Saturday 29 December 2018

'''''''ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး''''''

'''''''ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး''''''
လောကကြီးမှာလူတွေအားလုံးဟာ ကိုယ်လုပ်ချင်တာ လုပ်ရတာ ကောင်းပါသည်။
ကိုယ့်အပေါ်ကို သေး သေးတင်တာ မကြိုက်ရင် သူများကိုတော့ လုံးကြီးမတင်မိစေနဲ့ဆိုတဲ့ စကားအတိုင်းပါပဲ
မိမိတို့လူလောက၊ လူဘ၀မှာ ဖြစ်နေကြအတိုင်းပဲဆိုပြီးတော့ မျက်လုံးပိတ် ယုံတတ်တဲ့လူတွေ မဖြစ်အောင်တော့ ကြိုးစားကြဖို့ အရေးကြီးပါသည်။

လူဆိုတဲ့အမျိုးက ကိုယ်ကောင်းရင်ပြီးကော တစ်ဖက်သား ဘယ်လို ဒုက္ခရောက်နိုင်တယ်ဆိုတဲ့ အတွေးမျိုး မတွေးကြဘဲ ကိုယ်လုပ်ချင်တာကို လုပ်တတ်ကြပါသည်။ ထိုအထဲမှာ လူဆိုတဲ့ သတ္တ၀ါတွေက အများဆုံးဖြစ်ပါသည်။ စကားပြောရင်တောင်မှာ သူကို ငါကတော့ဖြင့် ဘယ်လို လုပ်လိုက်တယ်ဆိုတာကို စပြောကြတဲ့ လူမျိုးတွေဖြစ်ပါသည်။

မိမိတို့ဗုဒ္ဓဘာသာမှာ အတ္တအကြီးဆုံးလူတွေကို ပြဆိုရင် ကိုယ်တိုင်ပါဝင်နေကြတာ စိတ်မကောင်းစွာ တွေနေရပါသည်။ စဉ်းစားကြည့်နော်။ ပရဟိတလို့ဆိုတာ ဘယ်ဟာအရေးကြီးဆုံးလဲ စဉ်းစားကြည့်။

ဒါ မြတ်စွာဘုရား ဟောထားတာကို နမူနာယူ၊ အကောင်းတွေကို ကိုယ်တိုင်လည်း လုပ်သည်၊ သူများတွေကိုလည်း တိုက်တွန်းနှိုးဆော်ပေးသည်။ မိမိတို့အားလုံး လုပ်ဖို့ လိုအပ်ပါသည်။
မလုပ်လည်း ရပါသည်။ သို့သော် လမ်းကြောင်း မှန်ကန်ဖို့ အရေးကြီးပါသည်။

ဆိုပါစို့၊ ကိုယ်တိုင်ကလည်း ဆွမ်းလောင်းသည်။ သူများကိုလည်း ဆွမ်းလောင်းအောင် တိုက်တွန်း ပေးသည်၊ ဒါလည်း အတ္တဟိတ ပရဟိတ၊ ကိုယ်တိုင်လည်း ဥပုသ်စောင့်သည်၊ သူများကိုလည်း ဥပုသ်စောင့်ဖို့ခေါ်သည်၊ ကိုယ်တိုင်လည်း တရားနာသည်၊ သူတစ်ပါးကိုလည်း၊ တရားနာဖို့ တိုက် တွန်းပေးသည်၊ အတ္တဟိတ ပရဟိတ ဒီလိုဆိုလိုတာနော်။

အခုတော့ ကိုယ့်အကျိုးစီးပွားကို လုပ်ဖို့အတွက် မိမိအတ္တကို ရှေ့တန်းတင်ပြီးတော့ ဟန်ပြလုပ် ရသည် အလုပ်မဟုတ်ဘူး ဆိုတာ နားလည်ကြဖို့ အရေးကြီးပါသည်။

မိမိတို့၏ အင်မတန်ကောင်းတဲ့ မြတ်စွာဘုရားရဲ့တရားတော်ကို ချဲ့ပြီးတော့ ကြည့်၊ မိမိကိုယ်တိုင်လည်း ကမ္မဋ္ဌာန်းဘာဝနာတရားကို အားထုတ်သည်၊ သူများကိုလည်း ပွားများ အားထုတ်စေသည်၊ အခြေခံသီလက စပြီးတော့ ကောင်းတဲ့လုပ်ငန်းမှန်သမျှ ကိုယ်တိုင်လည်း လုပ်သည်။

သူများကိုလည်း လုပ်စေတယ်ဆိုတဲ့ ပုဂ္ဂိုလ်သည် အတ္တဟိတလည်း လုပ်သည်။ ပရဟိတလည်း လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ရသည် ဒါကိုပြောတာနော်။
ကိုယ်တိုင်ကလည်း နေ့စဉ် ဘုရားရှိခိုးသည်၊ သူတစ်ပါးကိုလည်း ဘုရားရှိခိုးဖို့ တိုက်တွန်းသည်၊ အတ္တဟိတ ပရဟိတ နှစ်ခုစုံပြီးတော့ လုပ်ရမယ်လို့ မြတ်စွာဘုရားက ဟောတာနော်။ အဲဒါကြောင့် မိမိတို့အားလုံး အကျင့်လေးဖြစ်အောင်တော့ လုပ်ထားဖို့ ကောင်းပါသည်။

ကိုယ်တိုင်လည်း ဥပုသ်စောင့်သည်၊ သူများကိုလည်း ဥပုသ်စောင့်စေသည်၊ ဒီလိုဆိုလိုတာ၊ ကောင်းတဲ့ ဘက်ကို ချဲ့ပြီးတော့ ကြည့်ရမယ်။ အဲဒီပုဂ္ဂိုလ်မျိုးဟာ အကောင်းဆုံးပဲလို့ အဂုင်္တ္တရနိကာယ်မှာ လာတဲ့ သိက္ခာပဒသုတ္တန်အရ မှတ်သားကြရမယ်။

ဥရောပရောက်တော့ လူတွေက စိတ်ပြောင်းကုန်ကြပြီလို့ တစ်ချို့သော လူတွေပြောတာ ကြားဖူး ပါသည်။ တကယ့်လည်း စိတ်တွေပြောင်းကုန်ကြပါသည်။ မိမိကိုယ်ကို လူရာဝင်ဖို့ ကြိုးစားနေကြတာ နေရာတိုင်း ဒေသတိုင်းမှာ တွေ့ရတတ်ပါသည်။

လူရာဝင်ဖို့ ကြိုးစားရင်း လမ်းဘေးရောက်ကုန်ကြတဲ့လူတွေလည်း ဒုနဲ့ဒေးအများကြီး ရှိနေပါသည်။

အမှန်တော့ အဲဒီလူတွေဟာ လမ်းမှန်က မသွားကြဘဲ လမ်းကို ကောက်ပြီး သွားကြဖို့ ကြိုးစားလို့ ဖြစ်ပါသည်။ အမှန်ဆုံး အဖြောင့်ဆုံးလမ်းကိုသာ အစထဲက စနစ်တကျ လုပ်ဆောင်ထားမည်ဆိုရင် ယနေ့အချိန်မှာ ထိပ်ဆုံးပန်းတိုင်ကို ရောက်ရှိနေကြမှာပါဖြစ်ပါသည်။

နာမည်တစ်လုံးနဲ့ လုပ်စားနေကြတဲ့နာမည်ခံတွေများနေသ၍တော့ ဆင်းရဲ ဒုက္ခရောက်နေကြမည် ဖြစ်ပါသည်။ မကြာခင်က မိမိ၏ မိတ်ဆွေတစ်ယောာက်က ပြောပါသည်။ ငွေချမ်းသာအောင် မလုပ် ပေးနိုင်ဘူးဆိုလျှင်တောင် စိတ်ချမ်းသာအောင် လုပ်ပေးနိုင်သူဆိုရင် မိတ်ဆွေကောင်းပါပဲတဲ့ အဲဒီအတိုင်းပါပဲ မိတ်ကောင်းဖြစ်အောင် ကြိုးစားကြပါ။

ရင့်ကျက်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အလှပဆုံးပြုံးပြီး ခွင့်လွှတ်တတ်လာတာ ပါ ရင့်ကျက်တယ် ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။

ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကို ယုံကြည်မှုမဲ့မသွားဘူး၊ စိတ်ဓာတ် တွေပြိုလဲမသွားဘူး ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင်လည်း မဝင့်ကြွား၊ မထောင်လွှားဘူး။

ရင့်ကျက်တယ် ဆိုတာ ကျရှုံးခဲ့လည်း အသစ်က ပြန်စရဲတယ်။ အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။


ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။ လူအများ အားကျရ မျက်စိစူးရလောက်တဲ့ တောက်ပမှုမျိုးလည်း မဟုတ်ဘူး

တကယ်ရင့်ကျက်လာပြီဆိုတာဟာ ကိုယ့်ကိုကိုယ် ကိုယ့်ဘဝကိုယ် ကောင်းသထက်ကောင်းအောင် မြင့်သထက် မြင့်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကုန်လုံးနဲ့ ပြုစုပျိုးထောင်နေခြင်းပဲဖြစ်ပါတယ်။

အရာရာကို ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့စိတ်နှလုံးနဲ့ အောင်မြင်တဲ့ဘဝတစ်ခုဆီ အရောက် လှမ်းနိုင်တာပဲ ဖြစ်ပါတယ်

အရှင်ထာဝရ နော်ဝေ။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။