Saturday 29 December 2018

နော်ဝေနိုင်ငံရောက် အညတရ ရဟန်းတစ်ပါး (အတွေးအမြင့်နှင့်အတွေ့အကြုံ) ဖတ်ရှုဖွယ်မှတ်စုများ

နော်ဝေနိုင်ငံရောက် အညတရ ရဟန်းတစ်ပါး (အတွေးအမြင့်နှင့်အတွေ့အကြုံ) ဖတ်ရှုဖွယ်မှတ်စုများ
(Scandinavia) စကန်ဒီနေးဗီးယားဒေသ
ဥရောပမြောက်ပိုင်းရှိ ယဉ်ကျေးမှု - ဘာသာစကားများစွာ မကွဲပြားသောဒေသအစုဖြစ်သည်။ နော်ဒစ် နိုင်ငံများဟုလည်း သိကြသည်။ အာတိတ်စက်ဝန်းဟုခေါ်သော ကမ္ဘာ့မြောက်ဘက်စွန်းရပ်ဝန်းဖြစ်ပါသည်။ နော်ဝေ၊ ဒိန်းမတ် နှင့် ဆွီဒင်များ နေထိုင်ကြရာဒေသဖြစ်သည်။ ဖင်း (ခေါ်) ဖင်လန်၊ ရေခဲကျွန်း (ခ) အိုက်စလန်၊ ဖရော်ဆီး၊ ဂရင်းလန်း၊ ဆာမီးမြောက်ဘက်၊ အလက်စကာ၊ ရုရှားမြောက်ပိုင်း နှင့် တစွန်းတစရှိရာ ဥရောပ မြောက်ပိုင်းကျွန်းဆွယ်ဒေသဖြစ်ပါသည်။
(Midnight Sun) သန်းခေါင်ယံနေမင်း
စကန်ဒီနေးဗီးယားဒေသတွင် ကမ္ဘာ့မြောက်ဝန်ရိုးစွန်းဖြစ်၍ နေမှာ ၀င်လိုက်၊ ထွက်လိုက်ဖြင့်ရှိရာ ည သန်းခေါင်ယံအချိန်မှာပင် အလင်းရောင် မပျောက်သည်သာမက နေလုံးကြီးကိုပင် အစဉ်တစိုက် တွေ့နေရ သောကြောင့် သန်းခေါင်ယံနေမင်းဟု ခေါ်ဝေါ်သုံးနှုန်းကြသည်။
(Viking) ဗီကင်းများ
(၈) ရာစုမှ (၁၁) ရာစုအထိ ဥရောပမြောက်ပိုင်းတခွင်အား ရေကြောင်းမှ စိုးမိုးထားခဲ့သော စကန်ဒီနေး ဗီးယားဒေသခံများဖြစ်ပါသည်။ ဗီကင်းလှေများမှာ ၎င်းတို့၏ စွမ်းပကားတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် (Norse) ဟုခေါ်သော ယခု နော်ဝေဒေသခံများပင် ဖြစ်ပါသည်။
(Lutheran) လူသာရီယန် ခရစ်ယာန်ဂိုဏ်းအကြောင်း
၁၅၁၇ ခုနှစ်တွင် မြင့်မြတ်သော ရောမအင်ပါယာ၌ အကျုံးဝင်သည့် ဂျာမန်စကားပြောဆိုသုံးနှုန်းရာဒေ သများတွင် ကက်သလစ်ကျောင်း (Catholic Church) အား တော်လှန်ပြီး ဒေသနာကိုးဆယ့်ငါး (Ninety-Five Theses) ကို စတင်ဖော်ထုတ်ကာ ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးဂိုဏ်း (Protestant Reformation) ကို တည်ထောင်သူ မာတင်လူသာ {Martin Luther (1483-1546)} ၏ အယူအဆကို လက်ခံသူများအား လူသာရီ ယာန်ဂိုဏ်းသားများဟု သတ်မှတ်ကြပါသည်။
(Lapland) လက်ပလန်း ခေါ် အစိုးရမရှိသောနေရာ
နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ရုရှားတို့၏ မြောက်ဘက်စွန်းကျသော ကျယ်ပြန့်သည့် အာတိတ်စက်ဝန်းနေ ရာရှိ သန်းခေါင်ယံနေထွက်ရာ ရိန်းဒီးယား (ခေါ်) ရေခဲသမင်များ မွေးမြူပြီး ရေခဲသောနေရာအလိုက် ပြောင်း ရွှေ့ကြသူများ၏ ယဉ်ကျေးမှု၊ လူမျိုးစု၊ ထူးခြားသော ဓလေ့ရှိရာ ရပ်ဝန်းဖြစ်ပါသည်။
(Baltic Sea) ဘော်လ်တစ်ပင်လယ်ရပ်ဝန်း
ရုရှား၊ ပိုလန်၊ ဂျာမနီမြောက်ပိုင်း၊ ဖင်လန်၊ အက်စ်တိုးနီးယား၊ လက်တဗီးယား နှင့် စကန်ဒီနေးဗီးယား ဒေသများနှင့် ထိစပ်နေသော အတ္တလန္တိတ်သမုဒ္ဒရာရှိ ဘော်လ်တစ်ပင်လယ်ပြင်နေရာဖြစ်ပါသည်။
(Samis) ဆာမီးများ
ယခုအခါ နော်ဝေ၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံများအထိ ပျံ့ပျံ့ပြူးပြူးနေထိုင်လျှက်ရှိသည်။ ဖင်နို-ယူဂရစ်လူ မျိုးစု (Fino-Ugric) များဖြစ်ပါသည်။ ဆပ်ပမီ (Sapmi) ဟုခေါ်ကြသည်။ ရေခဲဖုံးလွှမ်းရာဒေသနေ တိုင်းရင်း သားများဖြစ်ပါသည်။
(Artic Circle) အာတိတ်စက်ဝန်းဒေသ
အာတိတ်စက်ဝန်းဟူသည်မှာ ကမ္ဘာ့မြောက်ဘက်စွန်းဒေသ၊ ပထ၀ီအရ သတ်မှတ်ထားရာနေရာ ဖြစ်ပါ သည်။
(Aurora Borealis) မိုးသောက်အလင်းတန်းများ
ပိုလာအလင်းတန်းများဟု ခေါ်ကြသည်။ ကမ္ဘာ့မြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်းဒေသများ၌သာ တွေ့ရသော ညဘက်အလင်းပြန်သည့် ဂမ္ဘီရဆန်စွာ တွန်းထွက်နေသော ကောင်းကင်ပြင်ရှိ အပြာနု၊ အဖြူ၊ အနီ၊ ခရမ်း အလင်းတန်းကြီးများ ဖြစ်ပါသည်။
(Nordic Countries) နော်ဒစ်တိုင်းပြည်များ
ဥရောပမြောက်ပိုင်း (သို့) အတ္တလန္တိတ်သမုဒ္ဒရာမြောက်ဘက်ရှိ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ အိုက်စလန်၊ ဖရောဆီး၊ ဂရင်းလန်း၊ ဆာမီးဒေသများကို ညွှန်းဆိုပါသည်။
(Ivar Sasen) အီဗာအော့ဆယ်န်
နော်ဝေလူမျိုး အီဗာအော့ဆယ်န် သည် ဘာသာဗေဒ၊ အဘိဓာန်ပညာရှင်၊ ပြဇာတ်ဆရာနှင့် ကဗျာဆ ရာကြီးဖြစ်သည်။ သူ့အား အထူးသဖြင့် အလေးထားရသည့်ကိစ္စမှာ နော်ဝေ၏ တရားဝင် အရေးဘာသာစကား ဖြစ်သော နျူးနော့စ် (Nynorsk) အား နိုင်ငံအနှံ့အပြား ကွဲပြားနေသည့် အပြောဒေသိယစကားများထံမှ ရှာဖွေ စုဆောင်းကာ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ နော်ဝေဒေသိယဘာသာစကားတို့၏ သဒ္ဒါကျမ်း (Grammar of the Norwegian Dialects) မှာ သူ၏ ပင်ပန်းအားစိုက် ကြိုးစားမှုကြီးတစ်ရပ်ဖြစ်ပြီး ထိုကျမ်းအတွက် နော်ဝေနိုင်ငံ အနှံ့ ခရီးဆက်ကာ ဘာသာစကားဆိုင်ရာ စုဆောင်းခြင်း၊ သုတေသနပြုခြင်းများ ပြုခဲ့ရသည်။
(Fritz RØed) နော်ဝေပန်းပုဆရာကြီး ဖရစ်ရိုး
နော်ဝေပန်းပုဆရာကြီး ဖရစ်ရိုး သည် နော်ဝေအမျိုးသားလက်မှုပညာနှင့် အနုပညာအကယ်ဒမီတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၂၈ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်တွင် မွေးဖွားသည်။ နော်ဝေနိုင်ငံ အထိမ်းအမှတ် လက်ရာဖြစ်သည့် ဗီကင်းဓားကြီး (၃) လက် အား ကျောက်ဆောင်ပေါ်တွင် စိုက်ထားသော လက်ရာကြောင့် ကျော်ကြားသည်။ ထိုအထိမ်းအမှတ်အား အနုပညာရှင်များက အလေးထားကြသည့်အချက်မှာ ၎င်း၏ ရိုးစင်းမှု၊ ပကာသနကင်းမှုအပြင် နိုင်ငံ၏ သမိုင်းကြောင်းအား ထင်ဟပ်စေမှုတို့ကြောင့် ဖြစ်သည်။
(Rollo) ရွိုလို
ယခုပြင်သစ်နိုင်ငံရှိ နော်မန်ဒီဒေသ၏ ပထမဆုံးအုပ်ချုပ်သူ ဗီကင်းခေါင်းဆောင်ကြီးဖြစ်သည်။ သူ့အား ရွိုလို ဟုသိကြသည့်အပြင် ဂန်းရော့လ်မ် (Gaange Rolf) ဟုလည်း သိကြသည်။ နော်ဝေတို့အတွက် သူရဲ ကောင်းကြီးပင်ဖြစ်သည်။
(Normandy) နော်မန်ဒီး
(၉၁၁) ခုနှစ်တွင် ချာထရီစစ်ပွဲတွင် စစ်ရှုံးသွားသော ရောမခေတ်ပျက်စီးပြီးချိန် ဒေသတွင်း စိုးမိုးထား သော ဖရန့် (Franks) လူမျိုးစုက နော်ဝေလူမျိုး ရွိုလို ကို ပေးအပ်ခဲ့ရာဒေသဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၄) တွင် မဟာမိတ်တပ်များက ဂျာမန်တို့ကို ပြန်လည်တွန်းလှန်ရန် ကမ်းတပ်တိုက်ပွဲပြုရာ ကျော်ကြား သောနေရာဖြစ်သည်။
ရွေဝါရောင်အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။