Monday 7 May 2012

အညတရ မိန်းမ နောက်ဆုံး (အပိုင်း)


ငယ်ရွယ်စဉ်မှာ မိဘတွေရဲ့စကားကို တဗျစ်တောက်တောက်နိုင်လွန်းတယ်လို့ ထင်ခဲ့တယ်။
တစ်နေ့မှာ.. ကျောင်းဖတ်စာအုပ်ကိုဖွင့်တော့ စာအုပ်ကြားမှာ စာရွက်လေးတစ်ရွက် ညှပ်နေတာကိုတွေ့တယ်။
စာမှာရေးထားတာက...

"
သမီး... မေမေ အသက်ကြီးပြီ။
တီဗီကြည့်တဲ့အချိန် ဘယ်လိုင်းကိုကြည့်နေမှန်း မမှတ်မိဘူး။
ပြောချင်တဲ့စကားတစ်ခွန်းကိုလည်း ထပ်တလဲလဲ ပြောနေမိတတ်တယ်။
ဒီလိုမေးမိတဲ့အခါ.. ဒီလိုပြောမိတဲ့အခါ စိတ်ရှည်သည်းခံပေးပါ သမီး
သမီးငယ်ငယ်တုန်းက ဘာမှနားမလည်လို့ မေမေကို ထပ်ခါတလဲလဲမေးတဲ့အခါ
မေမေ စိတ်ရှည်လက်ရှည် ပြောပြ၊ သင်ပြပေးခဲ့ဖူးသလိုပေါ့...."
အဲဒီနေ့က ကျောင်းတက်နေရင်းက သူမမျက်ရည်တွေ အတားအဆီးမဲ့ စီးဆင်းခဲ့တယ်။
.
ကြီးပြင်းရာလမ်းတလျောက်မှာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ဘဝရဲ့မြေသြဇာပါ... ဘဝတစ်ခု ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းရှင်သန်ဖို့ ဒီမြေသြဇာတွေက မရှိမဖြစ်လိုအပ်ပါတယ်...
သူမပါးစပ်က တီတိုးရေရွတ်သံတောင် ထွက်လာတယ်။ကျိုးတာကကျိုး၊ပဲ့တာကပဲ့ ဖြစ်နေပေမယ့် ကိုးဆယ်ကိုးသော မှတ်တိုင်လေးတွေ ကတော့ လမ်းဘေးမှာ အထင်အရှားရှိနေပါသေးတယ်။ခုလတ်တလော့ လေးကမှ သူမစိုက်ထူလိုက်တဲ့ မှတ်တိုင်လေးတစ်ခုကလွှဲရင် ခုလတ်တလော လေးကမှ သူမစိုက်လိုက်တဲ့ မှတ်တိုင်းလေးတစ်ခုကလွဲရင်၊ကျန်တဲ့ ၉၉ခုသောမှတ်တိုင်းလေးတွေ အားလုံးဟာ အိုမင်းဟောင်းနွမ်းနေကြပါပြီ။
ဒီမှတ်တိုင်းလေးတွေဟာ အိုလမ်ပတ်တောင်ခြေက ကျောက်ဖြူသားတိုင်းလုံးကြီးတွေလို ခန့်ညားထည်ဝါမှုမရှိပါဘူး။အနုပညာလည်း မဆန်ပါဘူး။သာမာန်ကျောက်တိုင်ကလေးတွေပါ။သူမကိုတိုင်လုပ်ပြီး သူမကိုယ်တိုင်စိုက်ထူထားခဲ့တဲ့ သာမာန်ကျောက်တိုင်ကလေးတွေပါ။
စမ်းချောင်းလေးနံဘေးမှာ သူတစ်ယောက်တည်းရပ်ရင်း မှတ်တိုင်ကလေးကိုးဆယ်ကိုးကို ငေးကြည်နေမိတယ်။အခုတော့လည်း သူမတစ်ယောက်တည်းပါ။အစကတော့ တစ်ယောက်တည်း ဘယ်ဟုတ်မလဲ။အဖော်တွေ အများကြီးနဲ့ပေါ့။ခရီးအစမှာ သူမနဲ့အတူလိုက်ပါခဲ့သူ အချို့ဟာ ချောက်ကမ်းပါးထဲကျသွားရာက ပြန်တက်မလာနိုင်ရှာကြတော့ဘူး။တချို့ကတော့ တောင်ပြိုရာမှာပါသွား ကျောက်တုံးတွေမြေကြီးတွေအောက်မှာ နစ်မြုပ်ကွယ် ပျောက်သွားခဲ့ကြရှာတယ်။တချို့ကတော့ ချွေးတစ်စက်၊သွေးတစ်စက်လောက်ထွက်တာနဲ နောက်ပြန်လှည့်သွားခဲ့ကြတယ်။
အခုတော့လည်း သူမတစ်ယောက်တည်းပါပဲ။ကမ္ဘာကြီးထဲမှာ တစ်ယောက်တည်းပါပဲ။တစ်ကိုယ်တော်ခရီးသည်ကြီးလေ။လမ်းဆုံးမသိတဲ့တောကြီးမျက်မည်ထဲမှာ သူမတစ်ယောက်တည်းပါ။သူမအိုခဲ့ပါပြီ။တုန့်ချည့်ုတုန့်ချည့်လည်း ဖြစ်နေပါပြီ။ထိုအပြင် ဒုက္ခိတဘ၀ကိုလည်း ရောက်ခဲ့ပါပြီ။ချိုင်းထောင်ပေါ်မှာ လုံးဝမှီခို အားထားနေရတဲ့ ဒုက္ခိတ အဘွားအိုဖြစ်နေပါပြီ။
မှန်ပါတယ် သူမဟာ ဒုက္ခိတလည်းဖြစ် အဘွားအိုလည်းဖြစ်နေပါပြီ။ထိုမှာ တစ်ပါး ဇရာကိုလည်း သူမ မမှုပါဘူး။ဗျာတိကိုလည်း သူမ အရှုံးမပေးပါဘူး။မရဏဆိုတဲ့ သေခြင်းတရားကိုတောင် မကြောက်မရွံ့ ရင်ဆိုင်နိုင်သူ သူမဟာ ဘယ်အရာကိုမှာ ကြောက်ပါတော့မလဲ။
သူမဟာ ခရီးသည် ဖြစ်တယ်ဆိုတဲ့ တရားကို လက်ကိုင်ထားတဲ့ အချက်က ပြောင်းလဲသွားတာ မဟုတ်လေတော့ သူမခရီးဆက်ရဦးမှာပဲ။ချိုင်းထောက်နဲ့တောင် ထော့ကျိုးမသွားနိုင်တဲ့အခါ လေးဖက်တွားပြီးဖြစ်စေ၊ဖင်ဒရွတ်တွန်းပြီးဖြစ်စေ၊သူမသွားမေရမှာပဲ၊သူမက ခရီးသည် ပေးကိုး။ဗဟုသုတရှာမီးဖို့၊အမှန်တရားကို၊သစ္စာတရားရှာဖို့ သူမခရီးဆက်သွားရအုံးမှာပေါ့။
ကြောက်ရွံ့နောက်တွန့်နေလိုဘယ်ဖြစ်မလဲ။
ပြီးခဲ့တဲ့ ခရီးတစ်လျှောက်လုံး သူမင်္တေဝေငေးမောခြင်းမရှိ၊ကြောက်ရွံ့နောက်တွန့်ခြင်းမရှိ၊သူမသွားခဲ့တာပဲ မဟုတ်လား။သူမက လမ်းညွှန်မရှိတဲ့ ခရီးသွားမှ မဟုတ်တာ။ဘာကြောက်စရာရှိမလဲ။
သူမလမ်း သူမသိတယ်လေ။လွယ်လွယ်လေးပါ။ဘာမှ မခက်ပါဘူး။သူမရှေ့က သွားနှင့်ကြတဲ့ ခရီးသွားတွေ စိုက်ထူးသွားတဲ့ လမ်းပြမှတ်တိုင်လေးတွေကြည့်ပြီး လိုက်ခဲ့ရုံးပါပဲ။အဲဒီလောက်ထိ လွယ်ကူတာပါ။ ရှေ့ကသွားနှင့်ကြတဲ့ အစ်မတွေ အစ်ကိုတော်ခရီးသည်ကြီးများကို ကျေးဇူးတင်စရာပါ။
အခု သူ့အလှည့်ကျတော့ သူလည်း သူမနောက်က ဆက်ပြီးလိုက် ပါလာကြမယ့် ခရီးသွားများလွယ်ကူချောမောစွာ သွားနိုင်စေဖို့ လမ်းပြ မှတ်တိုင်ကလေးတွေ စိုက်ထူလာခဲ့ပါတယ်။လေးဆယ်၊ငါးဆယ်ကနေဟောအခု ကိုးဆယ်ကိုးခုမြောက်မှတ်တိုင်ကလေး စိုက်ထူလိုက်ပြီးလေ။ နောက်ဆုံးမှတ်တိုင် ကလေးဖြစ်ချင်းလည်းဖြစ်မှာပေါ့။မြတ်စွာဘုရားဘုရား သခင်မှပဲ သိနိုင်မယ်။
သိတာ မသိတာ သူကလည်း သိပ်အရေးထားလှတာမဟုတ်ပါဘူး။သူမအရေးထားတဲ့ တစ်ခုတည်းသောအရာက သူမနောက်က လိုက်လာကြမယ် ခရီးသွားများ လမ်းမမှားဖို့၊ချောချောမောမောနဲ့ အဆင်ပြေစေဖို့ အတွက် လမ်းပြမှတ်တိုင်လေး စိုက်ထူပေးခဲ့ပြီဆိုတာသာဖြစ်တယ်။
သူမရှေ့က ခရီးသွားတွေက လမ်းပြမှတ်တိုင်းကလေးတွေ စိုက်ထူထားခဲ့လို့ သူမခရီးရှည်ကြီးကို ချောချောမောမော လျှောက်လှမ်းလာနိုင်ခဲ့တယ်။သူမအလှည့်မှာ သူမလည်မှတ်တိုင်ကလေးတွေ စိုက်ထူးထားနိုင်ခဲ့တယ်။
လူဘ၀ရဲ့ အနှစ်သာရဆိုတာ ဒါပဲ မဟုတ်ပါလား။
ကိုယ့်ရှေ့က လူတွေခင်းတဲ့လမ်းကို ကိုယ်တက်စွမ်းသမျှလေးတော့ လုပ်ဆောင်ပေးသွားရမှာပေါ့။လူလို့သတ်မှတ်နိုင်မယ်လေ။သူရဲကောင်းတွေ၊မဟာလူသားတွေက ဧရာမမြို့ကြီးရဲ့ ကျက်သရေကို ဆောင်ဖို့ကျောက်ဖြူတိုင်လုံးင်္ကြီးတွေ စိုက်ထူပေးခဲ့ကြတယ်။နောက်လူတွေက ရောမယဉ်ကျေးမှုကြီးကို ရင်သပ်ရှုမောတအံ့တသြဖြစ်ခဲ့ကြရတယ်။
သူရဲကောင်းတွေ မဟာလူသားတွေကို ကျေးဇူးတင်ပါတယ်။ဒါပင်မယ့် လမ်းဘေးတစ်လျှောက်က မထင်မရှား လမ်ပြမှတ်တိုင်လေးတွေ စိုက်ထူးထားခဲ့ကြတဲ့ မထင်မရှား အညတရ မိန်းမများရဲ့ စွမ်းဆောင်ချက်တွေဟာလည်း အရေးမပါ အရာမရောက်တဲ့ဟာတွေလို့ မဆိုနိုင်ပါဘူး။
အညတရ တိုင်းဟာ တန်းဖိုးကြီးပါတယ်။

ဖျာပုံ နဒီ

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။