”တရားမျှတ၊ လွတ်လပ်ခြင်းနဲ့ မသွေ
တို့ ပြည်၊ တို့ မြေ
များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဘို့ 
ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့ပြည် တို့ ပြည်၊ တို့ မြေ
ပြည်ထောင်စု အမွေ၊ အမြဲတည်တံ့စေ အဓိဌာန် ပြုပေ၊ ထိန်းသိမ်း စို့ လေ။…”
ကျွန်တော်တို
့မြန်မာနိုင်ငံတော် သီချင်းရဲ့ နိဒါန်း စာသားလေးဘဲ ဖြစ်ပါတယ်။
အနှစ်သာရရှိလှတဲ့၊ ကျွန်တော်တို့ ရဲ့  လွတ်လပ်ရေး တိုက်ပွဲဝင် ဘိုးဘွားတွေ
မျှော်မှန်း ခဲ့တဲ့ ဒီရည်မှန်းချက် ပန်းတိုင်တွေကိုတော့ ဒီနေ့ အထိ
ရောက်ရှိခြင်း မရှိသေးပါဘူး။ ဘိုးဘွားတွေရဲ့ မျှော်မှန်းချက်ကို
မရောက်ရှိသေးတာထက် ပိုဆိုးတာကတော့ ဘိုးဘွားတွေ ပေးခဲ့တဲ့ ပြည်ထောင်စု အမွေ
တည့်တံ့ခိုင်မြဲ နိုင်ရေးဟာ ထိပါးခြိမ်းခြောက် ခံနေရပြီ ဖြစ်ပါတယ်။
ဘိုးဘွားတွေ ပေးခဲ့တဲ့ ပြည်ထောင်စု အမွေအနှစ်ကို နောက်မျိုးဆက်လက်ထဲ
မပေးနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဟာ နုံနဲ မိုက်မဲတဲ့ လူတွေ အဖြစ်
ရာဇဝင်မှာ စာတင်ခံရတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နောက်မျိုးဆက်တွေဟာလဲ
တိုင်းပြည်ပျောက်ရတဲ့ အဖြစ်ဆိုးထဲ သက်ဆင်းရတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်
ဒီစာကို မြန်မာနိုင်ငံသား တိုင်းရင်းသား တယောက်အနေနဲ့  မြန်မာပြည်နဲ့ 
မြန်မာ တိုင်းရင်းသားတွေ ဘက်ကနေ ရပ်တည် ရေးသားခြင်း ဖြစ်ပါတယ်။ ရေးသားရတဲ့
ရည်ရွယ်ချက် ကတော့ တခုထဲ ရှိပါတယ်။ ကျွန်တော်တို့  ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော် ရဲ့ လက်ရှိ တည်ဆဲ နယ်နိမိတ် ကမ္ဘာတည်သရွေ့ 
တည်တံခိုင်မြဲရေး နဲ့  ကျွန်တော်တို့ တိုင်းရင်းသား ညီအကိုတွေ
နိုင်ငံတော်ရဲ့ နယ်နိမိတ် အတွင်းမှာ လုံခြုံအေးချမ်းစွာ မျိုးရိုးစဉ်ဆက်
အခြေချ နေထိုင်သွားနိုင်ရေး ဘဲဖြစ်ပတယ်။
ခုအချိန်မှာ
အားလုံး သိကြတဲ့ အတိုင်း ကျွန်တော်တို့ ဟာ ကိုယ့်မြေ၊ ကိုယ့်ရေမှာ
နေထိုင်ရင်းနဲ့ ခြိမ်းခြောက် ခံနေရပါတယ်။ လက်တလော မငြိမ်သက်မှုတွေ
အတွက်ကတော့ သိပ်ပြီး စိုးရိမ်ပူပန်စရာ မရှိလှဘူးလို့ ထင်ပါတယ်။
ကျွန်တော်တို့  မြန်မာ စစ်တပ် နဲ့  တခြား လုံခြုံရေး တပ်ဖွဲ့ တွေဟာ သာမာန်
အချိန်မှာတောင် ဒီကိစ္စလောက်ကို ကောင်းကောင်း ဖြေရှင်းနိုင်ပါတယ်။ အခုလို
လူထုက အစွမ်းကုန် ထောက်ခံနေတဲ့ အချိန်မှာ ဖြေရှင်းရတာ ပိုလို့ တောင်
လွယ်ကူပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ အခုမှ ထဖြစ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ပြဿနာ
စခဲ့တာ အနှစ်တစ်ရာ တိုင်လုပါပြီ။ နောက်ထပ်လဲ ငါးနှစ် ဆယ်နှစ် အတွင်းမှာ
ဖြေရှင်းနိုင်ဘို့ လမ်း မရှိသေးဘူးလို့ ဘဲ မြင်ပါတယ်။ ကျွန်တော်တို
့မြန်မာတမျိုးသားလုံး တခြား ကိစ္စတွေမှာ ဘယ်လို သဘောကွဲကွဲ ဒီပြည်ထောင်စု
နယ်မြေ တည်တံ့ရေးကိစ္စမှာတော့ တသွေးတည်း၊ တသံတည်း ထာဝစဉ် ညီညွတ်ပြီး
အမြဲမပြတ် သတိရှိရှိ စောင့်ကြည့်နေနိုင်မှ ကျွန်တော်တို့ ရရှိခဲ့တဲ့
ပြည်ထောင်စု အမွေကို နောက်မျိုးဆက်လက်ထဲ မပျက်မယွင်း လက်ဆင့်ကမ်း
ပေးနိုင်မှာ ဖြစ်ပါတယ်။
ပြဿနာရဲ
့ရင်းမြစ်ကတော့ အင်္ဂလိပ်က မြန်မာ တနိုင်ငံလုံးကို သိမ်းပြီး ဗြိတိသျှ
အင်ပါယာထဲ သွတ်သွင်း၊ အိန္ဒိယရဲ့ ပြည်နယ် တခုအဖြစ် သတ်မှတ်အုပ်ချုပ်
လိုက်တာဘဲ ဖြစ်ပါတယ်။ ရာသီဥတု မျှတပြီး နယ်မြေ ကျယ်ဝန်းလှပေမယ့် လူဦးရေ
နဲပါးလှတဲ့ မြန်မာနိုင်ငံဟာ ရှိရင်းစွဲ လူအင်အားနဲ့  အဲဒီအချိန်က ကမ္ဘာ့ 
ဆန်ဈေးကွက်ရဲ့ လိုအပ်ချက်ကို ဘယ်လိုမှ ပြည့်မှီအောင် ထုတ်လုပ်ပေးနိုင်တဲ့
အခြေအနေ မရှိပါဘူး။ အဲဒီလို လိုအပ်နေတဲ့ လူအင်အားကို ဘင်္ဂလားကနေ သွင်းခဲ့ရာက
ဒီပြဿနာ စခဲ့တာဘဲ ဖြစ်ပါတယ်။ ဆန်စပါး အဓိက စိုက်ပျိုးတာက မြစ်ဝကျွန်းပေါ်နဲ
့ရခိုင်ဒေသပါ။ နှစ်နေရာ စလုံးဟာ မူလက လူဦးရေ အလွန်နဲပါတယ်။ ဒါပေမယ့်
မြစ်ဝကျွန်းပေါ် ဒေသဟာ အထက်အညာနဲ့ ဆက်သွယ်ရေး လွယ်ကူတာကြောင့် ဘကြီးတော်
လက်ထက်က စလို့  သီပေါမင်းအထိ အထက်အညာမှာ မငြိမ်မသက် ဖြစ်တိုင်း အညာက လူတွေ
ပြောင်းရွှေ့  အခြေချတာ၊ အင်္ဂလိပ် သိမ်းပြီး နောက်ပိုင်းမှာလဲ ဓါးမဦးချ
မူဝါဒကြောင့် ရေ၊ မိုးမှန်ကန်တဲ့ မြစ်ဝကျွန်းပေါ် ဒေသကို အညာက လူတွေ
ပြောင်းလာတာ၊ မြစ်ဝကျွန်းပေါ် ဒေသဟာ ရခိုင်ထက်စာရင် ဘင်္ဂလားနဲ
့ပိုဝေးတာကြောင့် ဘင်္ဂါလီ ဝင်ရောက်မှု နဲပါးခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်း
ဒေသကတော့ ကုန်းလမ်းနဲ့ ဆက်စပ်တည်ရှိ နေတာကြောင့် ဘင်္ဂါလီ ဝင်ရောက်မှု
များပြားခဲ့ပါတယ်။
ကနဦးကာလတွေမှာတော့
ဘင်္ဂါလီ ဝင်ရောက်မှုတွေဟာ ရာသီချိန်အလိုက် ဝင်ရောက်မှု ပုံစံဘဲ
ဖြစ်ခဲ့ပါတယ်။ ယောက်ျားတွေဘဲ မိုးရာသီ စိုက်ပျိုးချိန်မှာ ဝင်လာပြီးတော့
ဒေသခံ ရခိုင်လယ်ယာများမှာ သီးစားဝင်ရောက် လုပ်ကိုင်ပြီး
ရိတ်သိမ်းပြီးချိန်မှာ ဘင်္ဂလားကို ပြန်သွားကြတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ
မိသားစုများပါ ခေါ်လာပြီး တိုးဝင် အခြေချရင်း အဲဒီအချိန်က ပေါများလှတဲ့
မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင်စိုက်ပျိုး ခဲ့ကြပါတယ်။ ၁၉၃၅ မှာ
မြန်မာနိုင်ငံကို အိန္ဒိယကနေ ခွဲထုတ်ဘို့ ပြင်ဆင်တဲ့ အချိန်မှာတော့ အဲဒီလို
ရွှေ့ ပြောင်းဝင်ရောက်မှု ပေါက်ကွဲချိန် ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို
အိန္ဒိယကနေ ခွဲထုတ်ပြီးရင် အရင်လို အတားအဆီးမဲ့ ဝင်လို
့မရနိုင်တော့ဘူးဆိုပြီး မောင်တော၊ ဘူးသီးတောင် ဒေသမှာ ဘင်္ဂါလီရွာတွေ နေ
့ချင်းညချင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒေါက်တာဘမော်က လူဝင်လူထွက် ဥပဒေ
ပြုလုပ်တားဆီးဘို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂါလီတိုးပွားမှုဟာ ကြောက်ခမန်းလိလိ ဖြစ်လာပြီး
ဒေသခံ ရခိုင်တွေနဲ့ ပဋိပက္ခတွေ ဖြစ်လာတာကြောင့် တားဆီးအရေးယူ နိုင်ဘို့ 
အင်္ဂလိပ်က စုံစမ်းရေး ကော်မရှင် ဖွဲ့ ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်
ဖြစ်လာပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။
ရခိုင်
- ဘင်္ဂါလီ ပြဿနာဟာ ဒုတိယ ကမ္ဘာစစ် အစ အင်္ဂလိပ်တွေ မြန်မာပြည်က ဆုတ်တဲ့
အချိန်မှာဘဲ ပေါက်ကွဲခဲ့ပါတယ်။ စစ်တွေမှာ အရပ်သား ဘင်္ဂါလီတွေနဲ့ အင်္ဂလိပ်တပ်က
စစ်ပြေး အိန္ဒိယ စစ်သားတွေ ပေါင်းပြီး သောင်းကျန်းရာက စခဲ့တာ ဖြစ်ပါတယ်။
စစ်တွေ အရေးပိုင် ICS ဦးကျော်ခိုင် အသတ်ခံလိုက်ရပါတယ်။ ခုချိန်မှာ
ဖြစ်နေတာနဲ့  တူတယ်လို့  ပြောရမှာ ဖြစ်ပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်
ဒေသမှာ ဘင်္ဂါလီတွေ အချိန်းအချက်လုပ်ပြီး ဒေသခံ ရခိုင်ရွာတွေကို စီးနင်း
တိုက်ခိုက်ခဲ့ကြပါတယ်။ မောင်တောဒေသကနေ ဘူးသီးတောင်ဘက် ထွက်ပြေးလို့ မရအောင်
တောင်ကျော်လမ်းကနေ စောင့်တိုက်ပါတယ်။ နောက်ဆုံး အင်္ဂလိပ် ရှိတဲ့ အိန္ဒိယ
(ဘင်္ဂလားဒေ့ရှ်) ဘက်ကို ရခိုင်တွေ လက်လွတ် ထွက်ပြေးရပါတယ်။ အခု
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရခိုင်တွေဟာ အဲဒီ အဆက်အနွယ်တွေပါ။ သူတို့ တွေ
ဘယ်တော့မှ အိမ်မပြန်နိုင်တော့ပါဘူး။ မှတ်တမ်းမှတ်ရာတွေ အတိအကျ ရှိပါတယ်။
ဒုတိယ
ကမ္ဘာစစ် ပြီးတဲ့အချိန်မှာလဲ မောင်တောဒေသက ပျက်သွားခဲ့တဲ့ ရခိုင်ရွာ
တရာကျော်ထဲက ဆယ်ဂဏန်းဘဲ ပြန်လည် ထူထောင် နိုင်ခဲ့ပါတယ်။ မထူထောင်နိုင်တဲ့
ရွာတွေနဲ့ လယ်ယာမြေတွေကတော့ ဘင်္ဂါလီတွေလက်ထဲ ရောက်သွားခဲ့ပါတယ်။ အန္ဒိယရော
မြန်မာပြည်ပါ လွတ်လပ်ရေးရဘို့ ဖြစ်လာတဲ့ အချိန်မှာ ဘူးသီးတောင်၊ မောင်တော
ဒေသကို အဲဒီအချိန်က အရှေ့  ပါကစ္စတန် ( အခု ဘင်္ဂလားဒေ့ရှ်) နဲ့ ပူးပေါင်းဘို
့ လက်နက်ကိုင် သောင်းကျန်းခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာ အစိုးရက
ခပ်လွယ်လွယ်ဘဲ နှိမ်နင်းနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက စစ်ဆင်ရေး လုပ်ခဲ့တဲ့
ဗိုလ်မှူးကြီး စောမြင့် အခုထိ သက်ရှိထင်ရှား ရှိပါသေးတယ်။ မေးမြန်း
မှတ်တမ်း တင်ထားကြပါ။
လွတ်လပ်ရေး
ခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်မှာ ပြည်တွင်း အကျပ်အတည်းနဲ့ နိုင်ငံရေး
အခြေအနေတွေကြောင်း ဘင်္ဂါလီ ခိုးဝင်မှုတွေကို မဟန့် တား နိုင်ခဲ့ပါဘူး။ အခု
ကျယ်လောင်နေတဲ့ ” ရိုဟင်ဂျာ ” ဆိုတာဟာ အဲဒီ ကာလကမှ စပေါ်ခဲ့တဲ့ အခေါ်အဝေါ်ပါ။
၁၉၆၂ စစ်တပ် အာဏာ သိမ်းပြီး နောက်မှာလဲ မတားဆီးနိုင်ဘဲ ရှိနေခဲ့ရာက
ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲကာလမှာ စစ်ပြေး ဒုက္ခသည် အများအပြား
ဝင်ရောက်လာပါတယ်။ အဲဒီတုန်းက ပါကစ္စတန် တပ်တွေနဲ့  ဘင်္ဂလားတွေ တိုက်ကြရာက
ဘင်္ဂါလီ စစ်ပြေး ဒုက္ခသည်တွေဟာ မြန်မာ နဲ့ အိန္ဒိယဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။
အဲဒီလို ဝင်ပြေးလာတဲ့ ဒဏ်ကို အိန္ဒိယက မခံနိုင်လို့ နောက်ဆုံးမှာ သူ
့တပ်တွေကို လွှတ်၊ ပါကစ္စတန်တွေကို တိုက်ပြီး မြန်မြန် စစ်ပြီးအောင်
လုပ်လိုက် ရပါတယ်။ မြန်မာနိုင်ငံဘက်မှာတော့ အများစု သောင်တင်နေခဲ့ပါတယ်။
၁၉၇၀ ပြည့်လွန် နောက်ပိုင်းနှစ်တွေရောက်တော့ မဆလ က တရားမဝင် ဘင်္ဂါလီတွေကို
ရှင်းထုတ်နိုင်ဘို့ ရခိုင်ပြည်နယ်မှာ နဂါးမင်း စစ်ဆင်ရေး ဆိုပြီး
လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဘက်ဘက်က အားနည်းချက်တွေ ရှိခဲ့ပြီး အထောက်အထား
ခိုင်ခိုင်လုံလုံ မရှိတဲ့ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ် ဘက်ကို
ထွက်ပြေးသွားခဲ့ကြပါတယ်။ ဒါပေမယ့် မဆလ အစိုးရဟာ သံတမန်ရေးဘက်မှာ
ရှုံးနိမ့်ခဲ့ပြီး အဲဒီ ဘင်္ဂါလီတွေကို ဟင်္သာ စီမံချက်နဲ့ ပြန်လက်ခံ
ခဲ့ရပါတယ်။ UN နဲ့  NGO တွေ ပါဝင် ပတ်သက်မှု အစပါ။
၁၉၈၈မှာလဲ
မောင်တောမြို့ ကို စီးနင်းတိုက်ခိုက်ဘို့ ကြိုးစားခဲ့ပေမယ့်
မအောင်မြင်ခဲ့ပါဘူး။ ၁၉၉၀ / ၉၁ နဝတ ခေတ်ဦးပိုင်းမှာ ဘင်္ဂါလီ တွေဟာ နောက်တခါ
ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဒီတခါမှာတော့ မြန်မာနိုင်ငံရဲ့ 
နိုင်ငံရေး အကျပ်အတည်းကြားမှာ ဘင်္ဂါလီ ပြဿနာဟာ ” ရိုဟင်ဂျာ ” ဆိုပြီး
ကမ္ဘာကျော်သွား ပါတော့တယ်။ UN နဲ့  NGO တွေ နက်နက် ရှိုင်းရှိုင်း
ပါဝင်ပတ်သက် လာပြီး အဲဒီ ပြဿနာဟာ အခုထိ မပြီးသေးဘဲ ဟိုတလောက ဘင်္ဂလားဒေ့ရှ်
ဝန်ကြီးချုပ် မြန်မာနိုင်ငံလာတုန်း ဦးသိန်းစိန်နဲ့ တွေ့ ပြီး ပြောသွားတဲ့
ပြန်လည်လက်ခံရေးဆိုတာ အဲဒီလူတွေထဲက ကျန်နေတဲ့ လူတွေပါ။ နစက ဆိုတာလဲ အဲဒီ
၁၉၉၀ / ၉၁ နောက်ပိုင်း ကာလတွေမှာ ပေါ်ပေါက်လာပြီး မောင်တော ဒေသကို
တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တာပါ။ လုပ်ငန်း မကျွမ်းကျင်မှု နဲ့ 
အခြားအားနည်းချက်တွေတော့ ရှိခဲ့ပါတယ်။
အဲဒီလို
ရှည်လျားတဲ့ သမိုင်းကြောင်းဟာ အခုအချိန်မှာ နောက်တခါ ပေါက်ကွဲတာဘဲ
ဖြစ်ပါတယ်။ ဒီတခါ ပေါက်ကွဲတာဟာ ဘယ်လိုနည်းနဲ့ မှ နောက်ဆုံးအကြိမ်တော့
မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ တွေ မှန်မှန်ကန်ကန် မထိန်းချုပ်
နိုင်ဘူးဆိုရင် နောက်ထပ် ပေါက်ကွဲမှုတွေ ဖြစ်နိုင်ပါသေးတယ်။ အဲဒီလို
ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ရင် လူဦးရေ အရ၊ နိုင်ငံတကာ ဆက်ဆံရေး အရ၊ သတင်း
ပြန်ကြားရေး အရ အောက်စည်းရောက်နေတဲ့ ကျွန်တော်တို့ တွေ ပေါက်ကွဲမှု
ဖြစ်တိုင်း နောက်ဆုတ်ရဘို့ ရှိပါတယ်။ ကမ္ဘာကြီးမှာ ခေတ်အခါက
ပြောင်းလဲသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ အနှစ် ၃၀ / ၄၀ ကဆိုရင် သတ်ဖြတ်၊ မီးရှို
့ ပြီး လူတွေကို တခြားတနယ်ကို တွန်းပို့ လိုက်လို့ ရပါတယ်။ ဘာသံမှ
မထွက်ပါဘူး။ တိတ်တိတ်ဆိတ်ဆိတ် ပါဘဲ။ အခုအချိန်မှာတော့ မရတော့ပါဘူး။
ကျွန်တော်တို့ အားလုံးအတွက် နာကျင်စေပေမယ့် လက်ခံရမယ့် ဟာကတော့ အဲဒီ
ဘူးသီးတောင်၊ မောင်တော ဒေသမှာ အများစု ရှိနေတဲ့ ၁သန်းနဲ့  ၂သန်းကြား
ဘင်္ဂါလီတွေကို ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ လို့ မရတော့ဘူး
ဆိုတာဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တတွေ သတိရှိရှိ၊ ပညာပါပါ နဲ့ 
ဘက်ပေါင်းစုံကနေ ကိုင်တွယ်ဖြေရှင်းနိုင်ဘို့ လိုပါတယ်။
ကျွန်တော် မြင်တဲ့ ဖြေရှင်းဘို့ လိုအပ်တာတွေကတော့
- နောက်ထပ် မတရား ဝင်ရောက်မှုတွေ မရှိဘို့ 
- ရှိပြီး ဘင်္ဂါလီတွေ လူဦးရေ တိုးပွားမှုကို ထိန်းချုပ်ဘို့ နဲ့ တခြားနယ်တွေကို ပြန့် မသွားဘို့ 
- နိုင်ငံတကာ သံတမန် ဆက်ဆံရေး နဲ့ သတင်းပြန်ကြားရေး နယ်ပယ် တို့ ဘဲ ဖြစ်ပါတယ်။
နောက်ထပ်
မတရားဝင်ရောက်မှုတွေ မရှိနိုင်ဘို့ ဆိုရင် နယ်စပ်ဒေသမှာ ရခိုင်ရွာတွေ
ခိုင်ခိုင်မာမာ ရှိနေဘို့ လိုပါတယ်။ အဲဒါမှ ခိုးဝင်လာရင် ချက်ချင်းသိပြီး
အရေးယူ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိ ခြံစည်းရိုးကာပြီး နစက
အစောင့်ချထားတာကို ပိုပြီး အင်အားကောင်း ခိုင်ခိုင်မာမာ ဖြစ်အောင် လုပ်ဘို
့လိုပါတယ်။ ခြံစည်းရိုးဟာ တောင် / မြောက် ကိုရီးယား နယ်စပ်က ခြံစည်းရိုးလို
ခိုင်မာဘို့ လိုပြီးတော့ နယ်စပ် ရခိုင်ရွာတွေဟာ အစ္စရေးက ကိဘုရှ် တွေလို
ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် တောင့်တင်းဘို့ လိုပါတယ်။ နစက မှာလဲ အဂတိ
လိုက်စားမှုတွေ မရှိအောင် ဆုပေး၊ ဒဏ်ပေး စနစ်ကို ထိထိရောက်ရောက်
ကျင့်သုံးနိုင်ဘို့ လိုပါတယ်။
လူဦးရေ
တိုးပွားမှုကို ထိန်းချုပ်ဘို့ နဲ့ တခြားနယ်တွေကို ပြန့် မသွားအောင်
ထိန်းသိမ်းနိုင်ဘို့ ကတော့ အိမ်ထောင်စု တခုချင်း လူဦးရေ မှတ်တမ်း အတိအကျ
ထားပြီးတော့ အမြဲတမ်း စစ်ဆေးနေဘို့ လိုပါတယ်။ ဥပဒေ သတ်မှတ်ချက်ပါ အသက်
မပြည့်ဘဲ အိမ်ထောင်ပြုခွင့် မပေးဘို့ ၊ လုံလောက်တဲ့ ဝင်ငွေ မရှိဘဲ မိန်းမ
တယောက်ထက် ပိုမယူဘို့ ၊ တအိမ်ထောင် ကလေးတယောက်ထက် ပိုမယူဘို့ တင်းကျပ်
တားဆီး ထားသင့်ပါတယ်။ တတိယ နိုင်ငံ ထွက်ခွာတာကလွဲပြီး ပြည်တွင်း
တခြားဒေသတွေကို ပြန့် ထွက်မလာနိုင်အောင် ထိန်းချုပ်ထားဘို့ က
အရေးကြီးပါတယ်။ နောက်တခုက အဲဒီ တရားမဝင် ဘင်္ဂါလီတွေနဲ့ နိုင်ငံသားတွေကို
တရားဝင် အိမ်ထောင်ပြုခွင့် လုံးဝမပေးဘဲ အကြောင်းကြောင်းကြောင့်
ကလေးမွေးလာခဲ့ရင်လဲ အဲဒီကလေးကို နိုင်ငံသား မပေးဘို့ ပါဘဲ။ ရက်စက်ရာတော့
ကျပါတယ်။ ဒါပေမယ့် မတတ်နိုင်ပါဘူး။
နိုင်ငံတကာ
ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးကတော့ အရေးအကြီးဆုံးပါဘဲ။ ကိုဆိုဗို နဲ
့ဆူဒန် တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်တို့ လေ့လာ
သင်ခန်းစာယူဘို့ လိုပါတယ်။ အမှုမှန်ပေမယ့် ကမ္ဘာကို လက်ခံအောင်
မလုပ်နိုင်ရင် ရွာပြင်ထုတ် ခံရပါလိမ့်မယ်။ ကျွန်တော်တို့  ခြံကိုလဲ
အပိုင်းပိုင်း အခွဲခံရပါလိမ့်မယ်။ အနောက်အုပ်စုဟာ အရေးအကြီးဆုံးပါဘဲ။ ဒီ
ဘင်္ဂါလီ ကိစ္စမှာ UNSC ငါးနိုင်ငံထဲက US နဲ့  UK ဆီကဘဲ အသံထွက်မယ်ဆိုရင်
အသံထွက်ဘို့ ရှိပါတယ်။ ပြင်သစ်၊ ရုရှား နဲ့ တရုတ်ဆီကတော့ ဘာသံမှ
မထွက်နိုင်ပါဘူး။ UK ကထွက်ချင်ဦးတော့ US က သဘောမတူရင်လဲ ထွက်ဘို
့ခက်ပါတယ်။ ဒီကိစ္စမှာ US က အခရာ ဖြစ်နေပါတယ်။ ကျွန်တော်တို
့ကံကောင်းမယ်ဆိုရင် ကောင်းနိုင်တဲ့ အချက်က US က အခုအချိန်မှာ
မြန်မာနိုင်ငံကို လိုလားနေတဲ့ အချိန် ဖြစ်နေပါတယ်။ နောက်တခါ ကမ္ဘာက
စောင့်ကြည့် နားထောင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ကျွန်တော်တို
့ရထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောစကားဟာ သတင်းမီဒီယာလောကမှာ အတိုင်းအတာ
တခုအထိ သက်ရောက်ပါတယ်။ အနောက်အုပ်စု နိုင်ငံရေးဟာ သတင်းမီဒီယာရဲ့ အာဘော်ကို
ကျော်ဘို့ ခက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကသာ ရိုဟင်ဂျာ ဆိုတာ မရှိဘဲ ဘင်္ဂါလီ
ခိုးဝင်သူများသာ ဖြစ်ကြောင်း၊ အဲဒါကြောင့် တိုင်းရင်းသား / နိုင်ငံသား
အခွင့်အရေး ရမှာ မဟုတ်ဘဲ လူသားချင်း စာနာတဲ့ အနေနဲ့ ယာယီ နေထိုင်ခွင့် ရမှာ
ဖြစ်ကြောင်း၊ ယာယီ နေထိုင်စဉ် အတွင်း စားဝတ်နေရေးနဲ့  အမြဲတန်း အခြေချ
နေထိုင်နိုင်အောင် တတိယ နိုင်ငံများကို ထွက်ခွာနိုင်ဘို့  UN နဲ့  INGO
များက ကူညီဘို့ အကြောင်း ပြောလိုက်ရင် အတိုင်းအတာ တခုအထိ ထိရောက်မယ်လို
့မှန်းပါတယ်။ တချိန်တည်းမှာဘဲ US ကလိုချင်နေတဲ့ မြန်မာနိုင်ငံရဲ
့ပူးပေါင်းဆောင်ရွက်မှုကိုလဲ ကျွန်တော်တို့ ပေးဘို့ လိုပါတယ်။ ဥစ္စာရင်လို
ဥစ္စာရင်ခဲ ပါဘဲ။ ကျွန်တော်တို့ မှာ ရွေးချယ်စရာ များများ မရှိသလို အချိန်လဲ
များများ မရှိပါဘူး။
ကျွန်တော်တို
့မြန်မာနိုင်ငံသားတွေကြားမှာ ကွဲပြားမှုတွေ၊ အငြင်းအခုံတွေ၊ အနာတွေ
ရှိနေဆဲပါဘဲ။ ဒီနေ့  အမျိုးသားရေး ပြဿနာကြီးနဲ့  ကြုံနေရတဲ့ အချိန်မှာ
အများစုက ညီညွတ်နေကြပေမယ့် မကြာခင်မှာ အရင်လိုဘဲ ငြင်းခုံမှုတွေ၊
ကွဲပြားမှုတွေဆီ ပြန်ရောက်သွားမှာပါ။ တခြား အကြောင်းအရာတွေမှာ
ကွဲပြားပေမယ့် ဒီ ဘင်္ဂါလီ အရေးကိစ္စမှာတော့ မြန်မာနိုင်ငံသားအားလုံး လူမျိုး၊
ဘာသာ မခွဲခြားဘဲ ညီညွတ်ကြပါလို့  တိုက်တွန်းချင်ပါတယ်။ နိုင်ငံရေး
သမားတွေဟာ ဒီကိစ္စမှာ အချင်းချင်း ပိုညီညွတ်ပြီး တစိတ်တဝမ်းတည်း ရပ်တည်ဘို
့လိုတယ်လို့ မြင်ပါတယ်။ နိုင်ငံဆိုတာ မရှိတော့ရင် နိုင်ငံရေး အာဏာဆိုတာ
မရှိတော့ပါဘူး ခင်ဗျား။
”ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကမ္ဘာတည်သရွေ့  အဓွန့် ရှည် တည်တံ့ ခိုင်မြဲပါစေ”
https://www.facebook.com/notes/thu-yein-win
0 comments:
Post a Comment