ဦးဇင်း ကြုံခဲ့တွေရတာတွေက အများကြီးပဲ အဲဒီက အတွေအကြုံကတော့ ဒီလိုပါ။ဘင်္ဂလာဒေ့ရှ်-မြန်မာနယ်စပ်ရှိ ကော်ဘတ်ဇားမြို့၏ မှောင်မည်းကျဉ်းမြောင်းသည့် တိုက်ခန်းငယ်တခုတွင် အသက် ၂၃ နှစ်အရွယ် “ဦးဇင်းက သာမန်ရိုးရိုးရဟန်းတော် တပါးဖြစ်ပါတယ်။
ဦးဇင်းက သာမန်ရဟန်းတပါးဖြစ်ပါတယ်။စက်တင်ဘာလအတွင်း ရန်ကုန်မြို့ လမ်းမများပေါ်တွင် ဖြစ်ပွားခဲ့သော သံဃာထုကို ဦးဆောင် ဆန္ဒပြ ချီတက်ရာ၌ ရှေ့ဆုံးတန်းက ဦးဆောင်ပါဝင်ခဲ့သည့် ရဟန်းတပါး ဖြစ်သည်။စက်တင်ဘာလ ၂၂ ရက်နေ့ အဖြစ် အပျက်ကိုတော့ အစဉ်အမြဲ အမှတ်ရနေပါတယ် ဦးဇင်းကြုံတွေ့ခဲ့ရသော ဤအဖြစ်အပျက်ကလည်း မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့တနေ့အဖြစ် မှတ်တမ်းတင် ဖော်ပြခံ ရမည့်ကိစ္စ မျိုးလည်း ဖြစ်သည်။ထိုနေ့က ချီတက်ဆန္ဒပြနေကြသော ရန်ကုန်မြို့ ပြည်လမ်းပေါ် စစ်ကြောင်းကို ဦးဇင်းနှင့် ဦးဆောင်သံဃာများက ဒေါ်အောင်ဆန်း စုကြည် ထိန်းသိမ်းခံထားရာ တက္ကသိုလ်ရိပ်သာလမ်းဘက်သို့ ချိုးကွေ့၍ လမ်းကြောင်းပြောင်းရန် ဆုံးဖြတ်ခဲ့သည်။“ဦးဇင်းတို့ ဖြစ်စေချင်တာက ဦးဇင်းတို့လေးစားမြတ်နိုးရတဲ့ အမျိုးသားခေါင်းဆောင်ကို လူထုတွေ၊ သံဃာတွေနဲ့ တွေ့ဆုံ စေချင်တယ်”ဦးဇင်းနှင့် အခြားဦးဆောင် သံဃာများက လမ်းပိတ်ထားသော လုံထိန်း ရဲများနှင့် အောင်မြင်စွာ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့၍ စစ်ဆေးရေးဂိတ်များပွင့်သွားပြီး။ လူထုပရိသတ်များ၏ လက်ခုပ်သံများလည်း ဆူညံသွားခဲ့ကာ လမ်းထဲသို့ ဖြတ်၍ ငြိမ်းချမ်းစွာ ချီတက်လာနိုင်ခဲ့ပါတယ်။
အချိန်ပိုင်းအတွင်းမှာပင် စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ရောက်ရှိလာခဲ့သည်။ ရဟန်းများက ဆန္ဒပြ စစ်ကြောင်းကို ရပ်လိုက်ကာ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ဘက်သို့ မျက်နှာမူလိုက်ကြသည်။ သံဃာများ၏နောက်တွင် လူထုကလည်း လက်များကို ချိတ်ဆက်ကာ သံဃာများကို ၀န်းရံထားကြသည်။
“ဦးဇင်းတို့ရှေ့မှာတော့ လုံခြုံရေးချထားတဲ့တပ်တွေက သံဒိုင်းတွေနဲ့ ကာပြီး ရပ်နေကြတယ်။ တင်းတင်းမာမာပဲ။ ခြံကိုတော့ ပိတ်ဆို့ထားကြတယ်” “ဦးဇင်းတို့လည်း မေတ္တာ သုတ်စရွတ်တယ်၊ ဦးဇင်းထင်တာတော့ ဒေါ်စုက မေတ္တာသုတ်ရွတ်နေကြတာကို ကြားမယ်ထင်တယ်။ သူ့အိမ်ရှေ့ကို ထွက်လာ ပြီး သံဃာတွေနဲ့ လူထုကို လာနှုတ်ဆက်တယ်။ ဒကာတို့ ဓာတ်ပုံမှာမြင်ရတဲ့အတိုင်းခြံဝမှာ လက်အုပ်ချီလို့ပေါ့၊ လူတွေက စိတ်မထိန်းနိုင်ကြဘူးမျက်ရည်တွေကျပြီး ငိုကြတယ်၊ ဒေါ်အောင်ဆန်းစုကြည် မကြာခင် လွတ်မြောက်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူတွေက ကြွေးကြော်ကြတာပေါ့”
တဒင်္ဂက စိတ်လှုပ်ရှားဖွယ် အထွဋ်အထိပ်ဖြစ်နေခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်များက ဖြင့် ဤသို့ကြုံတောင့်ကြုံခဲ အနေအထားမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု တွေးပင် မတွေးမိခဲ့။ အခုတော့ ရက်ပိုင်းအတွင်း၊ အချိန်တိုအတွင်း အပြောင်းအလဲများ ဖြစ်လာခဲ့သည်။
ဦးဇင်း ကော်ဘတ်ဇာမြို့သို့ရှောင်တိမ်းရောက်သည့်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်အစိုးရ၏ “မြန်မာ့အလင်း” သတင်းစာက ဘုန်းကြီးတုဟု အမည်တပ်ဖော်ပြလာခဲ့ပါတယ်။
သူတို့ပြောနေတဲ့ ရဟန်းတုဆိုတာတွေ ဘာမှန်းတောင် မသိပါဘူး” “ဦးဇင်းဘ၀ တလျှောက်လုံးမှာ ဗုဒ္ဓက သွန်သင်ဆုံးမမှုအတိုင်းပဲ ငြိမ်းချမ်းတဲ့နည်းကိုပဲ ကျင့်ကြံ လာခဲ့တာပါ။ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဆိုတဲ့ ဗုဒ္ဓဘာသာ တာဝန်တွေကို တဘ၀လုံးထမ်းဆောင်ခဲ့ပါတယ် အခုလည်း သာသနာတာဝန့်တွေကို ထိမ်းသိမ်းဆောင်ရောက်နေပါတယ်။
ဦးဇင်းကံကောင်းသည်ဟု ဆိုရမည်။ လုံလုံခြုံခြုံပုန်းအောင်း တိမ်းရှောင်နိုင်ခဲ့ပြီး ဘင်္ဂလာဒေ့နယ်စပ်သို့လည်း လွတ်မြောက်စွာ ထွက်ပြေးလာနိုင်ခဲ့တာပါပဲ။
ရဟန်းတော်များဦးဆောင်သည့် လူထုဆန္ဒပြပွဲများ မဖြစ်မီကာလအထိ ဦးဇင်းဘ၀က ရဟန်းတပါးအဖြစ်သာ ရိုးရိုး ကုတ်ကုတ်ရှိခဲ့ပါတယ်။ ဦးဇင်း အသက် ၈ နှစ်အရွယ်ကပင် ကိုရင်အဖြစ် သာသနာ့ဘောင်အတွင်း ၀င်လာခဲ့သူ ငယ်ဖြူ သံဃာတပါး ဖြစ်ပြီး ဦးဇင်း ဇာတိဖြစ်သော ဧရာဝတီတိုင်း အနောက်ဘက် ဖျာပုံမြို့နယ် ကျုံးပိုင်းတွင် သာသနာ့ဘောင်တွင်းစတင် ၀င်ရောက်ခဲ့ပါတယ်။ ဗုဒ္ဓစာပေများကို မြို့၏နာမည်ကြီးဘုန်းတော်ကြီးကျောင်းတွင် ကိုရင်ဘ၀ နှင့်ဆည်းပူး လေ့လာခဲ့ပြီး အသက် ၁၉ အရွယ်တွင် ပထမကြီးတန်းအောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းတွင် မန္တလေးသို့ကြွလာ ပြီး ဓမ္မာစရိယ စာချဆရာတော်တပါးဖြစ်ရန် ရည်သန်၍ ဗုဒ္ဓစာပေကျမ်းဂန်များကို ဆက်လက်ဆည်းပူးနေခဲ့ပါတယ်။
စက်တင်ဘာလဆန်းပိုင်းတွင် စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့များနှင့် လူရမ်းကားများက မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပခုက္ကူမြို့ တွင် ငြိမ်းချမ်းစွာမေတ္တာသုတ်ရွတ်ဆို ဆန္ဒပြနေသော ရဟန်းတော်များကို အကြမ်းဖက်ဖြိုခွဲ ရိုက်နှက် ဖမ်းဆီးခြင်းများ ဖြစ်လာခဲ့သည်ကို ကြားလာခဲ့ရပြီး။ “ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့နိုင်ငံတခုမှာ ဒီလိုဖြစ်ရတယ်ဆိုတာ ကြားလို့မှ မယုံနိုင်စရာ ဖြစ်ခဲ့ရပါတယ်။
နောက်ပိုင်းတွင် သံဃာ့တပ်ပေါင်းစုဟုခေါ်သော မြေအောက် သံဃာ့အဖွဲ့အစည်း အကြောင်းလည်း ကြားလာရပါတယ်။ ၎င်းအဖွဲ့က အစိုးရတပ်ဖွဲ့များ၏ ရက်စက်စွာစော်ကားကျူးလွန်မှုများ အတွက် ပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့ပြီး မဟုတ်ပါက စစ်အစိုးရအာဏာပိုင်များကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် မှောက်မည်ဟုလည်း ကြေညာခဲ့ကြကြောင်း သတင်းများကိုလည်း ဦးဇင်းကြားနေခဲ့ရပါတယ်။
ဦးဇင်းက သံဃာ့တပ်ပေါင်းစုအဖွဲ့ထဲက မဟုတ်ပါဘူး။ ရေဒီယိုတွေမှာ အင်တာဗျူးလုပ်သွားတဲ့ ရဟန်းတွေနဲ့လည်း တခါမှ မတွေ့ဖူးပါဘူး”ဦးဇင်းတို့၂၀၀၇ခုနှစ် စက်တင်ဘာ၁၉ရက်နေ့ညနေ (၅)နာရီမှာ ဆူးလေးဘုရားတည်းထောင်လိုက်တဲ့ သံဃာကိုယ်စားအလှယ်အဖွဲ့ဝင်တွေဖြစ်ပါတယ်။အဖွဲ့ကတောင်းဆိုသည့်လူထု၏ စားဝတ်နေရေးဒုက္ခများ ဖြေရှင်း ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးရေး အချက်များကို တွေကို ဦးတည်းခဲ့ပါတယ်။
“လူထုနဲ့ သံဃာတွေဆိုတာ ဒကာနဲ့ ဆရာတွေ၊ အပြန်အလှန် အမှီသဟဲပြုနေကြရတာပါ။ လူတွေငတ်နေကြတဲ့အချိန်မှာ ရဟန်းတွေက လည်း ဘယ်လိုနေနိုင်ရက်ပါ့မလဲ” ဦးဇင်းတို့က ဘုရားသားတော်တွေဖြစ်ပါတယ်။ဒါယိကာ၊ဒါယိကာမတွေ အတွက် ပေးဆပ်ခွင့်ရလို့အထူးဝမ်းသာခဲ့ရပါတယ်။
ရန်ကုန်မြို့တွင်း လှည့်လည်ချီတက်ဆန္ဒပြနေကြသည့် စက်တင်ဘာလ ၁၉ ရက် နေ့တွင် သံဃာများကို လူထု ၁၅၀၀၀ ခန့်က စတင်ပူးပေါင်းလာခဲ့သည်။ ၀င်ရောက်ပူးပေါင်းလာသူ အများစုက တက္ကသိုလ်ကျောင်းသားများ ဖြစ်ပါတယ်။ ဆန္ဒပြ ချီတက်ပွဲများကို ငြိမ်းချမ်းစွာဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ဦးဆောင် ကော်မတီတရပ်ဖွဲ့စည်းရန် လိုအပ်လာပြီ ဖြစ်ကြောင်း ဆူးလေးဘုရားမှာ ဦးဇင်းရဲ့ ပထမဆုံးမိန့်ခွန်းမှာ သံဃာနဲ့ပြည်သူကို ဆန္ဒတောင်းခံခဲ့ပါတယ်။သံဃာနှင့်ပြည်သူထောက်ခံမှုရရှိပြီး အဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ဦးဇင်းနှင့် အခြားသောသံဃာများက ဆန္ဒပြနေကြသူများ၏ဆုံရပ်ဖြစ်သည့် ဆူးလေစေတီရင်ပြင်တော်ပေါ်တွင် စုဆုံကြပြီး သံဃာ့ကိုယ်စားလှယ်အဖွဲ့ကို ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး တစ်မြို့နယ်ကို နှစ်ပါးနှုန်းဖြင့် စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ကိုတော့ စုရပ်ဖြစ်တဲ့ ရွှေတိဂုံအရှေ့မုဒ်ကြေးသွန်းဘုရားကြီးမှာ စက်တင်ဘာ ၂၀ရက်နေ့ကဖွဲ့စည်းပေးခဲ့ပါတယ်။
စက်တင်ဘာလ ၂၆ရက်နေ့ရောက်သောအခါ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲမှုများ စတင်လာခဲ့ပြီး သွေးထွက်သံယိုမှုများ နှင့် အတူ အခြေအနေက အန္တရာယ်ရှိလာပါတယ်။တစ်ချို့ရဟန်းအများလည်း ဖမ်းဆီးခံရမည်စိုး၍ ရန်ကုန်မှ စတင်ထွက်ကြပါတယ် ဦးဇင်းကတော့ နေထိုင်းရာကျောင်းတိုက်က ရှောင်ထွက်ပြီး မိတ်ဆွေ ရဟန်းတော် သူငယ်ချင်းတွေရှိကို ထွက်ပြီး စက်တင်ဘာ ၃၀ရက်အထိ ရန်ကုန်လှုပ်ရှားမှုးတွေကို ကျိုးကိုင်လုပ်ဆောင်ခဲ့ပါတယ်။ အ
ဒီနောက်ပိုင်းမှာ ဦးဇင်း သင်္ကန်းချွတ်၊ အရပ်ဝတ်လဲကာ ရန်ကုန်မှ မိုင် ၈၀ အကွာခန့်ရှိ ရွာတရွာသို့ ပြေးလွှား တိမ်းရှောင်ခဲ့ရပါတယ်။ ဤနေရာတွင် အိမ်ထဲမှ မထွက်ဘဲ နှစ်ပတ်ကျော်ကြာ ပုန်းအောင်းနေခဲ့ရသည်။အခြေအနေအရ လူဝတ်လဲထားပေမယ့် သိက္ခာမချ မချရင် သံဃာဘ၀မှာ ရှိပါတယ်။
ဦးဇင်း ပုန်းအောင်းနေစဉ် ဦးဇင်းအတွက် မိတ်ဆွေများနှင့် ထောက်ခံသူများက အစားအသောက်များ ယူလာပေးကြသည်။ သို့သော် ဤသို့ ထောက်ပံ့ကူညီပေးကြသည်ကပင် လွယ်ကူသောကိစ္စမဟုတ်။“ဦးဇင်း အပေါ့အလေးသွားဖို့ ပလတ်စတစ်အိတ်ကို သုံးရတယ်၊ ဦးဇင်းလည်း သိပ်စိုးရိမ်နေတယ်။ ဘာလုပ်လုပ် အိမ်နီးချင်းတွေက ဦးဇင်းရှိနေတယ်၊ ဒီအခန်းထဲမှာ လူရှိနေတယ်ဆိုတာ ရိပ်မိသွားမှာ စိုးရိမ်နေရပါတယ်။ ဦးဇင်းလုံးခြုံမှုကို ယူပေးကြတဲ့ ရခိုင်ပြည် တောင်ကုတ်မြို့နှင့် ဆားပြင်၊ရွာမ၊ ဇီးကွင်း၊ပဒါ၊ကန်ပြင်၊စသည့်ရွှာများကို လူတွေကတော့ ဦးဇင်းဘ၀ရဲ သူရဲကောင်းတွေပါပဲ။
ဦးဇင်းရဲ ရဟန်းဒါယိကာ၊ဒါယိကာမတွေ အိမ်တွေကို အာဏာပိုင်များက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းကြားပါတယ်။သတင်း ကြားခြင်းပဲ ယခုလို့ ပုန်းခိုနေရာ၌ ဆက်လက်၍ မလုံခြုံတော့ကြောင်း ဆုံးဖြတ်လိုက်ပြီး ဦးဇင်းကို အစအစအရာအရာ ကူးညီပေးနေကြတဲ့ သူတွေကို တိုင်းပြည်ပြင်ပ ထွက်မယ်ဆိုပြီး လမ်းချောင်းရွှေခြယ်လုပ်ကိုင်ရပါတယ်။သူတို့ကတော့ ကုန်လမ်းက အရှင်ဘုရား ထွက်လိုမရဘူး ရေးလမ်းကိုပဲ သုံးရမယ်ဆိုပြီး၊ တော်ကုတ်ကနေ့ ဘင်္ဂလာဒေံရှ်နိုင်ငံကို ထွက်မယ် သစ်ဘုတ်တစ်ဆင်ကို ချိပ်ပြီး ဘင်္ဂလာဒေ့ရှ် ပင်လယ်ပြင်ကိုရောက်ရှိခဲ့ပါတယ်။
ကံကောင်းသည်မှာ မှတ်ပုံတင်ကတ်ပြားအတုကို ပြ၍ ပင်လယ်ပြင် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်လာနိုင်ခဲ့ပြီး နယ်စပ်မြို့ တက်ခနာသို့ ဇန္န၀ါရီ ၂၂ ရက်နေ့တွင် ရောက်ခဲ့ပါတယ်။
“ဦးဇင်း အဲဒီကို တခေါက်မှ မရောက်ဘူးတော့ စိုးရိမ်ပါတယ်။၊ ဈေးထဲရောက်လို့ တယ်လီဖုန်းခေါ်တော့ ကိုခိုင်မြတ်ကျော် ဘက်က တာဝန်ယူမယ်လို့ပြောတော့မှ ဦးဇင်းရင်ထဲမှာ ဆို့နေတဲ့ အလုံးကြီး ကျသွားပါတယ်။”အခုတော့
ဦးဇင်းကြောက်ရွံ့စိုးရိမ်စိတ် လျော့ပါးသွားပြီး ဦးဇင်းက အများကြီး ကံကောင်းသည်ဟု ဆိုရမည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးတွင် ဒုက္ခသည်အဖြစ် လျှောက်ထားရန် အစီအစဉ်ရှိကြောင်း၊ နိုင်ငံရေး ခိုလှုံခွင့်ရရန် ဆက်ကြိုးစားမည်ဖြစ်ကြောင်း ပြောပြပြီး ဦးဇင်း ဆုံးဖြတ်ချက်ချပါတယ်။
ဦးဇင်း အတွေကြုံတွေထဲက အမှတ်ရရှိဆုံး ကတော့၂၀၀၆ ခုနှစ်က တောင်တန်း သာသနာပြု ဗဟိုလ် ထောက်ပံ့ရေးအဖွဲ့ အဖွဲ့ တာဝန့်ထန်းဆောင်စဉ်က ချင်ပြည်နယ် မတူးပြီးမြို့လေးကို ရောက်ခဲ့တုန်းက လုပ်ဖော်ကိုင်ဘက် ညီနောင် သာသနာဇာနည်းတွေရဲ့ သာသနာပြု စိတ်ဓါတ်ကို အမှတ်ရဆုံးပါပဲ စိတ်ရှည်သိခံ စွဲသန်း ပြုရန် သာသနာဆိုတဲ့ အတိုင်း ဘာသာအမတူး အယူမတူး သူတို့ရဲ့ နယ်မြေမှ သာသနာပြုနေကြတဲ့ ညီနောင်တွေကို ဆရာတော်ဘုရားကြီး ဦးဥာဏ်ဏိဿရရဲ့ ဆောင်ပုဒ်အတိုင်း ကျင့်ကျန်အားထုတ်နေကျတဲ့ အတွက် ၀မ်းသာပိတီဖြစ်ရပါတယ် ၊ “ဦးဇင်းတို့ကို တိုင်းပြည်နှင့်သာသနာက လေးစားတယ်ဆိုတာ အများကိုအကျိုးပြုလုပ်ငန်းတွေကြောင့်ပဲဖြစ်တယ်၊ ဦးဇင်းကတော့ သာသနာ့ကျေးကျွန်အဖြစ်ခံယူပါရစေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ဦးဇင်းနဲ့ပတ်သတ်သူတွေကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက် အနစ်နာခံတဲ့စိတ် စွန့်လွှတ်တဲ့စိတ်နှင့် အလုပ်လုပ်စေချင်တယ်” ဒီနေ့ရာမှ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒအတိုင်းငါတို့ဖြစ်ရဤလောက၀ယ်၊ဘ၀သမိုင်းမရိုင်းစေရန်စိတ်မန်မချမာနမပါ၊ဒို့စွမ်းရာဖြင့်ဒို့သာသနာဒို့ပြည်ရွာကိုသာယာစေမှုလုလ္လပြုအံ့ ဆိုတဲ့အတိုင်း တောင်တန်းသာသနာပြု ညီနောင်တွေ အားလုံးကို ဤစားစုဖြင့်လေးစားဂုဏ်ပြုအပ်ပါတယ်။
နိဗ္ဗာန်ရောက်ကြောင်တရားများပွားများနိုင်ပါစေ။
ဖျာပုံ နဒီ
0 comments:
Post a Comment