Saturday 29 December 2018

''''''ပြည်ပ သာသနာပြု ခေါင်းစီးအောက်က အနာဂတ်သာသနာနှင့် သာသနာပြုများ အကြောင်း အပိုင်း (၂)''''''

'''''ပြည်ပ သာသနာပြု ခေါင်းစီးအောက်က အနာဂတ်သာသနာနှင့် သာသနာပြုများ
အကြောင်း အပိုင်း (၂)''''''
( Email သို့ ပေးပို့လာတဲ့စာအား အများသူငါ
သိရှိအောင် ဖော်ပြခြင်းဖြစ်ပါသည်။ )
ကမ္ဘာကြီးက
မကောင်းမှုလုပ်သူတွေကြောင့်
ပျက်စီးသွားမှာ
မဟုတ်ဘူး
မကောင်းမှု လုပ်နေတာ
မြင်လျက်နဲ့
လက်ပိုက်ကြည့်နေသူတွေကြောင့်သာ
ပျက်စီးမှာပါတဲ့။
ဆရာတော်ဘုရား ကြီးများအနေနဲ့ ပြည်ပ သာသနာပြု ကြွရောက်တဲ့အခါ တပည့်တော်များ ပြည်ရောက်
ဗုဒ္ဓဘာသာများကို နှလုံးစိတ်ဝမ်း အေးချမ်းဖို့နှင့် မေတ္တာအခြေခံတဲ့
တရားဓမ္မများ ဟောကြားပြီးတော့ ဆုံးမတော်မူ ပေးကြပါ
ဘုရား။ လက်ရှိကတော့ တပည့်တော်တို့ ပြည်ပသာသနာပြု ဆရာတော်တွေ ကြွလာတိုင်း
ဗုဒ္ဓဘာသာတွေ ကွဲပြဲကုန်တာ အတော်စိတ်မကောင်း ၀မ်းနည်းရပါသည်။
တပည့်တော်များ လိုအပ်နေတာက ဗုဒ္ဓအဆုံးမများကို
လိုက်နာကျင့်ကြံ့ကြဖို့ပါပဲ။
ယခုတော့ တပည့်တော်တို့ဒကာဒကာမတွေ စိတ်ဝမ်းကွဲကုန်ကြတာဟာ အနာဂတ်အတွက် ရင်လေးစရာကောင်းပါသည်။ ပြည်ပရောက် တပည့်တော်များ၏ ကလေးငယ်များ ဗုဒ္ဓစာပေ အသိပညာတိုးပွားရေးအတွက် မျှော်လင့်နေကြတဲ့တပည့်တော်များအတွက်တော့
ပြည်ပသာသနာပြုတဲ့ ဂုဏ်ပုဒ်လောက်ကိုသာ တန်ဖိုးထားရှိနေကြသည်။
တစ်ချို့သော လုပ်စား သံဃာတော်များကြောင့် တပည့်တော်တို့မျိုးဆက်များကို တပည့်တော်များ ဖြစ်စေချင်တဲ့ ဆန္ဒက လူမျိုးတူဖို့ မလိုဘူး၊ ဘာသာတူဖို့
မလိုဘူး၊ လူကိုယ် လူလို့ မြင်ပြီး လူသားချင်း ကိုယ်ချင်းစာနာ သနားတတ်တဲ့၊မျှတတဲ့ စိတ်ဓာတ်လေး ရှိနေဖို့ပဲ လိုအပ်တယ်ဆိုတဲ့ ဗုဒ္ဓဆုံးမတရားတွေကိုသာလိုအပ်ပါသည်။ အမုန်းတရားတွေ မရှိတဲ့ လူကိုယ် လူလို့ မြင်ဖို့အတွက် တပည့်တော်များ အနာဂတ်မျိုးဆက်များကို ဆုံးမပေးဖို့ လိုအပ်ပါသည်။
တပည့်တော်တို့ဗုဒ္ဓဘုရားကိုယ်တော်တိုင်က မေတ္တာတရားကို အခြေခံပြီးတော့ လောကီလူသားများ အကောင်း အကျိုးကို ဆောင်ရွက်တော်မူခဲ့ပါသည်။ဆရာတော်များလောက် တပည့်တော်များ မကျင့်ကြံနိုင်ပါဘုရား၊လောကီလူသားဖြစ်တဲ့ တပည့်တော်များအား လောဘစသည့် တရားများ ကင်းအောင်
ဆုံးမပေးကြတဲ့ ဆရာ တော်များကိုယ်တိုင်က ဗုဒ္ဓဆုံးမတရားများနဲ့
ကင်းကွာနေ၍တော့ တပည့်တော်များ ဒကာ ဒကာများအားလုံး ဒုက္ခဆင်းရဲက ဖြစ်နေပါမည်။
ပြည်ပကို ကြွလာတဲ့ဆရာတော်ဘုရားကြီးတစ်ပါး မိန့်ကြားဖူးတာ ကြားဖူးပါသည်။မင်းတို့ နာမည်ခံရုံ သာသနာပြုတွေကို ဘုရားထင်နေတာကွတဲ့။ အဲဒီလိုပါပဲ
တပည့်တော်များက သားရေး၊သမီးရေးဖြင့် “ပုထုဇနော ဥမ္မာတကော” ဟူသည့် ဗုဒ္ဓ၏ စကားအရ “လောဘ၊ ဒေါသ၊ မောဟ မီးအလျှံတို့ဖြင့် လောင်ကျွမ်း ငြိတွယ် နေကြကုန်သော ပုထုဇဉ် လောကီလူသား မှန်သမျှသည် အရူးများသာ ဖြစ်သည်”ဘုရား
ဆရာ တော်များက သံသရာမှာ လွတ်မြောက်ကြိုးကုတ် အားထုတ်နေကြတဲ့
သံဃာတော်များဖြစ်တာကြောင့် သတိလေးဖြင့် သာသနာတော်ကြီး တိုးတက်အောင် ဆောင်ရွက်ပေးကြဖို့ လျှောက်ထားပါသည်။တပည့်တော်အဖို့ကတော့ ဆရာတော်များဟာ တပည့်တော်များအတွက် ရတနာပါပဲ။
သို့သော် လိုချင်သူ အတွက် ရတနာ။ ရတနာဆိုတာ တန်ဖိုးထားတတ်တဲ့သူပဲ တန်ဖိုးသိကြသည်၊ တန်ဖိုးမထားတတ်တဲ့သူက ကျောက်ခဲသလဲလို ကန်လို့
လွင့်ပြစ်တတ်ကြသည်၊ တချို့က ရတနာတွေကို ခက်ခဲစွာရှာပြီး သုံးတတ်ကြသည်၊ တချို့က လှလို့သာလျှင်
သိမ်းထားတယ် မသုံး တတ်ဘူး။ အဲဒီအထဲမှာ တပည့်တော်များ ပြည်ပရောက် ဗုဒ္ဓဘာသာ မိသားစုအများစု ပါဝင်နေကြပါသည်။ တပည့်တော်တို့က အရှင်ဘုရားများကို
ပြည်ပသာသနာပြု ဆရာတော်ကြီးအဖြစ် ဂုဏ်ရှိစေချင်ပါသည်။
ထိုကြောင့် ဘုရားဆုံးမအတိုင်း ဆောင်ရွက်ကြဖို့်က အရေးပါသည်။
ယနေ့အချိန်ကာလမှာ တိုင်းပြည် ဒုက္ခရောက်တဲ့အချိန်မှာ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့တပည့်တော်များ ပြည်ပ​ရောက် ဆရာ
တော်သံဃာတော်များ၊ ဒကာ/ဒကာမများအားလုံးဟာ တက်ညီလက်ညီ ဆောင်ရွက်ကြမှာသာဗုဒ္ဓဘာသာ အတွက် သမိုင်းကောင်းတွေ ကျန်ထားရစ်နိုင်ခဲ့မှာ ဖြစ်ပါသည်။
ပြည်ပရောက် သာသနာတော်ကြီး တိုးတက်
ကောင်းမွန်စေချင်တဲ့ ဆန္ဒဟာ ဆရာတော်များနဲ့အတူတူ တပည့်တော်များလည်းရှိပါသည်ဘုရား။ တပည့် တော်များက သာသနာကို ပံ့ပိုးသူတွေပါ။အရှင်ဘုရားများက သာသနာတော် တိုးတက်ဖို့ ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေဆိုတာ တပည့်တော်တို့ မမေ့ပါဘူးဘုရား။ တပည့်တော်များ မလုပ်နိုင်တဲ့ သာသနာ့တာဝန်များကို အရှင်ဘုရားက အချိန်ပြည့် ဆောင်ရွက်နေကြတာလေနဲ့ ကိုယ့်တပည့်တော်များ ကြည်ညိုလေးစား နေရပါပြီ။ကျောင်းကြီး ဆောက်ပြီးမှာ သာသနာပြုတာလည်း ကောင်းပါသည်။
သို့သော်
အဲဒီကျောင်းကြီးတွေကြာင့် တပည့်တော်များ ဒကာ ဒကာမတွေမှာ မနိုင်ဝန်
ထမ်းနေရတာက ကုသိုလ်ထက် အကုသိုလ် ဖြစ်နေပါသည်။ ဥရောပ လက်ရှိနေတဲ့ ကျောင်းကြီးတွေ ဈေးနူန်းအများကြီး ပေး၍ ၀ယ်ယူထားကြရတော့ အဲဒီကျောင်းတိုက် ကြီးတွေ ထာဝရ ထိမ်းသိမ်းနိုင်အောင် တပည့်တော်များ ပြည်ပရောက်
ဒကာ/ဒကာမတွေဟာ နှစ်ပေါင်း ၂၀ လောက် အချိန်ယူခဲ့ပါသည်ဘုရား။
မြန်မာပြည် အပြောင်းအလဲကာလမှာ ပြည်ပသာသနာပြုထွက်လာတဲ့ ဆရာတော်တွေကငွေတွေအမြောက်များ သုံးစွဲပြီးတော့ ပြည်ပကျောင်းကြီးတွေ လာဆောက်ကြတာ
ဂုဏ်ယူစရာပါ။
တိုင်းပြည်အတွက် တပည့်တော်များ ရသမျှလုပ်အားခလေးတွေ
တိုင်းပြည်ကို ပြန်ပို့နေတဲ့အချိန်မှာ ဆရာတော်များက တိုင်းပြည်က ပြည်သူဘဏ္ဍာ ငွေတွေကို မလိုအပ်ဘဲ သုံးစွဲနေကြတာဟာ တိုင်းပြည်ကို ၀န်ထုတ်ဝန်ပိုး
ဖြစ်စေပါသည်ဘုရား။ ဖြူစင်တဲ့ နှလုံးသား အနှိုင်းမဲ့တဲ့မေတ္တာ နွေးထွေးတဲ့
အကြင်နာအရာအားလုံးဟာ နက်ရှိုင်းတဲ့ရင်မှာ ဆိုတဲ့စကား အတိုင်း ပါပဲ
ဆရာတော်ဘုရား၏ ဆုံးမတရားကို တပည့်တော်များ လိုအပ်ပါသည်။
ကျောင်းတော်ကြီးတော့ မဟုတ်ပါ ဘုရား။ အရှင်ဘုရား၏ ဆုံးမသာ ဖြစ်ပါသည်။
နှစ်ပေါင်းများစွာ ဗုဒ္ဓဘာသာဝင်အများနှင့် ပြည်တွင်းပြည်ပ
အတူတူလက်တွဲလာကြတဲ့ ရဟန်းသံဃာတော်များကို ဦးတင်ပါသည်ဘုရား။
ပြည်ပရောက် ဗုဒ္ဓဘာ သာဝင်တစ်ဦး။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။