Saturday 24 March 2012

အရှင်ဘုရားက စာကြည့်တိုက်တွေဖွင့်တာ၊ အသိဥာဏ်ပညာတိုးပွားအောင်လုပ်ရတာ ၀ါသနာပါတယ်။ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘာကြောင့် ၀ါသနာပါရသလဲ။


    ဒီနေရာမှ ဦးဇင်းပြောချင်းတာက အကြောင်းအကျိုးဆိုတာ ဆပ်စပ်မှုတွေရှိနေပြီးသားပါ အကြောင်းနဲ့အကျိုးကို ခွဲခြားလို့မရနိုင်သလို့ အကျိုးအကြောင်း အကောင်းအဆိုး အဆိုးအကောင်းကိုလဲ ခွဲ့ခြားလို့မရနိုင်ပါဘူး အဲဒါကြောင်း ဦးဇင်း အနေနဲ့ စာကြည့်တိုက်တွေကို ဖွင့်ရတာ ၀ါသနာပါတယ် ဆိုတာကတော့ ဦးဇင်းတို့ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ဟာ စစ်အာဏာရှင်လက် ထပ်မှာ ခေတ်မီပါတယ်လို့ပြောနေပင်မဲ့ ယနေ ခေတ်မှာ လူငယ်အများစုဟာ လမ်းဘေးကို ရောက်မှန်းမသိ ရောက်နေတာကို တွေနေရတော့ အထူးစိတ်မကောင်းဖြစ်ရပါတယ် ပြီးတော့ ဦးဇင်းတို့ မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ နှစ်ပေါင်း ၄၀လောက်နောက်ကြနေတာကိုတွေနေရတော့ ခေတ်လူငယ်တွေကို နိုင်ငံတကာနဲ့ ရှင်ပြီး ခေတ်မီတဲ့ ပညာရေး စနစ်ကို စာကြည်တိုက်တည်းထောင်းပေးချင်းဖြင့်သူတို့တွေဟာ နိုင်ငံတကာ စာပေးတွေကို ဖတ်ရှုနိုင်မယ် ယုံကြည့်တဲ့ အတွက် စာကြည့်တိုက်လုပ်ငန်းတွေကို လုပ်ဖြစ်ပါတယ်။

    ဦးဇင်း ကိုရင်ဘ၀ထဲ့က ခရမ်းမြို့ ကိုင်းကုန်းပါဠိတက္ကသိုလ်မှ တက်နေစဉ်ထဲက စာကြည့်တိုက် တာဝန့်ယူခဲ့တော့ ၀ါသနာပို့ပြီးပါတယ်လို ပြောရရင်မမှားနိုင်ပါဘူး ဦးဇင်းတို့နိုင်ငံမှာ လူတန်းစားကွာခြားလာတဲ့ ပြက်သနာတွေကိုလည်း ဖြေရှင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဥပမာ ဦးဇင်းတို့ မိသားစုမှာ ညီအစ်ကိုမောင်နှမ ()ရှိပါတယ် မိဘတွေက ဆင်ရဲ့တော့ ခေတ်မီတဲ့ ပညာရေးကို မတက်နိုင်ခဲ့ပါဘူး အခြေခံဖြစ်တဲ့ လေးတန်းပညာကို အောင်မြင့်အောင်မတက်နိုင်ခဲ့တော့ တိုင်းပြည်အတွက် ပြောင်လွဲမှုတွေမှာ ပါဝင်ခွင့်မရတော့ပဲ လူတန်းစားမညီမျှမှုတွေကို အများကြီးဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်မှ ဦးဇင်းတို့လို့ မိသားစုတွေ အများကြီးပါပဲ အဲဒါကြောင့် စာကြည့်တိုက်တွေ ဖွင့်ပေးချင်းအားဖြင့် အထက်က ဦးဇင်းပြောခဲ့တဲ့ ပြသာနာတွေကို ဖြေးရှင်ပေးနိုင်မယ် ဒါယိကာဒါကာမတွေကိုလည်း ကျေးဇူးဆပ်ရာရောက်တယ်လိုယုံကြည်ပါတယ်။ ဒီနေရာမှာ ကျေးဇူးတရားနဲ့ပတ်သတ်ပြီး ဦးဇင်းရှင်ပြပါမယ်။

    ဦးဇင်းတို့ ဗုဒ္ဓစာပေးထဲ့က ၃၈ဖြာ မင်္ဂလာ တရားတော်တွေထဲမှာ သူ့ကျေးဇူးကို သိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပဲလို့ ဘုရားဟောပါတယ်။ ကျေးဇူးတရားဆိုတာ ကျေးဇူးကို မသိတတ်တဲ့သူတွေ အများကြီးထဲက ကျေးဇူးရှိတယ်လို့ သိတတ်ရင်ကိုပဲ အတော်လေး ဟုတ်နေပါပြီ။ ဒီထက်ပိုပြီး ကျေးဇူးတရား ရှိတယ်ဆိုတာကိုသိကာ ဒီကျေးဇူးကို ပြန်ဆပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အကယ်၍ အခွင့်မသာလို့ ပြန်မဆပ်နိုင်တာတောင်မှ ကျေးဇူးရှင်ကို မစော်ကားမိဖို့ လိုပါတယ်။ ကျေးဇူးမဆပ်နိုင်တာဟာ တာဝန်မကျေရုံလောက်ပဲ ဖြစ်နိုင်ပေမယ့် ကျေးဇူးရှင်ကို စော်ကားမိရင်တော့ ဒါဟာ ကိုယ်ကိုယ်တိုင် ပြန်ခံရတဲ့အထိ ပေးဆပ်ရတတ်ပါတယ်။ ဒါကြောင့် ကျေးဇူးတရားကို သိတတ်ဖို့ လိုသလို သိပြီးရင်လည်း ပြန်ဆပ်တတ်ဖို့လိုကာ ပြန်မဆပ်နိုင်သေးရင်လည်းကျေးဇူးရှင်ကိုကျေးမစွပ်ဖို့လိုတယ်လို့ဆိုခြင်းဖြစ်ပါတယ်။

    ကျေးဇူးတရားကို ပြန်ဆပ်ဖို့ကတော့ တရားနဲ့ဆပ်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားနဲ့အညီ၊ ဆရာသမားများရဲ့ ဆုံးမသြဝါဒနဲ့အညီ ကျင့်ကြံနေထိုင်ခြင်းဟာ ကျေးဇူးတရားကို အကောင်းဆုံး ပြန်လည်တုံ့ပြန်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မဆပ်နိုင်သေးပါက တရားဓမ္မနဲ့ ဆပ်ခြင်း၊ ပစ္စည်းလာဘ်လာဘနဲ့ ဆပ်ခြင်းဆိုတဲ့ ကျေးဇူးဆပ်နည်း နှစ်မျိုးထဲက ပစ္စည်းဝတ္ထုနဲ့ ဆပ်နိုင်ရင်လည်း ကျေးဇူးကို ပြန်လည်တုံ့ပြန်ရာ ရောက်ပါတယ်။ ကျေးဇူးတင်ထိုက်၊ ကျေးဇူးဆပ်ထိုက်သူတွေရဲ့ ကျေးဇူးဆပ်မှုမှာ ရဟန်းတော်များက ဒါယိကာဒါယိကာမများရဲ့ ကျေးဇူးကို ဓမ္မနဲ့ ကျေးဇူးပြန်ဆပ်နိုင်ပြီး ဒါယိကာဒါယိကာမများကတော့ ရဟန်းသံဃာတော်များကို အာမိသဆိုတဲ့ ပစ္စည်းဝတ္ထုနဲ့ ပြန်လည်ကျေးဇူးဆပ်နိုင်ပါတယ်။ နောက်တစ်ချက် ဆရာဒါကာများကြားမှာ လိုက်နာကျင့်ကြံရမယ့် တာဝန်ဝတ္တရားများနဲ့အညီ လိုက်နာကျင့်သုံးနေထိုင်ခြင်းဟာလည်းအချင်းချင်းကျေးဇူးဆပ်နေခြင်းတွေပဲဖြစ်ပါတယ်။

    ဒီနေ့မှာ လူ့ကျင့်ဝတ်ဆိုတော့ သိင်္ဂါလသုတ်မှာ ဘုရားဟောထားတဲ့ ဒါယိကာဒါယိကာမတွေရဲ့ ကျင့်ဝတ်ငါးပါးကိုပဲ ပြောချင်းပါတယ်။ဒါယိကာဒါယိကာမတွေအနေနဲ့ရဟန်းသံဃာတော်များအပေါ်မှာ
    ၁။မေတ္တာနဲ့ယှဉ်တဲ့ကာယကံမှုကိုပြုခြင်း
    ၂။မေတ္တာနဲ့ယှဉ်တဲ့ဝစီကံမှုကိုပြုခြင်း
    ၃။မေတ္တာနဲ့ယှဉ်တဲ့မနောကံမှုကိုပြုခြင်း
    ၄။အလောဘတံခါးကိုဖွင့်ထားခြင်း(အလိုရှိသည့်အခါအလှူခံဖို့ဖိတ်ကြားခြင်း)
    ၅။ဆွမ်းစတဲ့ အာမိသတို့ကို ပေးလှူခြင်း ဆိုတဲ့ အချက်ငါးချက်နဲ့အညီ နေထိုင်ကျင့်သုံးဖို့ ဟောကြားထားပါတယ်။ ဒါယိကာဒါယိကာမများ အနေနဲ့ ဒီကျင့်ဝတ်နဲ့အညီ ကျင့်ကြံနေထိုင်နိုင်မယ်ဆိုရင်လည်း ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ ဒီငါးပါးမှာ အဓိကကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကျေးဇူးတရား များများရှိလေ အဲဒီရဟန်းသံဃာတော်ကို မေတ္တာများများ ပို့ပေးလေဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ နောက် တတ်နိုင်သမျှ ကျေဇူးရှင် ရဟန်းသံဃာတော်တို့ လိုအပ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုင်ရာ ပစ္စည်းအာမိသများကို ပေးလှူပေးနေခြင်းဟာလည်း ကျေးဇူးဆပ်တာပဲဖြစ်ပါတယ်။

    ဗုဒ္ဓလက်ထပ်တော် အခါက မာတိကာမာတာဆိုတဲ့ ဒါယိကာမကြီးတစ်ယောက်ဟာ ရွာကိုတရားအားထုတ်ဖို့ ကြွလာတဲ့ ရဟန်းတော်များအထံက ကမ္မဋ္ဌာန်းတရားကို အားထုတ်ပြီး အနာဂါမ်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတော်များကတော့ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဒီလို သူ့ရဟန်းများ တရားမရတာဟာ ဘာကြောင့်ဆိုတာသိတဲ့ ဒကာမကြီးက ရဟန်းတော်များနဲ့ သင့်တော်မယ့် ဆွမ်းအာဟာရ စတဲ့လိုအပ်ရာရာတွေကို စီမံဖန်တီး လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီလို ဒကာမကြီးရဲ့ စီမံဖန်တီးမှုကို ခံယူပြီး ရဟန်းတော်များဟာ တရားကို ကြိုးစားအားထုတ်လိုက်တာ တစ်ပါးပြီးတစ်ပါး တရားရသွားခဲ့ပါတယ်။ မာတိကာမာတာ ဒါယိကာမကြီးဟာ ရဟန်းတော်များရဲ့ ကမ္မဋ္ဌာန်းတရား ပြသမှုကျေးဇူးကို ကိုယ်ကိုယ်တိုင် လက်တွေ့တရားအားထုတ်ခြင်း၊ ရဟန်းတော်များ လိုအပ်တဲ့ ဆွမ်းအစရှိတဲ့ အာမိသကို လှူဒါန်းထောက်ပံ့ပေးခြင်းနဲ့ ပြန်ပြီးကျေးဇူးဆပ်ကာ ရဟန်းတော်များကို တရားရသွားစေခဲ့ပါတယ်။ ဒါကိုကြည့်ရင် ဒါကာဒါကာမများ အနေနဲ့ ရဟန်းတော်များအပေါ် လိုအပ်တဲ့ အာမိသဝတ္ထုများ လှူဒါန်းထောက်ပံ့ ပေးနေတာဟာလည်း ကျေးဇူးရှင်ကို ကျေးဇူးဆပ်နေရာ ရောက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ကျင့်မယ်၊ မေတ္တာလည်းပွားမယ်၊ အာမိသလည်း ထားမယ်ဆိုရင် လူတွေအနေနဲ့ ရဟန်းတော်များရဲ့ကျေးဇူးတရားကိုအထိုက်အလျောက်ဆပ်နေတာအမှန်ပဲဖြစ်ပါတယ်။

    ဆိုလိုတာက ဒါယိကာဒါယိကာမတို့အပေါ် ကျေးဇူးများတဲ့ ရဟန်းသံဃာတော်များအား ကျေးဇူးဆပ်မယ်ဆိုရင် အဲဒီရဟန်းတော်များ သင်ကြားဟောကြားပေးတဲ့အတိုင်း လိုက်နာကျင့်သုံးနေထိုင်ခြင်း၊ ကျေးဇူးရှင် ရဟန်းတော်များကို မေတ္တာများများ ပို့သပေးခြင်း၊ အကြောင်းတိုက်ဆိုင်လို့ လက်တွေ့ကြုံဆုံခွင့်ရရင် မေတ္တာနဲ့ယှဉ်တဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေနဲ့ ပြုစုလုပ်ကျွေးခြင်း၊ ကျေးဇူးရှင် ရဟန်းသံဃာတော်များအား လိုအပ်တဲ့ ဆွမ်းစတဲ့ အာမိသများကို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်း စတဲ့နည်းတွေနဲ့ ကျေးဇူးဆပ်နိုင်ပါတယ်။ ကျေးဇူးများရင်များသလို တစ်ပါးချင်းပဲ ဖြစ်ဖြစ် အားလုံးကို ခြုံပြီးပဲ ဖြစ်ဖြစ် အကောင်းဆုံး ကျေးဇူးဆပ်နည်းကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားလည်းကျင့်မယ်၊ မေတ္တာလည်း ပို့သပေးမယ်ဆိုရင် ဒါဟာ အကောင်းဆုံး ကျေးဇူးဆပ်နည်းပဲ ဖြစ်ပါတယ်။ ပစ္စည်းလေးပါးနဲ့ လိုအပ်ရင် လိုအပ်သလို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြင့်လည်း အာမိသနဲ့ ကျေးဇူးဆပ်နိုင်သလို ရဟန်းတော်များ တရားဓမ္မ အားထုတ်နိုင်ဖို့ ထောက်ပံ့ကူညီပေးခြင်း၊ တရားဓမ္မ ဆွေးနွေးပေးခြင်းဖြင့်လည်းဓမ္မနဲ့အညီကျေးဇူးဆပ်နိုင်မှာဖြစ်ပါတယ်။

    ဒါကြောင့် ကျေးဇူးတွေများလွန်းလို့ ကျေးဇူးဆပ်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ဒါယိကာဒါယိကာမတို့ကို တရားနဲ့အညီ ကျေးဇူးဆပ်နိုင်ဖို့ စာကြည်တိုက်တွေကို တည်းထောင်ပေးချင်းဖြစ်ပါတယ်။

    အားလုံးကိုစိတ်နှစ်ပါးရွှင်လမ်းကျပါစေ။

    ဖျာပုံ နဒီ

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။