Wednesday 10 October 2012

မိုး

နေလုံးကြီးကလင်းလိုက်မှိန်လိုက်
မိုးစက်ကလေးတွေရဲ့
အငွေ့အသက်တချို့နမ်းရှိုက်
အလွမ်းတွေရောယှက်နေတဲ့
ဆည်းဆာမှာ
သစ်ရွက်ကလေးတွေမြေပေါ်ဝေ့၀ဲလို့
စိုစွတ်တဲ့ဒီလိုမိုးတစ်ညမှာ
ငါ့နှလုံးသားလေးကရှက်ရှက်နဲ့
သီချင်းဟောင်းလေးတိုးတိုးညည်းမိ
မိုး      တဲ့

မိုးရိပ်တိမ်ညိုတမ်မည်းတွေတလိပ်လိပ်နဲ့
လေပြေလေညှင်းကလေးအဝှေ့
ဒီအချိန်လေးပဲ
မိုးစက်ကလေးတွေအောက်မှာ
မိုးရဲ့ပုံရပ်တချို့ပြန်တမ်းတရင်း
တစ်ယောက်တည်း မိုးထဲ
သတိတရလွမ်းဆွတ်နေလိုက်မိတာ
ငါ့အတွေးကမိုင်တွေဝေးကွာလို့
ဒီမိုးနေ့တွေမှာ
ငါတကယ်ကိုလွမ်းနေခဲ့မိပါတယ် မိုး..........ရယ်။
ရန်ငြိမ်းသူ......9.10.2012

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။