစ်ပါသည်။ နိုင်ငံတော်အနေနဲ့ ပညာရေးပြုပြင် ပြောင်းလဲရေးကို စတင်အကောင်အထည် ဖော်ဆောင်နေပြီးဖြစ်ပေမဲ့ ယနေ့အချိန်ထိ ကျွန်တော်တို့ နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေထက် ပညာရေးအခြေအနေ နောက်ကျနေတာကို အားလုံးအသိဖြစ်ပါ သည်။အားလုံးကိုကျေးဇူးတင်ပါသည်။
မိမိအနေနဲ့ အနာဂတ်လူငယ်တွေကို အကြံပြုပါစေ စာဖတ်လေလေ ပိုသိလေလေ။ ပိုသိလေလေ ပိုချက်ချက် ချာချာရှိလေလေ၊ချက်ချက်ချာချာရှိလေလေ ကျောင်းသက်ကြာလေလေ ၊ကျောင်းနေကြာ လေလေ ဘွဲ့များများရလေ၊ အလုပ်ကောင်းကောင်း ရလေလေ၊ လခကြီးကြီး ရလေလေ၊ ခင်ဗျား တို့တွေ ဘွဲ့များများရလေလေ ခင်ဗျားတို့သားသမီး ကျောင်းမှာ စာတော်လေလေပါပဲ။
ငြိမ်းချမ်းရေးစာကြည့်တိုက်ဖွင့်ပွဲကို ၂.၆. ၂၀၁၈ ခုနှစ်၊ စနေနေ့မှာ ပြုလုပ်ခဲ့ပါသည်။ စာကြည့် တိုက်ဖွင့်လှစ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုဇော်မင်း တက်ရောက် အမှာစကားပြောခဲ့ပါသည်။ ဒါ့အပြင် ဆရာဇော်ဂျီစာကြည့်တိုက်အလုပ်အမှုဆောင်အဖွဲ့၊ Volunteers လူငယ်များ၊ စာအုပ်စာပေတွေ စုဆောင်းပေးကြတဲ့မိတ်ဆွေသူငယ်ချင်းတွေ၊ စာပေတိုက်တွေ၊ စာကြည့်တိုက်အဆောက်အဦး တည်ဆောက်ရေးကာလမှာ ခွန်အားအပြည့် ဆောင်ရွက်ပေးခဲ့ကြ တဲ့ရွာသူရွာသားတွေရဲ့စာပေချစ်စိတ်အပေါ် ကျွန်တော်အနေနဲ့ ဂုဏ်ပြုပါသည်။ ဒီငြိမ်းချမ်းရေး စာကြည့်တိုက်လေးကနေ နိုင်ငံငြိမ်းချမ်းရေးမှတစ်ဆင့် ကမ္ဘာငြိမ်းချမ်းရေးထိ ရောက်ရှိနိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါသည်။
အာလုံးကျန်းမာချမ်းသာကြပါစေ။
ဖျာပုံ နဒီ။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။