Saturday, 15 September 2012

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ (၅)နှစ်မြောက် နှစ်ပတ်လည် ဆွေးနွေးပွဲ (ရန်ကုန်)တွင် ယနေ့ ပြုလုပ်



နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ (၅)နှစ်မြောက် နှစ်ပတ်လည် ဆွေးနွေးပွဲ
(ရန်ကုန်)တွင်  ယနေ့ ပြုလုပ်
          နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ (၅)နှစ်မြောက်နှစ်ပတ်လည် ဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ (၁၅) ရက်နေ့ နေ့လည် ၁း၀၀ ကနေ ၄း၀၀ ထိ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံ ပရိယတ္တိစာသင်တိုက်အတွင်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။
         အဆိုပါအခမ်းအနားဆွေးနွေးပွဲသို့ ၂၀၀၇ ခုနှစ်စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလတွင် ဦး ဆောင်ပါဝင်ခဲ့သောကြောင့် အကျဉ်းထောင်အသီးသီးသို့ကြခဲ့ဘူးသော ဆရာတော် ဦးဇာနေယျ (ငွေကြာရံ)၊ ဆရာတော် ဦးသဒ္ဒမ္မ (မောင်းတီး) စသော စက်တင်ဘာဆရာတော်များ၊ ၈၈-ကျောင်းသားခေါင်ဆောင် ကိုမင်း ဇေယျစသောကျောင်းသားခေါင်ဆောင်များ၊နိုင်ကျဉ်းမှကျောင်းသားဟောင်းများ၊ဗကသကျောင်းသားလူငယ်များ၊ GW ကျောင်းသားလူငယ်များ၊ အခြားသောအဖွဲ့အစည်းများဖြင့်နိုင်ငံရေးကိုလှုပ်ကြသောလူငယ်များ တက် ရောက်ခဲ့ကြပါတယ်။
        
         ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်အကြောင်းအရာကတော့  နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့  (၅)နှစ်မြောက်နှစ်ပတ်လည်ပွဲဖြစ်မြောက်ရေးအတွက် ကျင့်ပရေးကော်မတီများဖွဲ့စည်းခြင်း၊နေရာသက်မှတ်ခြင်း စသောပုံစံများကို အတည်ပြုရေးဆွဲ၍၊ အဓိကနိုင်ငံရေးဦးတည်ချက်တွေကတော့ ယခုလက်ရှိ အကျဉ်းထောင် တွေထဲမှာ ကျန်ရှိနေသေးသော ရဟန်းသံဃာတော်များအပါဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွတ်လာဖို့နဲ့အမျိုးသားပြန်လည်သင့်မြက်ရေး၊ပြည်တွင်းငြိမ်းချမ်းရေး၊ဒီမိုကရေစီအရေးတွေကိုကျွန်တော်တို့ နိုင်ငံရေးဦးတည်ချက်တွေအဖြစ်ချမှတ်ပြီးတော့ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့  (၅)နှစ်မြောက် နှစ်ပတ်လည်ပွဲကို ခမ်းခမ်းနားနား၊ အောင်အောင်မြင်မြင်ပြုလုပ်နိုင်ဖို့ဖြစ်ပါတယ်ဟု သတင်းနှင့်ပြန်ကြားရေးကို အဓိကတာဝန်ယူထားသော ကိုတိုးကျော်လှိုင်မှ ပြောကြားခဲ့ပါတယ်။

         ယင်းအဆိုပါ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့  (၅)နှစ်မြောက် နှစ်ပတ်လည်ပွဲကို စက်တင် ဘာ (၁၈) ရက်နေ့ မွန်းလွဲ ၁၂း၀၀ တိတိ၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ဖျာပုံလမ်း၊ (၇) ရပ်ကွက်၊ ဇေယျသိဒ္ဒိ တက္က သီလာသတိပဋ္ဌာန်ကျောင်းမှာပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။





0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။