Tuesday 27 March 2012

ပြည်သူ့ ဂုဏ်ရည်ကျော်သူနှင့် ပြည်တွင်းပြည်ပ နာရေးကူညီမှုအသင်းသား/သူများသို


နာရေး

အနိစ္စ ဒုက္ခ အနတ္တ ခန္ဓာ

လက္ခဏာရေး သုံးပါး

ရှာဖွေသူ ရှားငဲ့

လာလေသူသွားတဲ့ လောကမှာ

လောဘ ဒေါသ မောဟ တဏှာ

လျှောကျတစ်ခါ ပုဒ်မတပ်

ရုပ်ဘ၀ မရဏာ ဆုပ်ကပ် ရပ်ပြီဆိုမှဖြင့် 

ကြိုကြလင့် ဘုံအရပ်ရပ်ဌာနီ

ကျန်ခဲ့သည်က ဗလာချီ

မသာမည်သော ရုပ်အလောင်း။


အကြောင်းသင့် ဘုံဓလေ့မှာပေါ့

အလောင်းနှင့် ဆုံတွေ့ လာတော့ မနေသာ

သေရှာသူ သွားလေရာ

သူ့ ခန္ဓာ ကျန်ပါသေးသမို့ 

ပြန်ကာပေးဖို့  မတတ်သာ

ကျန်ရစ်သူအရပ်မှာ ၀တ္တရားပေပ

အကျွတ်တရားဖြေကြ ကုသိုလ်ယူ

ပြုလိုသူ ဘာဝနာအကျိုး

ဘာသာ အမျိုးလည်း မခွဲကြရှာဘု

သာဓု ဗျာသမုလို့ သုံးခါအော်

ဘုန်းသမ္ဘာဆော် အမျှခေါ် အမှာခင်းရတယ်

ကွယ် .. ရာဇာမင်းတို့ ပြုကြတဲ့ နာရေး

လာပါ ခပင်းတို့ ရှုကြကွဲ့ အို နာ သေ ဘေး ။။

အမောင်

၁၁း၂၅

၂၀၁၁၁၁၀၉

ပီနန်။
မိုးကြိုးဂျာနယ်၊ အတွဲ()၊ အမှတ်(၁၃)၊၂၀၁၂၊ မတ်၊ ၂၀။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။