Saturday 29 December 2018

'''''''''သမိုင်းမှတ်တမ်းများစိုက်ထူခြင်း 2018 ရဲ့နောက်ကွယ်က ကြပ်တည်ခြင်းများ'''''''

'''''''''သမိုင်းမှတ်တမ်းများစိုက်ထူခြင်း 2018 ရဲ့နောက်ကွယ်ကကြပ်တည်ခြင်းများ''''

'Image may contain: 1 person, standing, tree and outdoor

၂၀၁၈ခုနှစ်ကာလကို ပြန်ကြည့်လိုက်ရင်တော့ ဘ၀အတွက် မရေမရာ မသေချာကြတဲ့ အလုပ်တွေနဲ့ အချိန်
ကုန်သွားပါသည်။ နှစ်စကာလမှာတော့ လုပ်ငန်းတွေ မိမိမျှော်မှန်းထားသလောက် အောင်မြင့်ခဲ့ပါသည်။ နိုင်ငံခြား တိုင်းပြည်များသို့ ခရီးထွက်ရတဲ့နှစ်လို့ ပြောရင်လည်း ရပါသည်။
မိမိဘ၀အတွက် အမှတ်တရ ဖြစ်စေတဲ့အကြောင်းအရာက ၂၀၁၈ခုနှစ်မှာ ကမ္ဘာခေါင်းဆောင်များ နိုင်ငံတကာအဖွဲ့
အစည်းများနဲ့ အလုပ်အတူတူဆောင်ရွက်ခွင့်ရသလို့ ဥရောပရောက် သံဃာတော်များအဖွဲ့အစည်းနဲ့ စုပေါင်း လုပ် ဆောင်နိုင်ခဲ့ပါသည်။
မိမိအတွက် အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ဒွန်တွဲနေတဲ့နှစ်ဖြစ်သလို့ ၀မ်းနည်းမှု ၀မ်းသာမှုများနဲ့ ပြည့်စုံတဲ့နှစ် ဖြစ်ပါသည်။ လူဘ၀ ခဏတာလေးမှာ အခက်အခဲ မုန်တိုင်းများနဲ့ ပြည့်စုံတဲ့နှစ်၊ ဘ၀ကို ကျေနပ်နှစ်သိပ်ခဲ့ရတဲ့နှစ် တစ်ယောက်ထဲ ရယ်စရာများတဲ့နှစ်၊ ရင့်ကျက်တည်ငြိမ်တဲ့နှစ်ဆိုရင် မမှားနိုင်ပါဘူး။
မိမိလုပ်သမျှ ဝေဖန်အပြစ်တင်ကြတဲ နှစ်ဆိုရင် မမှားပါဘူး။ လူအများရဲ့အမြင်မှာတော့ လူချမ်းသာ တစ်ယောက် အဖြစ် မြင်ကြပြီး လက်တွေ့မှာတော့ အခက်အခဲများစွာနဲ့ ရှိသမျှနဲ့ရောင့်ရဲ တင်တိမ်းနေရတဲ့အခြေနေ ဖြစ်ပါသည်။ တစ်ချို့သော မိတ်ဆွေများ၏အကူအညီကြောင့် မိမိဘ၀က ပြည့်စုံပင်မဲ့ လက်တွေမှာတော့ အခက်အခဲ အကျပ်အတည်းများကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်နေရတဲ့ အခြေနေဖြစ်ပါသည်။
လူတွေ အထင်ကြီးခံရသလောက် လက်တွေ့မှာတော့ အောင်မြင်နေပေမဲ့ အခြေနေတွေက တစ်လထက် တစ်လ ပို၍ဆိုးလာပါသည်။
မိမိကိုယ် စိတ်ခွန်အားဖြစ်စေခဲ့သည့် အကြောင်းအရာများစွာလည်း ရှိနေပါသည်။ အဲဒါကတော့ စာဖတ်ခြင်းဆိုတဲ့ အကျိုးကျေးဇူးပင်ဖြစ်ပါသည်။ ဘယ်နေရာဘဲရောက်ရောက် ၊ ဘယ်လိုပဲ ဆင်းရဲမူတွေနဲ့ ကြုံရကြုံရ ၊စိတ်အား မငယ် ပါနဲ့ ၊ ဇွဲ့လုံ့လ မလျော့ပါနဲ့ ၊ အမြဲပဲ ကြိုးစားနေပါ။ အဲလို ကြိုးစားမူအတွက် သင်တစ်နေ့နေ့မှာ အောင်မြင်မူရမှာ သေချာပါသည်။ မိမိအတွက် အချိန်ရှိသမျှ စိတ်ဓာတ် ခွန်အားဖြစ်စေမည့် စာဖတ်ခြင်းက လောကလူသား အကျိုး မိမိ ကိုယ်ကျိုးစီးပွားကို ပြီးမြောက်စေသည့် စကားအတိုင်းပါပဲ စာဖတ်နေတဲ့အချိန်တွေဆိုရင် တစ်ယောက်က မိမိကို ဖုန်းခေါ် စကားပြောလာမှာကို စိတ်အပူဆုံးပါပဲ။
မိမိအတွက် နှစ်အစကနေပြီးတော့ နှစ်ကုန်ဆုံးတဲ့ အချိန်ထိ တစ်နှစ်တာ ကာလကို ပြန်ကြည့်ရင် မဆိုစလောက် သာသွားတဲ့အခါ မင်းကို မနာလိုဖြစ်ကြလိမ့်မယ်။ အဆပေါင်းများစွာ သာသွားတဲ့အခါ၊ မင်းကို အားကျကြ လိမ့်မယ်၊ ရိုးသား၍ ဆင်းရဲ ရသည်မှာ ရှက်စရာမဟုတ်၊ ဆင်းရဲမည်ကြောက်၍ မရိုးသာရခြင်းကသာ ရှက်စရာဖြစ်ပါသည် ဆိုတဲ့အတိုင်းပါပဲ။ တကယ်လက်တွေ့ဘ၀မှာတော့ မိမိက ဘာမှာ မဟုတ်တဲ့ လူတစ်ယောက်သာ ဖြစ်ပါသည်။
ဆုံးဖြတ်ချက်အမှားများကြောင့် အခက်အခဲ အကြပ်အတည်းများနဲ့ ရင်ဆိုင်ရတဲ့ အချိန်တိုင်းမှာ ငါ့ အတော့်ကို ရင့်ကျက်ဖို့ လိုသေးတာပဲဆိုတာကို စဉ်စားမိပါသည်။
ဘာပဲဖြစ်ဖြစ် ၂၀၁၈ခုနှစ်ကတော့ မိမိအတွက် သမိုင်းမှတ်တိုင်များစွာကို စိုက်ထူနိုင်ခဲတဲ့ နှစ်ဖြစ်တာကြောင့် လူကိုယ် လူလို့တန်းဖိုးထားကြတဲ့ လူပီသတဲ့လူတွေနဲ့ တွေ့ဆုံခွင့်ရတဲ့ နှစ်ရဲ့ ထူးခြားသော လက္ခဏာများဖြစ်ပါသည်။
၂၀၁၈ခုနှစ်ကတော့ အပြုံးနဲ့ နှုတ်ဆက်နိုင်တာကြောင့် ၀မ်းသာသလို လာမည့် ၂၀၁၉ခုနှစ်ကို အပြုံးနဲ့ ကြိုဆိုပါသည်။
ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းသာယာရှိပါစေ ။
* အဟံဝေယော ဟောမိ
* အဗျာပဇ္ဇော ဟောမိ
* အနီဃော ဟောမိ
* သုခိအတ္တာနံ ပရိဟရာမိ ။ ငါသည် ချမ်းသာခြင်းကို အလိုရှိ၏ ။ ဆင်းရဲခြင်းကို အလိုမရှိကုန်။ ထို့ကြောင့် အကျွန်ုပ်သည် ကျန်းမာပါစေ ချမ်းသာပါစေ။ ဘေးရန်ခပ်သိမ်း လွန်အေးငြိမ်း၍ ဆင်းရဲခြင်းဒုက္ခ အပေါင်းမှ ကင်းဝေးပါစေ ။ မိမိ၏ကိုယ်ကို မိမိကောင်းစွာ စောင့်ရှောက်နိုင်ပါစေ ။
အခြားသော သတ္တဝါအပေါင်းတို့သည်လည်း ငါကဲ့သို့ ချမ်းသာခြင်းကို အလိုရှိကြပေလိမ့်မည်။ ဆင်းရဲခြင်းကို
အလိုမရှိကြကုန် ။ ထို့ကြောင့် အခြားသော သတ္တဝါအပေါင်းတို့သည် လည်း ကျန်းမာကြပါစေ ချမ်းသာကြပါ
စေ ဘေးရန်ခပ်သိမ်း လွန်အေးငြိမ်း၍ ဆင်းရဲခြင်းဒုက္ခအပေါင်းမှ ကင်းဝေးပါစေ မိမိတို့၏ကိုယ်ကို မိမိတို့စောင့်ရှောက် နိုင်ကြပါစေ ။
* မမကာယေ အာရက္ခဒေဝတာ
* အဝေရာ ဟောန္တု
* အဗျာပဇ္ဇာ ဟောန္တု
* အနီဃာ ဟောန္တု
* သုခိအတ္တာနံ ပရိဟရန္တု ။
အကျွန်ုပ်၏ ခန္ဓာကိုယ်၌ အမြဲမသွေ စောင့်ရှောက်နေကြပေကုန်သော နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့သည်လည်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ကြောင့်ကြခပ်သိမ်း ဗျာပါ ငြိမ်း၍ ဆင်းရဲခြင်းဒုက္ခအပေါင်းမှ ကင်းဝေးကြ
ပါစေ အချင်းချင်း မေတ္တာသက်ဝင် ချစ်ခင်ကြပါစေ ။
ရွှေဝါရောင် အရှင်ထာဝရ ( နော်ဝေ )

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။