Wednesday 12 December 2018

ဘ၀မှာ မေ့လို့ မရနိုင်တဲ့နေ့ တစ်နေ့ အဖြစ် မှတ်တမ်းတင်ချင်ပါသည်

ဘ၀မှာ မေ့လို့ မရနိုင်တဲ့နေ့ တစ်နေ့ အဖြစ် မှတ်တမ်းတင်ချင်ပါသည်။“ဥရောပထေရဝါဒသံဃအဖွဲ့ ” “European Theravada Sangha Association”အဖွဲ့ကြီး။
ဤအဖွဲ့ အစည်းကို “ဥရောပထေရဝါဒသံဃအဖွဲ့ ” “European Theravada Sangha Association” ဟုခေါ်ဆိုသတ်မှတ် ခဲ့ကြပါသည်။ဤအမည်ကို တိရတနာမြန်မာကျောင်း Hjorktvarn မြို့  ဆွီဒင်နိုင်ငံ၌ (၁၄.၀၇.၂၀၁၇) ရက် စနေနေ့တွင် ပထမအကြိမ်ကျင်းပသောမျက်နှာ စုံညီသံဃအစည်းအဝေးမှ သတ်မှတ်အတည်ပြုသည်။
ဥရောပ ထေရ၀ါဒ သံဃအဖွဲ့European Theravada Sangha Association (ETSA) အဖွဲ့ အား ဥရောပရောက် သံဃာတော်များက ဖွဲ့စည်းလိုက်ကြောင်း ကြားသိခဲ့ရတဲ့ အချိန်က အတိုင်ထက်အလွန် ၀မ်းမြှောက်ခဲ့ရပါသည်။
၁၉.၁၀.၂၀၁၈ခုနှစ် ယနေ့အချိန်မှာတော့ ဥရောပ ထေရ၀ါဒ သံဃအဖွဲ့European Theravada Sangha Association (ETSA) အဖွဲ့ အားတရားဝင် အမှတ်ပုံတင်ချလာပြီးဆိုတာ ကြားလိုက်ရတဲ့ အချိန်မှာတော့ ဥရောပ သံဃတော်များ၏ ကြိုးစားအားထုတ်မှုနှင့်အတူ သံဃတော်များ၏ ဂုဏ်ကျေးဇူးကို အထူးကြည်ညိုမဆုံး ဖြစ်ရပါသည်။
ယနေ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ မိမိတို့ဗုဒ္ဓဘာသာဝင်များဟာ ကမ္ဘာနေရာ အများအပြားကို ရောက်ရှိခဲ့သလို ရဟန်းသံဃတော်များလည်း နေရာဒေသ အသီးသီးသို့ကြွရောက် သီတင်းသုံးနေကြပါပြီး။အဲဒီထဲက ဥရောပရောက်သံဃတော်များ အနေနဲ့ကတော့ အခက်အခဲ့ ဒုက္ခများနဲ့ ဗုဒ္ဓဘာသာ သာသနာတော်ကြီး အတွက်ကြိုးစားရုန်းကန်နေကြရတာဖြစ်ပါသည်။
ဥရောပ သံဃအဖွဲ့ကြီးကနေပြီးတော့ အနာဂတ် ကာလတွေမှာ ဥရောပရောက် လူငယ်များ၏ ဗုဒ္ဓဘာသာ အပေါ် ဗုဒ္ဓ၀ါဒရှုဒေထောင့်မှ လေ့လာခြင်း၊ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် အနောက်တိုင်းယဉ်ကျေးမှု ကို ယှဉ်တွဲလေ့လာ ဆွေးနွေးနိုင်ကြမည့် အခွင့်အရေးများကို ဆောင်ရွက်လာနိုင်တော့မှာ ဖြစ်ပါသည်
ဥရောပ ထေရ၀ါဒသံဃ အဖွဲ့အစည်းကို ဆွီဒင်နိုင်ငံ Tiratana Tempel, Hjortkvarn၌ ဇူလိုင်လ ၁၄ရက် ၂၀၁၈ ခုနှစ် စနေ့နေ့တွင် အောက်ပါ ဆရာတော်ကြီးများဖြင့် ဖွဲ့စည်းခဲ့ကြပါသည်။
သြ၀ါဒစရိယ ဆရာတော်ကြီးများ
၁။ Ven. Kirindigalle Dhammaratana Thero (Stockholm Buddhist Viharaသီရီလင်္ကာကျောင်း ဆရာတော်ကြီး)
၂။အရှင်ဝဏ္ဏသီရိ (နော်ဝေ -ဓမ္မသုခကျောင်း ဆရာတော်ကြီး)
အလုပ်အမှူဆောင် ဆရာတော်များ
၁။ဥက္ကဌ အရှင်ကုမာ (ပြင်သစ်-မြန်မာကျောင်း ဆရာတော်)
၂။ဒုတိယ ဥက္ကဌ အရှင်ဃောသက (အင်္ဂလန် (Sheffield) ရှဲဖိလ် ကျောင်း ဆရာတော်) ၃။အထွေထွေအတွင်းရေးမှုး အရှင်သောဘန (ဆွီဒင် တိတရနာကျောင်း ဆရာတော်)
၎။ဘဏ္ဍာရေးမှူး အရှင်ဝိသုဒ္ဓ (နော်ဝေ ဓမ္မသုခ ကျောင်း ဆရာတော်)
၅။ပြန်းကြားရေးမှူး အရှင်ထာဝရ (နော်ဝေ-မြန်မာကျောင်း ဆရာတော်)
၆။တွဲဘက် ပြန်ကြားရေးမှုး ဒေါက်တာ ပညာသာမိ (ဖင်လန် -ဗုဒ္ဓဓမ္မရံသီကျောင်း ဆရာတော်)
၇။အဖွဲ့ဝင် အရှင်သုနန္ဒာလင်္ကာရ (ဆွီဒင် တိတရနာကျောင်း ဆရာတော်)
၈။အဖွဲ့ဝင် အရှင်သောပါက (ဂျာမဏီ)
၉။အဖွဲ့ဝင် အရှင်ကောဝိဒ (ဆွစ်ဇာလန်)
ပြန်ကြားရေး တာဝန်ခံ ဆရာတော်များ
၁။အရှင်ထာဝရ
၂။ဒေါက်တာ ပညာသာမိ
အဖွဲ့အစည်း၏ ရွယ်ရွယ်ချက်
၁။ဥရောပ သာသနာပြု သံဃာတော်များ၏ ကြုံတွေ့နေရသော သာသနရေးဆိုင်ရာ အခက်ခဲ့များကို အတူတကွ စုပေါင်းဖြေရှင်းရန်၊
၂။ဥရောပရောက် မြန်မာလူငယ်များ ဗုဒ္ဓ ဓမ္မ အသိပညာ တိုးပွားရေး စုပေါင်းဆောင်ရွက်ရန်၊
၃။ဆရာ ဒကာ အချင်းချင်း စည်းလုံး ညီညွတ်စွာ အတူလက်တွဲဆောင်ရွက်ရန်တို့ဖြစ်ပါသည်၊
မှတ်ချက်။ ။ ဗုဒ္ဓဓမ္မကိုစိတ်ဝင်စား၍လေ့လာလိုသော သို့မဟုတ် ဗုဒ္ဓဓမ္မကို သက်ဝင်ယုံကြည်ကြသောဥရောပသားများနှင့်လည်း အကြောင်းသင့်သည့်အခါ
ဗုဒ္ဓဓမ္မတည်တံ့ပြန့်ပွါးရေးအတွက်ပူးပေါင်းဆောင်ရွက်သွားရန်ရွည်ချက်ထားရှိသည်။
လူငယ်များ၏ နေ့စဉ်ဘဝတွင် မင်္ဂလာတရားတော်များ၏ အရေးပါမှုကို မိတ်ဆက်ပေးခြင်း စသောအကြောင်းအရာများကို စိတ်အားတက်ကြွစွာ ဆွေးနွေးကြရမည် ဖြစ်ပါသည်။
မိမိတို့ မြန်မာ့ယဉ်ကျေးမှုနှင့် ကွဲပြားခြားနားသည့် အနောက်တိုင်းယဉ်ကျေးမှုအလယ်တွင် နေထိုင် နေရသည့် လူငယ်များအနေဖြင့် မြန်မာ့ယဉ်ကျေးမှုများ၏ မြတ်နိုးဖွယ်အခြေအနေများ၊ မိဘနှင့် သားသမီးတို့ကြားတွင် အပြန်အလှန် ထားရှိရမည့် ကျင့်ဝတ်များ,ကျေးဇူးတရားများကို သိမြင်နားလည်ခွင့် ရခဲ့ကြသည်။ ဗုဒ္ဓတရားတော်များ၏ ငြိမ်းချမ်းဖွယ်ရာ သင်ကြားချက်များ၊ လွတ်လပ်စွာ တွေးခေါ်ခွင့်, ရွေးချယ်ခွင့်များအကြောင်းကိုလည်း သိခွင့်ရရှိတော့မည်ဖြစ်ပါသည်။
လောကမှာ အကာကို အနှစ်လို့ ထင်နေရင် တကယ့်အနှစ်ကိုအကာလို့ ယူဆနေရင် အဲဒီပုဂ္ဂိုလ်ဟာ မှန်ကန် တဲ့အယူဝါဒတစ်ခုခုကို ကူးပြောင်းနိုင်ဖို့ ခက်တယ်တဲ့၊ ဗုဒ္ဓဘာသာတွေရဲ့ ပန်းတိုင်ဖြစ်တဲ့ ၀ိမုတ္တိရသကို မခံစားနိုင်တော့ဘူး တဲ့။ ဓမ္မပဒမှာ မြတ်စွာဘုရား ဟောထားခဲ့ဖူးတယ်၊ ဒီလိုပါပဲ လူတိုင်းကတော့ ကိုယ့်ဘာသာတရားကို အကောင်းပဲ မြင်ကြတာပါ။
ယနေ့လို“ဥရောပထေရဝါဒသံဃအဖွဲ့ ” “European Theravada Sangha Association”အဖွဲ့ကြီ။အခုလို ဥရောပမြေပေါ်မှာ ပေါ်ထွက်ခဲ့တဲ့ သမိုင်းက ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံရင်း သာသနာပြုနေရခြင်းရဲ့ အရသာ ခံစားချက်က ဒီလိုပီတိအမျိုးအစားပဲ မဟုတ်ပါလား၊ ဘယ်လိုပဲဖြစ်ဖြစ် ဥရောပသာသနာ ပြုအတွေ့ အကြုံတွေကို စိတ်ဝင်စားနေတဲ့ စာရေးသူအတွက်တော့ အတွေ့ အကြုံအသစ် တွေရလိုက် လို့ ဝမ်းသာတာလား ဒါမှမဟုတ် သူတို့ ဘ၀နဲ့ အနာဂါတ်သံသရာ စက်ဝိုင်းကြီးကို တွေးဆမိ လို့ လှိုက်လှိုက်လှဲလှဲ ကြည်နူးမိသလား ဆိုတာ မသဲကွဲတော့ပါဘူး။ ဘယ်လိုကြောင့်ပဲဖြစ်ပါစေ ဘ၀မှာ မေ့လို့ မရနိုင်တဲ့နေ့ တစ်နေ့ အဖြစ် မှတ်တမ်းတင်ချင်ပါတယ်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။