Saturday 29 December 2018

''''''ပြည်ပ သာသနာပြု ခေါင်းစီးအောက်က အနာဂတ်သာသနာနှင့် သာသနာပြုများ အကြောင်း''''''


.
( Email သို့ပေးပို့လာတဲ့ စာအား အများသူငါသိရှိအောင်
ဖော်ပြခြင်းဖြစ်ပါသည်။ )
.
ပြည်ပ သာသနာပြု ခေါင်းစည်းအောက်က အနာဂတ်သာသနာ
အတွေ့အကြုံလေးများရေးဖို့ စိတ်ကူးထားတာကြာပါပြီ။
အခက်အခဲအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ပါဘူး။
.
မိမိတို့ မြန်မာပြည်သားများအတွက်ကတော့ ပြည်ပသာသနာပြု
ဆရာတော်ကြီးတွေဆိုတာနဲ့ အတော့်ကို ကြည်ညိုကြတာကို
တွေ့နေရပါတယ်။
.
နောက်ဆက်တွဲအကြောင်းအရာတွေကို ဆက်ပြီးတော့
မေးကြလားဆိုတော့ ဘာမှာမမေးကြပါဘူး။ ပြည်ပသာသနာပြု
ဆိုတာနဲ့ လက်ခံယုံကြည့်နေကြတဲ့သူတွေက အများစု ဖြစ်ပါတယ်။
.
သို့သော် ပြည်ပ သာသနာပြုနေကြတဲ့ ရဟန်းသံဃာတော်များ၏
အခက်အခဲများကို မေးကြတဲ့ သူက အနည်းငယ်ပဲရှိပါတယ်။
ဒီခေတ်ကာလ အခ်ျိန်မှာ ပြည်ပသာသနာပြု ဆရာတော်ဆိုတဲ့
ဂုဏ်ပုဒ်က မြန်မာပြည်မှာ နာမည်ရဖို့ အတော့်အရေးကြီးနေတာကို
တွေ့နေရတော့ အတော့်ကို စိတ်မကောင်းဖြစ်ရပါသည်။
.
တစ်ချို့သော ရဟန်းငယ်တွေဟာ ပြည်ပသာသနာပြုဆိုတဲ့
ကြွားလုံးတွေနဲ့ မိမိတို့ပြည်တွင်းက ဗုဒ္ဓဘာသာ ယုံကြည်
သူတွေကို ဒုက္ခပေးနေကြသလို့ ပြည်ပရောက် လူငယ်နည်းစု
ရဟန်းတော်များ ဗုဒ္ဓဘာသာဝင်များကိုလည်း ဒုက္ခပေးနေကြ
တွေရတော့ အနာဂတ် သာသနာတော်ကြီးအတွက် အတော့်ကို
စိတ်မကောင်းဖြစ်ရပါသည်။
.
ပြည်ပမှာ နှစ်ပေါင်းများစွာ ဒုက္ခခံပြီးတော့ သာသနာပြုနေကြတဲ့
ရဟန်းသံဃာတော်များ အပေါ် မထိလေးစား လုပ်ရပ်များဖြင့်
သာသနာတော်ကို ဒုက္ခပေးနေကြတဲ့ သင်္ကန်းခြုံများကြောင့်
အနာဂတ်ပြည်ပ သာသနာ ဖွံ့ဖြိုးတိုးတတ်ဖို့ အတော့်ကို
ရင်လေးစရာကောင်းလာပါသည်။
.
တစ်ချို့သော သံဃာများဟာ နာမည်ခံကျောင်းတွေ ဖွင့်ပြီးတော့
ကိုယ်အကျိုးစီးပွား လုပ်နေကြတာကို ပြည်ပရောက် ဆရာတော်
ကြီးများ အချိန်မီ ကြီးကြပ် စီမံဖို့ရာ အချိန်တန်ပါပြီ။
.
တပည်တော်တို့က ဗုဒ္ဓဘာသာကို ကြည်ညိုလေးစား တန်းဖိုးထား
ကိုးကွယ်ကြတဲ့ ဒကာ ဒကာမတွေ ဖြစ်ပါသည်ဘုရား။
ယနေ့ တပည့်တော်များ ကြားနေရသည်မှာ နာမည်ခံ ကျောင်းတွေ
ဖွင့် မြန်မာပြည်တွင်းမှာ အလှူခံနေကြတဲ့ ရဟန်းသံဃာတွေကို
မြန်မာပြည်က သာသနာရေးဝန်ကြီးဌာနက စစ်ဆေးအယူသင့်မှသာ
မိမိတို့ သာသနာတော်ကြီး သန့်ရှင်းပြီး သိက္ခာရှရှိ
အရှည်တည့်တံ့မှာဖြစ်ပါသည်။
.
ယနေ့ကာလ တိုင်းပြည်က ဆင်းရဲနေတဲ့ အချိန်မှာ ပြည်ပမှာ
သာသနာပြုကျောင်းကြီးတွေ ဆောက်ပြီး မိမိကိုယ့်ကျိုးစီးပွား
လုပ်နေသည့် ရဟန်းတွေကြောင့် ပြည်ပမှာ နစ်ပေါင်းများစွာ
ဆင်းရဲ ဒုက္ခခံပြီး ပြည်ပ သာသနာတော် တိုးတက်အောင်
ဆောင်ရွက်ခဲ့ကြတဲ့ ရဟန်းသံဃာတော်များ၏ ဘ၀တွေကို
စာနာကြဖို့ လိုအပ်ပါသည်။
.
သမိုင်းတွေကို မိမိတို့အကျိုးစီးပွားအတွက် ကိုယ်လုပ်ခဲ့သယောင်
ပြောဆို လိမ်ညာနေတာဟာ ရဟန်းတွေ အလုပ်မဟုတ်ပါဘူး။
အမှန်တရားကို ပြောဆိုပြီး ရိုးသားကြဖို့ တိုက်တွန်းချင်ပါသည်။
ကိုယ်မလုပ်ခဲ့သည့် သမိုင်းကို ကိုယ်လုပ်ခဲ့သယောင် ၀ါဒ ဖြန့်ပြီးတော့
သာသနာတော်ကြီးကို ခုတုံး လုပ်နေကြတာဟာ ရှက်စရာ
ကိစ္စတွေ ဖြစ်ပါသည်။ သာသနာပြုကြပါ။ ရိုးသား ကြိုးစားပြီးတော့
သာသနာတော် အတွက်လုပ်ဆောင်နေတာကို အထူးအားပေးပါသည်။
.
သို့သော် ပြည်ပမှာ အမြဲတမ်းနေထိုင်ကြတဲ့ ဥရောပရောက်
ရဟန်းသံဃာတော်များကို ကိုယ်အကျိုးစီးပွားအတွက်ကြောင့်နဲ့
မစော်ကားကြပါနဲ့။ ဥရောပမှာ အမြဲတမ်းနေထိုင်ကြတဲ့
သံဃာတော်ဟာ ဥရောပရောက် ဗုဒ္ဓဘာသာဝင်များစုနဲ့ လက်တွဲ
ဆောင်ရွက်ခဲ့ကြလို ယနေ့အချိန်မှာ ဥရောပ သာသနာပြုကျောင်းတွေ
အများအပြား ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။
.
ယဉ်ကျေးမှုက စိမ်းစိမ်း... ဥပဒေက တင်းတင်း... လူမှုစနစ်က
ခြားနား... အတွေးအခေါ်များက သူဖြူလျှင် ငါမည်း...
ရာသီဥတုက ကြမ်းကြမ်း... လူတွေရဲ့အရောင်အသွေးကလည်း
ရောင်စုံ ရောပြွမ်းနေကြတဲ့ ခက်ခဲတဲ့အခြေအနေနဲ့အတူ
ဥရောပ သာသနာပြု အမြဲတမ်းနေထိုင်ကြတဲ့ ရဟန်းသံဃာများက
ပြည်ပသာသနာပြု ဆရာတော်များ ပြည်တွင်းက ကြွရောက်လာကြ၏တာကို အထူးပင် ကြိုဆိုကြပါသည်။
.
ဒီနေရာမှာ တစ်ခုပဲ လျှောက်ထားခြင်းတာကတော့ သာသနာပြု
အမည်ခံရုံ သက်သက်ဖြင့်တော့ ခေါင်းစီးလှလှတပ်ပြီး
သာသနာပြု မလုပ်ကြနဲ့။
.
နှစ်ပေါင်းမြောက်များစွာ သာသနာတော်အတွက် ယုံကြည်ချက်
ခံယူချက် စိတ်ဓာတ်များဖြင့် တည်ဆောက်ခဲ့ကြတဲ့ အမြဲတမ်း
သီတင်သုံး သံဃာတော်များနဲ့ ဗုဒ္ဓဘာသာဝင်အများအပေါ်
ဒုက္ခဖြစ်စေမည် ကျောင်းဆောင်ကြီးများ ဆောက်ပြီးတော့
ကိုယ့်အကျိုးစီးပွား ဖြစ်မည့်အလုပ်တွေကို မလုပ်ကြဖို့
တိုက်တွန်းပါသည်။
.
နှစ်ပေါင်းများစွာ ဗုဒ္ဓဘာသာဝင်အများနှင့် ပြည်တွင်းပြည်ပ
အတူတူလက်တွဲလာကြတဲ့ ရဟန်းသံဃာတော်များကို
ဦးတင်ပါသည်ဘုရား။
.
ပြည်ပရောက် ဗုဒ္ဓဘာသာဝင်တစ်ဦး။

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။