ဘ၀ကို
ပိန့်ရှုံ့နေတဲ့ နေ့တစ်နေ့ထဲ
ခေါက်မသိမ်းချင်ဘူး.........။
ပူလောင်တဲ့စိတ်တွေ
အတ္တမိုးစက်တွေအောက်မှာ
ထားရစ်ခဲ့လိုက်တော့မယ်........။
ကိုယ့်"အဇ္ဖတ္တ" ကို
တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့
တိန်းကျောင်းပေးရမယ်...........။
နေ့စဉ်ကြုံတွေ့နေရတဲ့
တစ်ခါသုံးအပြုံးတွေနဲ့
အချိန်ကုန်ခံပြီး လောကွတ်မပြုချင်တော့ဘူး............။
ကိုယ့်ရာသီဥတုနဲ့ကိုယ်
ကိုယ့်မိုးလေ၀သနဲ့ကိုယ်
ကိုယ့်အလေးချိန်နဲ့ကိုယ်
ကိုယ့်ဘ၀လေးနဲ့ကိုယ်
စိမ်းစိုနေရရင် တော်ပါပြီ..............။
ရန်ငြိမ်းသူ ......(6.9.2012 )
0 comments:
Post a Comment