Saturday, 29 December 2018

”””””ဗားစလဗ် ဟာဗယ်လ် ရဲ့အတွေးအခေါ်များ လူငယ်များထံ စီးဆင်းပေးပါ””””

”””””ဗားစလဗ် ဟာဗယ်လ် ရဲ့အတွေးအခေါ်များ လူငယ်များထံ စီးဆင်းပေးပါ””””
မိမိ၏ ချက်နိုင်ငံ ခရီးကတော့ ကိုယ့်ကိုကိုယ်တွင်း ရင်းနှီးမြုပ်နှံခြင်း၊ မိမိဘ၀ အတွက် စာပေ တန်ဖိုးအရှိဆုံး ခရီးဖြစ်ခဲ့ပါသည်။ မိမိ ချက်နိုင်ငံကို ရောက်ရှိတဲ့ အချိန်မှာ မိမိ၏ မွေးဖွားရာ ဒေသဖြစ်တဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် သဲအိမ်ကျောင်းစု ကျေးရွာအုပ်စု ကျုံးပိုင်း ကျေးရွာလေးကို ယုံကြည်ရာ ပရဟိတ အဖွဲ့က လူငယ်လေးများက စုပေါင်းပြီးတော့ ငြိမ်းချမ်းရေး စာကြည့်တိုက် အတွက် စာအုပ်မျိုးစုံ ၇၀၀ကျော်​နဲ့ ​ကျောင်းသုံးဗလာစာအုပ်​၊ စာ​ရေးကိရိယာများပါ သွားရောက် လှူဒါန်းကြတာ ကြားသိရတော့ အတိုင်းမသိ ၀မ်းသာမိ ပီတိဖြစ်ရပါသည်။
မိမိလည်း ချက်နိုင်ငံရောက်နေ
တော့ ချက်နိုင်ငံ၏ လေးစားရသော ဗားစလဗ် ဟာဗယ်လ်၏ စာကြည့်တိုက် (Vaclav Havel Libray)ကို ရောက်ရှိနေတဲ့ အချိန်ဖြစ်ကြောင်း အမှတ်တရ ဖြစ်ခဲ့ရပါသည်။
ဗားစလဗ် ဟာဗယ်လ်၏ စာကြည့်တိုက် (Vaclav Havel Libray)သည် ပရပ်မြို့ရှိ အစိုးရနှင့် မပတ်သက်သော အကျိုးအမြတ် မယူသော အဖွဲ့စည်းဖြစ်ပါသည်။ဗားစလဗ် ဟာဗယ်လ် ဆိုတာ စိတ်ကောင်း စေတနာကောင်း ရှိတဲ့ သူတစ်ယောက် ဖြစ်ပါသည်။ ဗားစလဗ် ဟာဗယ်လ်က လူသားတွေရဲ့ လွတ်လပ်မှု အတွက် တိုက်ပွဲဝင်ခဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပါသည်။
ဗားစလဗ် ဟာဗယ်လ်၏ စာကြည့်တိုက် (Vaclav Havel Libray)ကို မိမိရောက်တဲ့ အချိန်မှာ စာကြောင်းလေး တစ်ခု ဖတ်ဖြစ်ခဲ့ပါသည်။ လူတစ်ဦးချင်းရဲ့ လွတ်လပ်မှုအပေါ် တမ်းတခြင်းဟာ အာဏာရှင်ရဲ့ သြဇာတစ်စုံတစ်ရာနဲ့ အကန့်အသတ်တွေ အပြုခံနေရသည် ဆိုရင် လူသားဆန်ပြီး ဒီမိုကရေစီရှိတဲ့ လူ့အသိုက်အ၀န်းတစ်ခုကို တည်ဆောက်နိုင်အောင် မိမိတို့ ကြိုးစားနေကြရမယ် လူ့အခွင့်ရေးအရေးနဲ့ လွတ်လပ်ရေးကို တောင်းဆိုကြဖို့ လှုပ်ရှားမှုတွေ အမျိုမျိုး ပေါ်ပေါက်လာမှာ ဖြစ်ကြောင့် လူငယ်တွေကို ဗားစလဗ် ဟာဗယ်လ် ပြောခဲ့တဲ့ စကားလေး ဖြစ်ပါသည်။
ဒီနေ့ယုံကြည်ရာလူငယ်တွေက သူတို့ယုံကြည်ချက်တွေကို မိမိ၏ မွေးရပ်ဇာတိ ကျုံးပိုင်းရွာလေး အတွက် သူတို့အားလုံးရဲ့ တာဝန်ဆိုတဲ့အတိုင်း ဘယ်နေရာမှာမဆို ဒီလို အခြေအနေတွေ ရှိနေတယ် ဆိုရင်တောင် ယုံကြည်ရာ လူငယ်တွေက အချိန်မရွေး အကူအညီပေးဖို့ လုပ်ဆောင်ကြမယ် ဆိုတာ မိမိ အလေးအနက် ယုံကြည့်ပါသည်။
လူငယ်တွေဆိုတာ တိုင်းပြည်တစ်ခု၏ အနာဂတ် မျိုးဆက်တွေပါ ဒီလူငယ်တွေ များများ ရှိရင် မိမိတို့တိုင်းပြည် အတွက် စိတ်ချရပါပြီး။ ဗားစလဗ် ဟာဗယ်လ်သည် ချက်နိုင်ငံ၏ ခေတ်ပေါ် သမိုင်းအတွက် အထူးအရေးပါခဲ့သူ ဖြစ်သောစာရေးဆရာ၊ပြဇာတ်ရေးဆရာ၊အတွေးအခေါ် ပညာရှင်၊လူ့အခွင့်အရေး ကာကွယ်သူ၊ချက်ကိုစလိုဗားကီး ယားနှင့် ချက်နိုင်ငံတို့၏ သမ္မတဖြစ်ခဲ့သူ မစ္စတာ ဗားစလဗ် ဟာဗယ်လ်၏ အတွေးအခေါ် ရေးရာ၊စာပေရေးရာနှင့် နိုင်ငံရေးရာ အမွေအနှစ်များကို ကောက်ယူ မှတ်တမ်း တင်ခြင်း၊သုတေသန ပြုခြင်း၊အားပေး မြှင့်တင်ခြင်းများကို ဆောင်ရွက်နေသည် စာကြည့်တိုက် ကြီးဖြစ်ပါသည်။
အဲဒီလို စာကြည့်တိုက်ကြီးကို မိမိရောက် နေတဲ့ အချိန်မှာ မိမိဇာတိ​​​မြေမှာ
ယုံကြည်ရာ လူငယ်လေးများက စာကြည့်တိုက် အတွက် အလှူရှင်များ စုပေါင်း လှူဒန်းထားသော စာအုပ်များ သွားရောက် လှူဒါန်းပေးကြတာက အနာဂတ်မှာ မိမိတို့၏ ခေါင်းဆောင် အမေစု အတွက် ဗားစလဗ် ဟာဗယ်လ်၏ စာကြည့်တိုက် (Vaclav Havel Libray)လို ဖြစ်ရင် သိပ်ပြီးတော့ ကောင်းမယ် ဆိုတာ မိမိ အတွေးဝင်ခဲ့ပါသည်။
အဲဒါကြောင့် လူငယ်တွေကို ဖတ်များ ဖတ်စေချင် ​တဲ့ မိမိတို့ စေတနာကို အကောင်အထည် ဖော်ဆောင်နိုင်ဖို့ရန် အတွက် လူငယ်များကို ။
၁။စိတ်ကောင်းရှိဖို့ စာဖတ်စေချင်ပါသည်
၂။လောကဓံကိုခံနိုင်ရည်ရှိဖို့ စာဖတ်စေချင်ပါသည်။
၃။စိတ်ဖိစီးမှုသက်သာဖို့ စာဖတ်စေချင်ပါသည်။
၎။ကိုယ်ချင်းစာစိတ်ဖြစ်လာဖို့ စာဖတ်စေချင်ပါသည်။
၅။လူညံ့မဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
၆။လူတော်လူကောင်းဖြစ်ဖို့ စာဖတ်စေချင်ပါသည်။
၇။လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်စေချင်ပါသည်
ဆိုတဲ့ စိတ်ကောင်း စေတနာကောင်းများနှင့် မိမိတို့လုပ်ဆောင်နေကြတာဖြစ်ပါသည်။
ဗားစလဗ် ဟာဗယ်လ်၏ စာကြည့်တိုက် (Vaclav Havel Libray) အမွေအနှစ်များနှင့် ပတ်သက်ရာ ပုဂ္ဂိုလ်များ၊ဖြစ်ရပ်များနှင့် အသွင်အပြင်များကို လက်ရှိ အချိန်ကာလနှင့် ဆက်စပ်မှုရှိရန် ကြိုးစားလုပ်ဆောင်နေ ကြတာကို မိမိတို့ အတုယူပြီးတော့ အနာဂတ် တိုင်းပြည်မှာ မိမိတို့၏ ပြည်သူလူထု ခေါင်းဆောင် အမေစု၏ အတွေးအခေါ်များကို လူငယ်တွေ လက်ထဲထည့်ပေးနိုင်မယ် ဆိုရင် သိပ်​ကာင်းမယ်ဆိုတဲ့ အိပ်မက်ကြီးကို မိမိ မက်နေမိပါသည်။
ဗားစလဗ် ဟာဗယ်လ်၏ စာကြည့်တိုက် (Vaclav Havel Libray)၏ အဓိက ရည်ရွယ်ချက်များကို ဒကာတော် ကိုလင်းသန့်မှ မိမိအားရှင်းလင်းပြပါသည်။
ဗားစလဗ် ဟာဗယ်လ် ရေးသားခဲ့သော စာပေများ၊၄င်း၏ လုပ်ရပ်များနှင့် ပတ်သက်ရာ စာတမ်းများကို မှတ်တမ်းတင်ခြင်း၊ သုတေသနပြုခြင်း၊ပြတိုက်နှင့်စာကြည့်တိုက် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊လူဘ၀နှင့် လူမှုအသိုင်းအ၀ိုင်းအပေါ် လွှမ်းမိုးခဲ့သော ဗားစလဗ် ဟာဗယ်လ် စာပေများ၏ အရှိန်အ၀ါကို သိပ္ပံနည်းကျ သုံးသပ်ခြင်းစသည်တို့ လုပ်ဆောင်နေကြတာက မိမိတို့ လူငယ်များ အတုယူစရာကောင်းတဲ့ အချက်များ ဖြစ်ပါသည်။
မိမိ အနေနဲ့အထူးတိုက်တွန်းချင်​တာကတော့ (ယုံကြည်ရာလူငယ်များကို)လူ့အခွင့်အရေးနှင့် လွတ်လပ်ရေး တိုက်ပွဲနှင့် ဒီမိုကရေစီ ထူထောင်အချိန်တွင် လူထုအခြေပြု လူမှုအသိုက်အ၀န်းကို ယခု ကိစ္စလေးကစပြီးတော့ တိုင်းပြည် အတွက် လိုအပ်နေသော ကွက်လပ်ကလေးကို ဖြည့်ဆည်းပေးကြပါလို့ အထူးတိုက်တွန်းခြင်းဖြစ်ပါသည်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)။

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။