Friday 5 October 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား၊ ပန်းဝါနှင့် စစ်တကောင်းဒေသများတွင် ဘုန်းကြီးကျောင်းများနှင့် အိမ် များကို မွတ်စလင်အကြမ်းဖက်လူအုပ်စုများက တိုက်ခိုက်မှုများ ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ ဗုဒ္ဓ ဘာသာ သံဃာတော်အပါး (၁၀၀)ခန့် ဆန္ဒထုတ်ဖော်




ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား၊ ပန်းဝါနှင့် စစ်တကောင်းဒေသများတွင် ဘုန်းကြီးကျောင်းများနှင့် အိမ် များကို မွတ်စလင်အကြမ်းဖက်လူအုပ်စုများက တိုက်ခိုက်မှုများ ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ ဗုဒ္ဓ ဘာသာ သံဃာတော်အပါး (၁၀၀)ခန့် ဆန္ဒထုတ်ဖော်မှုကို ယနေ့ အောက်တိုဘာလ (၅)ရက်နေ့ ၁း၀၀ တွင် ရွှေဝါရောင်ဆရာတော် ဦးကောဝိဒ ဦးဆောင်၍ ရဟန်းသံဃာတော်များမှ ဦးဆောင်၍ ဘင်္ဂလား ဒေ့ရှ် သံရုံး (The Embassy Of People's Republic Of Bangladesh) အမှတ် (၁၁)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်၌၊ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပါသည်။

ယမန်နေ့ (အောက်တိုဘာလ ၄ ရက်နေ့)ကလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ၊မကွေးပရိယတ္တိစာသင်တိုက်မှာလည်းပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ထို့အတူ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင်လည်း သံဃာအပါးတစ်ထောင်ကျော်ခန့်က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင်ဆန္ဒပြခဲ့ကြသလို၊အောက်တိုဘာလ (၃)ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ သံဃာတော်အပါး (၃၀၀)ခန့်ကဘန်ကောက်မြို့တွင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အမျိုးဘာသာသာသနာနှင့်အမိနိုင်ငံကိုချစ်မြတ်နိုးသူတိုင်း၊ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းဖြင့် သာသနာကို စော်ကားခံရခြင်းအား ကာကွယ်ကြပါစို့ ...။

ဒါပေမယ့် မြန်မာနိုင်ငံမှ (မဟန) နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများကို
သည်းခံပြီးသာသနာကို ပြုနိုင်တာကိုလည်း ပြန်လည်သည်းခံခြင်းဖြင့်
ဆန္ဒပြကြပါစို့လို့ အော်ကြရဦးမှာလားဆိုတာကိုလည်း တွေးမိရင်း
မြတ်စွာဘုရားမြတ်နှာတော်ကို မြင်ယောင်မိရင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊


0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။