ဦးဇင်းနဲ့ စိတ်တူးကိုယ်တူး သဘောတူးတဲ့ သံဃာတော်တွေထဲက အမှတ်တရရှိဆုံး သံဃာတော်က အရှင်နေမိန္ဒနှင့်အရှင်ပညာသီရီတို့လို့သံဃာတော်တွေကတော့သိပ်ပြီးထူးခြားတယ်လို့ပြောရမှာပါပဲ အရှင်နေမီန္ဒကို ဦးဇင်း ၂၀၀၇ခုနှစ်ရွှေဝ့ရောင်တော်လှန်ရေကြီးကနေ စတင်သိရှိခဲ့ရတာပါ ၂၀၀၇ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့မှဖွဲ့စည်းတည်းထောင်ခဲ့မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ ပြန်ကြားရေးတာဝန့်ကို ပေးအပ်တဲ့ အချိန်မှာ သူပြောခဲ့တာက ဦးဇင်းတို့က ပြည်သူဘုန်းကြီးတွေဖြစ်တယ် ပြည်သူကကြွေးတဲ့ ဆွမ်းကိုစားပြီး ပြည်သူအတွက် ဒီနေကစလို့ တက်နိုင်တဲ့ ဘက်ကနေ့ ပြည်သူကိုယ် အကျိုးပြုတဲ့ လုပ်ငန်းတွေ ပြည်သူအတွက် ဖြစ်စေရမယ် ဆိုတဲ့ စကားဟာ ဦးဇင်းနှင့် သူအတွက် လက်တွဲဖော် အာဇာနည်းတစ်ပါးလို့ယုံကြည်ပါတယ် အခုတော့ သူဟာပြည် အတွက် အလုပ်လုပ်ရင် ထိုင်မြန်မာနယ်စပ်တစ်နေရာကို ရောက်ရှိပြီး ပြည်သူ အကျိုး သာသနာအကျိုး နိုင်ငံအတွက်အကျိုးပြုလုပ်ငန်းတွေကို နေစဉ်နဲ့အမျှဆောင်နေပါတယ်။ နောက်တစ်ပါးကတော့ စစ်အာဏာရှင်လက်အောက်ကနေ့ ထွက်ပြေးလွတ်မြောက်လာတဲ့ အရှင်ပညာသီရီပါ သူကတော့ မန္တလေးတိုင်း ပြည်ကြီးတံခွန်းမြို့နယ် တမာတန်းရပ်ကွက် မဟာကိုးဆူးတိုက် ပညာရတနာကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော် အရှင်ပညသီရိပါ သူက ၂၀၀၀ခုနှစ်မှဦးဇင်းမန္တလေးမြို့မှနေစဉ်သူနဲ့ခင်မင်ခဲ့ပါတယ်။အခုတော့သူဟာရဲ့ဘက်စခန်းကနေ့ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အိန္ဒိယနိုင်ငံ နယူဒေလီကို ရောက်နေပါပြီး လုပ်ဖော်ကိုင်ဘက် သံဃာတွေပြန်တွေကြတော့ ၀မ်းနည်းဝမ်းသာဖြစ်ကြပြီးကိုယ်တက်နိုင်တဲ့ ဘက်ကနေ့ ပြည်သူအတွက် အလုပ်လုပ်နေကြပါတယ် သူရဲ့ စိတ်ထားကတော့ အမတန်းမှရိုသားပြီး ဖြူစဉ်တဲ့ စိတ်နှစ်လုံးရှိတယ် ပြောရပါမယ် ဆိုရင် သူဟာ ဦးဇင်းအတွက် မရှိမဖြစ်တဲ့ မိတ်ဆွေကောင်း သံဃာတစ်ပါးပါပဲ၊ဦးဇင်းနဲ့ပတ်သတ်လာရင်အမြဲတန်းရှေ့တန်းကမားမားမက်မက်ရပ်တည်းပေးခဲ့ပါတယ် သူရဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ လုပ်ဆောင်ချက်တွေကို အမြဲလေးစားရပါတယ် သူဟာလဲ ဦးဇင်းအတွက် မရှိမဖြစ်တဲ့ သံဃာ့မိတ်ဆွေတစ်ပါးပါပဲ။
နောက်ထပ်တစ်ပါးရှိပါသေးတယ် သူကတော့ မော်လမြိုင်အကျဉ်းထောင်မှာ ပျံတော်မှုသွားတဲ့ ဆရာတော် ပါ ဦးဇင်းဘ၀ရဲရှေ့ဆောင်လမ်း ဖြစ်နေတော့ဦးဇင်းအသိုင်းဝန်းနဲ့ အလွန်ရင်းနှီးပြီး ကြည်ညိုတဲ့ ဘုန်းကြီးတပါး ဖြစ်နေလို့ပိုကြေကွဲရပါတယ်။
သူနဲ့ဦးဇင်းသူငယ်ချင်းက သီးခြား{၁}တိုက်မှာ အတူတူနေတာ၂ နှစ်ကျော်တယ်။ ဆရာတော်ကအခန်း အောက်ထပ် ...။ဦးဇင်းမိတ်ဆွေကကအပေါ်ထပ်အခန်းနေတယ်။ဆရာတော်ကို ပိုပြီး လေးစားတာက တိုင်းမှုး ကခေါ်တွေ့တယ်အခါ။”ထောင်ကလွတ်ရင် ဘာလုပ်မလဲ၊။ ဘုန်းကြီးပဲ ပြန်ဝတ်ပါလား၊ ပစ္စည်းလေးပါးအပြင် လိုတဲ့အကူညီတွေပေးမယ်။နိုင်ငံရေးမလုပ်နဲ့ပြောတော့ ..ဆရာတော်ဦးနေမိန္ဒက ”တကာကြီးလည်း တိုင်းမှုး စစ်သား မလုပ်နဲ့။ဘုန်းကြီးလည်းနိုင်ငံရေးမလုပ်ဘူး”လို့ပြောပြီးပြန်လာခဲ့တယ်။
ဆရာတော်ကို ကြည်ညိုတာက စာချဆရာတော် ဘုန်းကြီဖြစ်နေလို့ပဲ။မွန်ပြည်နယ် မော်လမြိုင်မှာ တိုင်းမှုးအဆင့်ဆင့် ကိုးကွယ်တဲ့ ရွှေတောင်ကျောင်း ဆရာတော် ဦးဝိမလ က ဆရာတော်ဆီ ဝန်ထမ်းကို လွှတ်ပြီး စာသင်ရတယ်။မော်လမြိုင်အကျဉ်းထောင်ကို ထောင်ပိုင်ကြီး ဦးသက်ရှည် ပြောင်းလာပြီး တပတ်မှာ ထောင်ပိုင်ကြီး လှည့်လည် စစ်ဆေးတယ်။ထောင်ပိုင်ကြီးက"ဘာတင်ပြစရာရှိလဲ"လို့မေးတော့ဘာမှ မရှိဘူးလို့ပဲ " ပြောကြတယ်။ တင်ပြလည်း ဘာမှ မဖြစ်လာဘူး။
သူ့ အခန်းရှေ့ကို ရောက်တော့ ထုံးစံအတိုင်း ..” နေကောင်းလား၊ ဘာလုပ်ပေးရမလဲ၊တင်ပြပါ ။လုပ်ပေးလို့ နိုင်တာတွေ လုပ်ပေးမယ်”လို့ပြောတော့ဘုန်းဘုန်းက..”မနက်အာရုံဆွမ်းပေးဖို့”တင်ပြတယ်။
”အဲဒါကတော့ ထောင်အာဏာပိုင်တွေနဲ့ နားလည်မှု့လုပ်ပြီး ယူ ” လို့ ထောင်မှုးကြီးကပြောပါတယ်။
”နားလည်မှု တော့ မလုပ်ဘူး။ နိုင်ငံရေးသမား သိက္ခာကျတယ်။တနပ်ပဲ ဘုန်းပေးမယ်...” လို့ပြန်ပြော လိုက်တယ်။ သူ နေ့လည်ဆွမ်းတနပ်ပဲ ဘုဉ်းပေးတယ်။ ဘယ်သူ့ အထောက်အပံ့ကိုမှ မယူဘူး။
ပထမ တခါ AAPP က ပိုက်ဆံ ၅၀၀၀ ပေးတယ်။ဒုတိယ တခါ ၅၀၀၀ ပေးတယ်။ သူ မယူဘူး။
ဦးဇင်း မိတ်ဆွေတို့က အားလုံးဝိုင်း ပြောတော့ ...”ဘုန်းဘုန်း မယူပါဘူး။ ဒီငွေကိုယူရင် ပေးတဲ့လူနဲ့ ယူလာပေးတဲ့လူကို ကျေးဇူးတင်နေရမယ်။ဘုန်းဘုန်းက ထောင် တစ်ကျွန်းကျထားတယ်။ ပြန်ဆပ်ဖို့မလွယ်ဘူး။ အကြွေးဆိုတာ သံသရာအဆက်ဆက် ပြန်ဆပ်နေရမယ်၊ ဘုန်းဘုန်းဟာ ဘုန်းဘုန်း အပင်တွေစိုက်စားပြီး ထောင်ကလွတ်တဲ့ထိ နေသွားမယ်။ ဒါက စိတ်ချမ်းသာတယ်။” တဲ့။ အဲလို ထူးခြားမြင့်မြတ်တဲ့ ဘုန်းဘုန်းပါ။
ထောင်ထဲမှာ အပင်စိုက်ရတာ လုံးဝ မလွယ်ဘူး။ဦးဇင်း မိတ်ဆွေလည်း အပင်တွေ စိုက်တာပဲ။ စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းလည်းမရှိဘူး။ မြေကြီးကို တူးဖို့ဆိုရင် သွတ်ပြားအမာကို အရင်ချိုးပြီးရင် သွေး၊ သွေးပြီးရင် သံနဲ့ အပေါက် ဖေါက်၊ သစ်သားရှာရသေးတယ်။သစ်မာဆိုရင် တညအိပ် ရေစိမ်ထားရတယ်။ သစ်သားကိုလည်း လက်ကိုင်လို့ရအောင် သွေးရတာပဲ။သွေးပြီးတာနဲ့ သံနဲ့ ၅ပေါက် ဖေါက်ရတယ်။သစ်သားနဲ့ သွတ်ပြားကို သံနဲ့တွဲပြီးရိုက်ထားမှ တူရွင်းပြားတခုရတယ်။ အဲဒါနဲ့ပဲ မြေကြီးကိုတူးရတယ်။ မြေကြီးက မသန့်တော့ လက်၊ခြေ မှာ အနာတွေပေါက်တယ်။အနာပေါက်တော့ ဆေးက မရှိ ကြာလာတော့ရောဂါက တဖြေးဖြေးဆိုးလာတာပေါ့။
သူ့ကို တစ်နှစ် ထောင်ဝင်စာ တစ်ခေါက်ပဲလာတယ်။နိုင်ငံရေးအကျဉ်းသားတွေဟာ ပြည့်စုံတဲ့လူမရှိဘူး။လူ၁၀၀ မှာ ၅ယောက်လောက်ပဲပြည့်စုံတယ်။အဲဒီ ၅ယောက်လည်းပဲ ကြာလာတော့ ထောင်ဝင်စာ အထုပ်က တဖြေးဖြေး သေး သေးလာတယ်။ ပထမတော့ တစ်လ တခေါက်ပုံမှန်၊၂-၃နှစ်ဖြစ်လာတော့ တစ်လခွဲ တစ်ခေါက်၊၄-၅နှစ်လောက်ဆိုတော့ ၃-၄လတခါဖြစ်သွားတာပဲ။
စစ်အာဏာရှင်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူ့မိသားစုတွေကို မတွေ့နိုင်အောင် ထောင်ပြောင်းလိုက်တတ်ကြတယ်။(ဥပမာ -ရန်ကုန်မှာနေတဲ့လူကို ကော့သောင်၊ မြစ်ကြီးနားတို့လိုနေရာကို ပို့ပစ်လိုက်တယ်လေ။)
စာရေးသူမိတ်ဆွေပြောတာကတော့၊ဆရာတော်မှာကဆီးချိုလည်းရှိတယ်ဆိုတော့သေတဲ့အထိဖြစ်သွားပေါ့။
”၁၇.၄.၂၀၀၈-တိုက်ပိတ်ခံအမှတ်တရကဗျာလေးပါ။”
ဆွမ်ဘရာဘွမ်ကိုပို့ပစ်မယ်.....တဲ့။
မနီးလွန်းဘူးလား။
ဆွမ်ဘရာဘွမ်မကလို့
ဒုံးကျည်ထဲထည့်ပြီးပစ်လည်းရတယ်။
ကျတဲ့အရပ်မှာ
ကျောချစရာအဆင်သင့်
ရေ၊မီး၊ထမင်းအဆင်သင့်ပဲ။
ရေမရှိလည်းအော်လို့ရဲတယ်။
ထမင်းမကောင်းလည်းအော်လို့ရဲတယ်။
မီးမလာရင်သီချင်းအော်ဆိုမယ်။
တွေးချင်တာကိုတွေးပြီး
မီးလာရင်ရေးချင်တာကိုချရေးလိုက်ရုံပဲ။
ရင်ချင်းဆက်မွေးလာတဲ့လူမရှိပေမယ့်
ပုဒ်မအတူတွေရှိတယ်။
အကျဉ်းထောင်ချင်းမတူပေမယ့်
ဘာသာစကားတူသူတွေရှိတယ်။
သိမ်ငယ်တယ်ဆိုတာ
လင်ယူပြီးကိုယ်ဝန်မဆောင်နိုင်တဲ့
မိန်းမတွေရဲ့အလုပ်။
ဟေ့လူ…..
မင်းတို့တွေရဲ့စစ်တလင်းဆိုရင်
ငါ့တို့ရဲ့
ရဲဘော်အသစ်စုဆောင်းရေးနေရာပေါ့။ဆိုတဲ့ ဆရာတော် အရှင်နေမိန္ဒဘ၀ကတော့ ကမ္ဘာမြေပေါ်ကပြောက်သွားပင်မယ် သူရဲ့တန်းဖို့ရှိတဲ့ ယုံကြည်ချက်တွေကတော့ နောင်လာနောင်သား ညီနောင်ရဟန်းတွေ အတွက်အားဆေးတစ်ခွက်ပါပဲ။ဆရာတော်နှင့်စစ်အာဏာရှင်လက်အောက်ကျဆုံးအာဇာနည်အပေါင်းကောင်းရာသုဂတိလာပါစေ။
ကောင်းရာသုဂတိသို့လာရောက်ပါစေ
မှတ်ချက် ဒီကဗျာလေနှင့် ဆရာတော် ဦးနေမိန္ဒအကြောင်းကို အင်တာနက်ကရယူပါတယ်။
ဖျာပုံ နဒီ
0 comments:
Post a Comment