ဦးဇင်
နည်းပညာလောက ကို စတင်ဝင်ရောက်လာချိန်ကတော့
၂၀၀၉ ခုနှစ်လောက်က ဖြစ်မယ်
ထင်တယ်။ သေသေချာချာတော့
မမှတ်မီတော့ပါဘူး။ ဒါပေမယ့်
ဦးဇင်း သေချာ မှတ်မိတဲ့
အချိန်ကတော့ ၂၀၀၇ ခုနှစ်မှာပါ။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ဆိုတာ
မြန်မာနိုင်ငံ သမိုင်းမှာ
မှတ်တိုင် တစ်ခု စိုက်ထူထားတဲ့
ရွှေဝါရောင်တော်လှန်ရေး လို့
ခေါ်ကြတဲ့ ဘုန်းတော်ကြီး
များနှင့် လူငယ်အများစု
ပါဝင်သော အရေးအခင်း တစ်ခု
ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီအချိန်မှာတော့ ဦးဇင်းက
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကြီး၏
အတွင်းရေးမှုးတာဝန်ကိုထန်းဆောင်နေပါပြီး။အဲဒီမှ
ကွန်ပျူတာ အခြေခံကို လေ့လာ
တီးခေါက်မိပြီး ဖြစ်နေသလို
ဘလော့ဂ်ဂါ ဆိုသည့် www.blogger.com
ဝက်ဘ်ဆိုဒ်များ
ပြည်တွင်းမှာ စတင် ခေတ်စားလာချိန်လည်း
ဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ
ဦးဇင်း ကိုယ်တိုင်
ရွှေဝါရောင်တော်လှန်ရေး မှာ
ပါဝင်ခဲ့သူ ဖြစ်ခဲ့သလို
အဲဒီအချိန်ကစပြီး နည်းပညာ
လောကကို ပိုလို စိတ်ဝင်စားခဲ့မိခြင်းလည်း
ဖြစ်ပါတယ်။ဒါတွေကတော့
ဦးဇင်းရဲ့နည်းပညာလောကကို
စတင်ဝင်ရောက်လာခြင်းအစဖြစ်ပါတယ်။
ဖြတ်သန်းလာခဲ့တဲ့
နှစ်တွေ အတွင်းမှာ ပြည်သူ
အကျိုးပြု စာတွေ များစွာ
ရေးသားခဲ့သလို လူငယ်များအတွက်
အကျိုးရှိစေမည့် ဆောင်းပါးများ
ကိုလည်း ရေးသားခဲ့ပါတယ်။
တစ်ချို့ကိုတော့ ပြန်လည်
ရယူနိုင်ခဲ့ ၊ သိမ်းဆည်းနိုင်ခဲ့သော်လည်း
အများစုကိုတော့ သိမ်းဆည်း
ထားနိုင်ခဲ့ခြင်း မရှိတော့ပါဘူး။
ဒါပေမယ့် ယခု အချိန်မှာတော့
လူငယ်တွေ အတွက် အကျိုးပြုစေမည်
ဆောင်းပါးများကို စာအုပ်အဖြစ်
ထုတ်ဝေပြီး လူငယ်များကို
အဓိက အကျိုးပြုစေမည့်
စာအုပ်တစ်အုပ် ဖြစ်စေရန်
အတွက် ကြိုးစားလျက်
ရှိပါကြောင်းနှင့်။
ဟိုးငယ်ငယ်ကတည်းက
ခေါင်းဆောင်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို
ခဏခဏအသင်ခံခဲ့ရဖူးတာပေါ့။မူလတန်းကျောင်းသားဘ၀၊အလယ်တန်းကျောင်းသားဘ၀အထက်တန်းကျောင်းသားဘ၀တွေမှာနိုင်ငံတကာမှာထင်ရှားခဲ့တဲ့ခေါင်းဆောင်များအကြောင်းကိုအသင်ခံခဲ့ရဖူးတယ်ဆိုတာမှတ်မိနေတယ်။
မြန်မာ့သမိုင်း၊ကမ္ဘာသမိုင်းများမှာ ပါတတ်တဲ့ ခေါင်းဆောင်တွေ၊အာဇာနည်တွေရဲ့အကြောင်းဆိုရင်သင်ခန်းစာ မစခင်ကတည်းက ၀တ္တုဖတ်သလို စိတ်ကူးယဉ်ပြီး ဖတ်ပြီးနေပြီ။သခင်အောင်ဆန်းဟာ ဘယ်လိုလူမျိုးလဲ။ဆရာစံဟာ ဘယ်လိုလယ်သမားကြီးမျိုးလဲ။ဆရာတော်ဦးဥတ္တမ၊ဦးဝိစာရတို့ဟာ ဘယ်လိုသာသနာ့အာဇာနည်တွေလဲဆိုတာ ဦးဇင်းတို့ငယ်ငယ်တုန်းကသိပ်ကံကောင်းလွန်းလို့ အသင်ခံခဲ့ရဖူးတာပါလားလို့ အခုအချိန်မှာ တွေးနေမိတယ်။
အနာဂတ်မျိုးဆက်ဟာလူလိမ်ကြီးတွေ၊သူခိုးကြီးတွေ၊ပရမ်းပတာလူတွေအကြောင်းတွေအကြောင်းပဲ အများစုသင်ကြရမှာ။ စံပြုစရာလူဆိုလို့လက်၅ချောင်းထက်ပြည့်မယ်မထင်ဖူးနော်။

မျိုးဆက်တစ်ခုချင်းစီတိုင်းဟာ
သူတို့ခေတ်အခါမှာ အနာဂတ်လူငယ်တွေ
စံပြုအားထားလောက်တဲ့ခေါင်းဆောင်တွေ၊အာဇာနည်တွေကို
ချန်ရစ်ထားခဲ့ဖို့
တာဝန်ရှိတယ်။ဘယ်လောက်ကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်ပါစေ၊ဘယ်လောက်
စွန်လွှတ်တဲ့အာဇာနည်ဖြစ်ပါစေ
သေကြရမှာဆိုပေမယ့်သမိုင်းဟာမသေဘူးမဟုတ်လား။
သူတို့ဟာ သမိုင်းမှာ
ထာဝရရှင်သန်နေတယ်မဟုတ်လား။နောင်လာနောင်သားဆိုတာဟာလည်း
အရေးကြုံရင် ကိုယ့်တိုင်းပြည်က
အာဇာနည်တွေကိုပဲစံပြုပြီးဆုံးဖြတ်သုံးသပ်ဥပမာပြုရတယ်မဟုတ်လား။
စံပြုလောက်တဲ့ခေါင်းဆောင်တွေများများပေါ်ထွက်လေလေ၊ လူတော်တွေ ပိုထွက်လေလေအဲသည့်တိုင်းပြည်ဟာ တိုးတက်ကြီးပွားလေလေပဲ။ ကိုယ့်တိုင်းပြည် မကြီးပွားပဲနောက်ကျ ကျန်ရစ်ခဲ့တာဟာ စံပြုစရာခေါင်းဆောင်တွေ မထွက်တော့လို့၊ရှိရင်လည်း အလွန်ကိုနည်းပါးလို့၊ အဲဒီလူနည်းစုလေးဟာလည်း တိုင်းပြည်အတွက် အလုပ်လုပ်မပေးနိုင်တဲ့ နေရာမှာရောက်နေခဲ့လို့တိုင်းပြည်ဆင်းရဲရတာလို့အောက်မေ့မိပါတယ်။
ကိုယ့်တိုင်းပြည်အတွက် အလုပ်မလုပ်ရင် လူဟာတော်တိုင်းလည်း ကိုယ့်တိုင်းပြည်ကိုအကျိုးမပြုနိုင်ပါဘူး။ ဦးဇင်းတို့ရှေ့ကမျိုးဆက်တစ်သက် ကံချည်းဆိုးနေခဲ့တာကလား။ဦးဇင်းတို့ မျိုးဆက်လောက်မှာ လူးလူးလွန့်လွန့်နဲ့ လှုပ်ရှားစပြုလာပြီလို့ယုံကြည်ချင်ပြီ။
ဘုန်းကြီးမို့လို့ တရားရေးကဏ္ဍလေးပဲ ကွက်ပြီးပြောရရင် ကိုယ့်လူမျိုးကို သက်တမ်းရှည်
စေချင်လှပြီ။လူတွေကသိပ်ဆင်းရဲတုန်းဆိုရင်၊ကိုယ်ပညာတွေတတ်လည်း ဘာထူးမှာလဲ။သူများတိုင်းပြည်မှာ ပင်ပန်းဆင်းရဲခံ၊သူများအောက်ကျခံပြီးပညာတွေသင်ခဲ့တော့ရောကိုယ့်တိုင်းပြည်မှာ ကိုယ့်လောက်မှပညာမတတ်တဲ့ သူတွေခိုင်းတာကိုခံရဦးမယ်ဆိုရင်ဘာထူးမှာလဲ။
အာဏာရှိတယ်ဆိုပြီး အနိုင်ကျင့်တယ်ဆိုတာ ဟိုးပဝေသဏီ ၂၀ရာစုလောက်ကခေတ်စားခဲ့တာ။ အခုခေတ်မှာ ရှိသေးတယ်ဆိုပေမယ့် ချမ်းသာပြီးတိုင်းပြည်များမှာ တိမ်မြုပ်ပျောက်ကွယ်နေပြီ။မြန်မာပြည်မှာရှိနေသေးတယ်ဆိုရင်။အဲ့ဒါဦးဇင်းတို့တတွေဆင်းရဲနေသေးလို့ပဲ။
လူဆိုတာမှားတတ်တဲ့သတ္တ၀ါမို့လို့အာဏာကြီးတဲ့သူဌေးကြီးတွေ၊သူခိုးကြီးတွေကို အာခံတယ်ဆိုတာ ပုဂ္ဂိုလ်ရေးအရ မုန်းတီးလို့မဟုတ်ဘူး။မတရားမှုကို မုန်းတီးတာဖြစ်တယ်လို့ခံယူပြီးတော့ တိုက်ပွဲဝင်ရမှာ။အဲသည်ပုဂ္ဂိုလ်တွေက ပိုတောင်
လည်သေးတယ်။ တကယ်သာပြည်သူက အမှန်တရားကို တောင့်တတယ်ဆိုရင် ချက်ချင်းပဲ မျက်နှာ
ပြောင်တိုက်ပြီး အရောင်ပြောင်းသွားမှာ။သာကူးသွားဦးမှာ။အမှန်တော့ လူဆိုတာရိုးသားရင် ကိုယ့်ပိုင်ဆိုင်မှုကို အစစ်ခံရဲရမှာပေါ့။နိုင်ငံတိုင်းမှာ ၀န်ကြီးတွေ၊ဌာနအကြီးအကဲတွေရဲ့ပိုင်ဆိုင်မှုကို စစ်ဆေးတဲ့ အဖွဲ့တွေရှိရတယ်။ဟုတ်ပြီ။အစစ်မခံရဲလို့ရှိရင်ဦးဇင်းတို့မှာခိုးရာပါတွေရှိတယ်လို့ဝန်ခံတာနဲ့တူတူပဲ။
သံသရာကလွတ်မြောက်ဖို့ အမှန်တရားဟာ ကိုယ့်ထဲမှာပဲ ၇ှိတယ်ဆိုသလိုပဲ ဦးဇင်းတိုင်းပြည်
ဆင်းရဲတွင်းကလွတ်မြောက်ဖို့ အဖြေဟာ ကိုယ့်တိုင်းပြည်ထဲမှာပဲရှိတယ်။

အာဏာကြီးတဲ့သူကလည်း သိပ်ချမ်းသာပြီးမောက်မာကြ၊ဆင်းရဲသားငမွဲကလည်း သိပ်ကိုဆင်းရဲပြီးစားစရာမရှိ။အဲဒါဘာဖြစ်လို့လဲဆိုတော့ဦးဇင်းမြန်မာတွေ စာမဖတ်ကြလို့။ချမ်းသာသူကလည်းစာမဖတ်သလို၊ဆင်းရဲသူကလည်း စာမဖတ်ဖူး။အလုပ်အကိုင်ကြီး၊ရာထူးကြီးမှာ လုပ်ဖူးပါရက် ကိုယ့်စကားဘယ်သွားမှန်းမသိ၊ မောက်မောက်မာမာတွေပြော၊ပြည်သူအလိုဆန္ဒကိုဘာမှန်းမသိ။အဲသလို ပုဂ္ဂိုလ်တွေဟာ စာအုပ်ကိုတောင်မြင်ဖူးရဲ့လားမသိ။ခေါင်းဆောင်ဆိုတဲ့သူတွေမှာ အဲသလောက်နိမ့်ပါးတဲ့ အရည်အချင်းတွေရှိနေမှတော့ ဦးဇင်းတို့တိုင်းပြည်ဘယ်လောက် အတွင်းပစ္စည်း၇ှိရှိ။မဆင်းရဲပဲ
ခံနိုင်ရိုးလား။
အဲဒါကြောင့်ပြောတာ။မြန်မာ့သမိုင်း (၁၉၅၀မှ၂၀၁၂)အထိနှစ် ၆၀ကျော်ကာလမှခေါင်းဆောင်များ၊
အာဇာနည်များအကြောင်းဆိုရင် ဘုရားစူးရပါစေရဲ့။လေး၊ငါးမျက်နှာနဲ့တင် စာအုပ်ကကုန်သွားမှာ။ အဲ..မြန်မာပြည် နှစ်၆၀ကျော်ဟာသမိန့်ခွန်းများတို့သူခိုးကြီးများအကြောင်းတို့လူလိမ်ကြီးများအကြောင်းတို့တတ်ယောင်ကားပုဂ္ဂိုလ်ကြီးများအကြောင်းတို့၊မှားပြီးဖြေသောအင်တာဗျူးများတို့၊ဘာသာပြန်မှားသောနိုင်ငံခြားသတင်းမီဒီယာများတို့အကြောင်းဆိုရင်တော့ ကိုရီးယားကားများလိုအတွဲလိုက်၊အတွဲလိုက်ထွက်လာဦးမှာ သေချာတယ်။အဲသလို ထွက်မလာဖူး၊ထုတ်ခွင့်မပြုဘူးဆိုရင်တော့ သေချာတယ်မြန်မာပြည် ဆင်းရဲနေဦးမှာလိုမြင်ပါတယ်။
တစ်နေ့တစ်နေ့ကမ္ဘာလောကကြီး
တိုးတက်လာတာနဲ့အမျှတစ်ဖက်မှာလည်း
ဆိုးကျိုးတွေအများကြီးပေါ်ပေါက်နေကြတယ်။
ခေတ်ကြီးက အရမ်းကိုပွင့်လင်းလွတ်လပ်လွန်းတော့
လူတွေလည်းအရှက်အကြောက်
နည်းပါးလာကြတယ်။
တိုင်းတစ်ပါးနိုင်ငံတွေကို
အတုခိုးတာခိုးပေါ့။ သြော်
...သူတို့ရဲ့
လုံ့လ၀ီရိယရှိမှုတွေ၊ကြိုးစားအားထုတ်မှုတွေကို။
အခုတော့အဲလိုမဟုတ်ဘူး။
အတုမခိုးသင့်တာတွေခိုးတော့ခုခေတ်လူငယ်အများစုတွေ
အသိတရားကိုမရှိကြတော့ဘူး။
အရင်တုန်းကဘယ်လိုနိုင်ငံမျိုးလဲဆိုတာ
ပြန်စဉ်းစားကြပါ။ဟီရြိသတ္တပ
ဆိုတဲ့ဗုဒ္ဓရဲ့တရားတော်နဲ့
အညီသူတစ်ပါးကိုလည်းကိုယ်ချင်စားနာကြတဲ့လူတွေ
နေထိုင်ကြတဲ့နိုင်ငံဖြစ်တယ်။
အခုတော့အရှက်လည်းမရှိ။
အကြောက်လည်းမရှိဘဲ
ကိုယ်ချင်းစာတရားလည်းမရှိကြတော့ဘူး။
လူ့ဘ၀ဆိုတာခဏလေးပါ။
စာရေးသူ
ဖျာပုံ နဒီ
0 comments:
Post a Comment