Tuesday 2 June 2020

""""မိမိတို့အားလုံး အတွက် ဝမ်းသာစရာ သတင်း""""

""""မိမိတို့အားလုံး အတွက် ဝမ်းသာစရာ သတင်း""""
ဘoဆိုတာ
စဉ်းစားတတ်သူတွေ အတွက် ရယ်မောစရာပါ..
ခံစားတတ်သူတွေအတွက် ကြေကွဲစရာပါ...
သတိရှိသူတွေအတွက် တရားရစရာပါ...
မိမိအားလုံး ကောင်းသောစိတ် ကောင်းသောအတွေးနဲ့
နေထိုင်ရင် ကိုယ့်ဘဝမှာ ကောင်းတာတွေ
ခပ်များများ ပိုင်ဆိုင်လာရတတ်ပါတယ်။
ကိုယ်ပြုသမျှ ကိုယ်တွေးတော ကြံစည်သမျှ
ကောင်းခြင်း ဆိုးခြင်းတွေဟာ ကိုယ့်ဆီကို
တန်ပြန် ရိုက်ခတ်လာတတ်ပါတယ်။
ဒါ့ကြောင့် ကိုယ်က မအောင်မြင်ခဲ့ရင် အောင်မြင် သူအတွက် မုဒိတာပွားပေးလိုက်ပါ။ ကိုယ်လည်း တစ်နေ့ အောင်မြင်လာပါလိမ့်မည်။
ကိုယ်က မပျော်ရွှင်ခဲ့ရင် ပျော်ရွှင်သူအတွက်
မုဒိတာပွားပေးလိုက်ပါ။ ကိုယ်လည်း တစ်နေ့ ပျော်ရွှင်လာပါလိမ့်မည်။
ကိုယ်က ကံမကောင်းခဲ့ရင် ကံကောင်းသူ အတွက် မုဒိတာပွားပေးလိုက်ပါ။ ကိုယ်လည်း တစ်နေ့ ကံကောင်းသူ ဖြစ်လာပါလိမ့်မည်။
ကိုယ်ဟာ အောင်မြင် ပျော်ရွှင် ကံကောင်းသူ
ဖြစ်နေခဲ့ရင်တော့ မပြည့်စုံသူတွေကို မေတ္တာစိတ်နဲ့ စာနာဖေးမလိုက်ပါ။
ဘာပဲဖြစ်ဖြစ် ဒီနေ့အချိန်မှ မိမိတို့အားလုံး သတင်းကောင်းများ စပြီးကြားရပါပြီ။
နော်ဝေနိုင်ငံ၏ လက်ရှိအခြေ အနေအရတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို အကောင်းဆုံး ထိမ်းချုပ်နိုင်တဲ့ အခြေအနေ တခုကိုရောက်ရှိနေပြီး ဖြစ်ပါသည်။
မိမိတို့အားလုံး #StayHome #BlirHjemme #HjelpOssHjelpDeg အိမ်မှာ နေခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ကြပါသည်။
""""နော်ဝေ၏ လက်ရှိ အခြေအနေ""""
ဖေဖော်ဝါရီလ ၂၅-ရက်နေ့ကနေ ဒီနေ့ မေလ ၇-ရက် အထိ
စုစုပေါင်း ပိုးစစ်ပြီးသူ ........... ၁၉၁၉၄၆။
ပိုးတွေ့ရှိသူ ........................... ၈၀၁၅။
ဆေးရုံတင်ထားသူ ...................၂၈ ။
အရေးပေါ် စိုးရိမ်ရသူ ................. ၁၈။
ဒီနေ့သေဆုံးသူ ၁ယောက် အပါအ၀င် သေဆုံးသူ စုစုပေါင်း... ၂၁၇။
ပိုးကူးစက်ထားသူ ကျန်းမာရေး၀န်ထမ်း ......၆၈။
ပိုးကူးစက်သူနဲ့အတူထိတွေ့မိပြီး
အိမ်မှာနေရသူ ကျန်းမာရေး၀န်ထမ်း ......၅၂၆။
ဒီနေ့ နော်ဝေ အစိုးရ၏ သတင်းစာရှင်းလင်းပွဲအရ
မေ ၇ရက်နေ့က စပြီး လူ ၅၀ ထိ စုနိုင်ပါပြီ။
နော်ဝေနိုင်ငံရှိ ကျောင်းများအားလုံး မေလ ၁၁ ရက်နေ့ ကျောင်းအကုန် ပြန်ဖွင့်ပါမည် ။နော်ဝေနိုင်ငံရှိ လူများစုပြီးတော့ လုပ်ရမည့် ပွဲလန်းသဘင်များနဲ့ ဘာသာရေးဆိုင်ရာ ပွဲတော်များကို လူ ၂၀၀ထိ စုခွင့်ပေးပါမည်။
နွေရာသီ ကျောင်းပိတ်ရက်များကတော့ အပန်းဖြေ ခရီးသွားခြင်းနှင့် သို့သော် နိုင်ငံခြား ခရီးထွက်လည်ဖို့တော့ တစ်ခြားထွက်လည်ဖို့တော့ တစ်ခြားနိုင်ငံများနဲ့ ဆက်စပ် နေတာမို့ တစ်ခြားနိုင်ငံတွေနဲ့ ဆွေးနွေးပြီးမှသာ ပြောဆိုနိုင်မည် ဖြစ်ပါသည်။
အလုပ်များအတွက် က
လူကိုယ်တိုင် လုပ်မှ ဖြစ်မယ့်သူများ လုပ်ပါ။
အိမ်မှ နေ၍ လုပ်လို့ ပြေလည်နေသေးသော အလုပ် များ အိမ်မှပဲလုပ်ပါ။
အရေးကြီးဆုံးသော လက်ဆေးခြင်း
အကွားအဝေးနှင့်နေခြင်း၊ ဖျားတာနဲ့ အပြင်မထွက်ပဲနေခြင်းများအား ယခု လိုက်နာသလို ဆက်လက်လိုက်နာပါရန် တိုက်တွန်ကြောင်း ပြောဆိုပါသည်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ရှိပါစေ
ကောင်းသောစိတ်
ကောင်းသောအတွေး
ကောင်းသောအကြံအစည်မှန်သမျှ
ပြီးပြည့်စုံကြပါစေ
အရှင်ထာ၀ရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။