Friday 23 March 2012

ဘာကြောင့် ဖျာပုံ(အရှင်) လို့ အမည်ပေးရတာလဲ ဘုရား။



    ဖျာပုံမြို့သား ဆရာဇော်ဂျီ ၏ ကဗျာတစ်ပုဒ်ပါ

    ဂုဏ်အလှ "

    ငါညီပြောင်ဝင်း၊မောင်သစ်ဆင်း

    မင်း၏သားငယ်၊သက်နှစ်ဆယ်သည်

    ဘယ်ဂုဏ်မျိုးကို၊ကြိုက်သနည်း

    ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်သည်

    လူဘုံလောက၊ အကာမျှတည်

    သူကငြူစူ၊ မကြည်ဖြူ၍

    ခွာယူလိုကခွာ၍ရ

    ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်

    လူဘုံလောက၊ နှစ်သာရတည်

    သူကငြူစူ၊ မကြည်ဖြူလည်း

    ခွာယူ၍မရ၊ ကွာမကျ။ ။

    ဟုတ်ပါတယ် ဦးဇင်းရဲ့ ကလောင်အမည်က ဖျာပုံ(အရှင်)ပါ အရင်တုန်းက မြတ်မင်္ဂလာစာဆောင်တွေမှာ ရေးဖြစ်ခဲပါတယ်။၂၀၀၇ခုနှစ် နောက်ပိုင်းရေးဖြစ်ခဲ့တာကတော့ သွေးစွန်တဲ့ သင်္ကန်းဆိုတဲ့ ကဗျာကို လူအများစိတ်ဝင်စားခဲပါတယ်။ အခုတော့ ပြည်သူတွေကို အသိပညာပေးလေးတွေ အနေနဲ့ နေမင်းသိန်းရာဇာ အမည်နဲ့ အွန်းလိုင်ပေါ်မှာ ပြည်သူအသံ နောက်ပြီး စက်တင်ဘာထာဝရ အမည်နဲ့ မှတ်မှတ်သားသားသူစကား ဆိုတဲ့ အစီစဉ်တွေကို စက်တင်ဘာထာဝရ ဘလောဂ်ကနေ့ တင်ဆက်နေတာရှိပါတယ်။

    သူပြည်သူကို အကျိုးပြုမယ် စာပေး၊ ကဗျာ၊ဆောင်းပါး၊ဝေဖန်းရေး၊စသည့်ဖြင့် တင်ဆက်သွားမယ် စိတ်ကူးထားပါတယ် ။ဦးဇင်း ကလောင် အမည်ကို ဘာကြောင်း ဖျာပုံအရှင်လို့ အမည်ပေးရလဲဆိုရင် ဦးဇင်းက ဧရာဝတီတိုင်းသားဖြစ်ပြီး ဖျာပုံမြို့ဆိုတာ ဦးဇင်း မွှေးရပ်မြေ ဇာတိဖြစ်တာလည်းပါတယ် ။ဒါအပြင် ဆရာဇော်ဂျီးရဲ့ ဗေဒါကဗျာလို့ မြစ်ချောင်း ၊အင်အိုင်၊တွေပေါများတဲ့ ဧရာဝတီရဲ့ ဂုဏ်ပုဒ်တွေကို ဖော်ကျုးချင်းတာလည်းပါပါတယ်။ နောက်ပြီး ဆရာရဲ့ ဗေဒါကဗျာထဲက ဗေဒါပင်လေးတွေဟာ ပင်လယ်ပြင်မှ အစမရှိ အဆုံးမရှိ ဘယ်သောင်းဘယ်ကမ်းကပ်ရမှန်း မသိ အပြောကြယ်တဲ့ ပင်လယ်ပြင်ကြီးထဲ မျှော်နေသလို့ ဦးဇင်းဘ၀ဟာလည်း ဘယ်သောင် ဘယ်ကမ်းကို ရောက်မှန်းမသိသေးတဲ့အတိုင်း သံသရာကြီးကို ရှောက်လှမ်းနေတဲ့ ကိုရဲ့ဘ၀ဟာ ဘ၀ပင်လယ်ပြင်ကြီးရဲ့ အထောင်အထုကိုခံရင် အများအတွက် မှတ်မီလွယ်တဲ့ ဖျာပုံ(အရှင်)ဆိုတဲ့ ကလောင်အမည်ကို ရွေးဖြစ်ပါတယ်။

    မွှေးရပ်မြေ ဖျာပုံမြို့လှတွေကို ဖော်ကျူးရမယ် ဆိုရင် မကုန်နိုင်ပါဘူး။ဒီကလောင်းအမည်ကလည်း ဖျာပုံမြို့ဘ၀တစ်ခုဆိုတာကို သက်သေပြဖို့ အတွက်ရေးဖြစ်တာလည်းပါတယ်။ဦးဇင်းမြို့လေးက အောင်မြင့်မှုက လူဦးရေးအရ အရမ်းနည်းပါတယ်။ဖျာပုံမြို့သားတစ်ယောက်ဖြစ်တဲ့ ဦးဇင်းက ကိုယ်ရဲ့ဇာတိမြို့လေးကို ဘ၀ရင်ပြီး မှတ်တမ်းတင်တာလည်းပါတယ်။မြန်မာပြည်အလွမ်းပြေအနေနဲ့ဦးဇင်းမိမိမှာရှိသော စာအုပ်စဉ်ကို ပြန်လည်ရှာဖွေစဉ် ဦးဇင်းငယ်စဉ်ဘ၀ကတော့ ကဗျာရှင် ဖျာပုံတင်နိုင်ဝင်းရေးထားသည့် ဆေးကြောက်သူဆိုသော ကဗျာကိုသဘောကြခဲ့ပါတယ်။ဆရာကဗျာတစ်ပုဒ်ကိုဖော်ပြပေးလိုက်ပါတယ်။

    ဆေးကြောက်သူ
    ခေါင်းရင်းမှာချိတ်၊ဒုက္ခဆိတ်သုဉ်းမည့်၊
    ပဋိစ္စသမုပ္ပာဒ်၊ရဟတ်စက်ဝိုင်း၊
    ဘုရားဆောင်မှာ၊ဒုက္ခနာအတွက်၊
    သစ္စာလေးပါး၊တရားစာအုပ်။

    ဒုက္ခလူနာ၊အ၀ိဇ္ဇာနှင့်
    တဏှာခိုင်းစေ၊ကျွန်ခံနေရင်း၊
    ကိလေသာနှင့်၊အလုပ်ရှုပ်။

    အိုဘယ့်လူနာဖျင်း၊
    ခေါင်းရင်းဘုရားဆောင်က၊
    ဒုက္ခပျောက်ကင်းဆေး၊
    သင်မသုံးသေးဘူးလား၊
    သင်ကားရောဂါကျွမ်းတော့မည်။(ကဗျာရှင်-ဖျာပုံတင်နိုင်ဝင်း)အဲဒီအချိန်ထဲက ကဗျာ၊ဆောင်းပါး၊ရသစာပေးတွေကို စိတ်ဝင်စားခဲ့ပါတယ်ဒီလိုနဲ့ပဲစာပေးလောကကိုရောက်လာပြီးလူတွေသဘာဝတိုင်းစွဲလမ်းဆိုတာဖြစ်ခဲ့ပြီးဖျာပုံ(အရှင်)ကလောင်းကိုစတင်သုံးဆွဲခဲ့ပါတယ်။

    သတ္တ၀ါများကိုယ်စိတ်နှစ်ပါးရွှင်လမ်းချမ်းမြေကြပါစေ

    ဖျာပုံ နဒီ

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။