Tuesday 2 June 2020

ဒကာတယောက်က စာရေးပြီးတော့ အရှင်ဘုရားရေး စာအုပ်တွေ ထပ်ပြီးတော့ မထုတ်တော့ဘူးလားဘုရား။

ဒကာတယောက်က စာရေးပြီးတော့ အရှင်ဘုရားရေး စာအုပ်တွေ ထပ်ပြီးတော့ မထုတ်တော့ဘူးလားဘုရား။
ကိုယ်က နာမည်မရှိတဲ့ စာရေးသူဆိုတော့ စာအုပ်တွေ ထပ်ပြီးထွက်ဖို့ ကြာပါအုံးမည်။
စာအုပ်တွေ ထပ်ပြီးတော့ ထုတ်ဖြစ်အောင်ကြိုးစားနေပါသည်။စာအုပ် တအုပ်ထုတ်တဲ့ ကုန်ကျစရိတ်က အများတာကြောင့် ရေးထားတဲ့ စာမူတွေကတော့ ၁၀အုပ်စာလောက်ရှိနေပါသည်။ နော်ဝေနိုင်ငံ၏ ပညာရေးနှင့် ရွှေဝါရောင် ဒုတိယအပိုင်းကို ထုတ်ဖြစ်အောင် ကြိုးစားနေ့ပါသည်။အလှူရှင်များ ပေါ်ပေါက်ခဲ့မယ်ဆိုရင်တော့ စာဖတ်ပရိတ်သတ်များ လက်ထဲကို အမြန်ဆုံးရောက်အောင်ပို့ပေးနိုင်မှာဖြစ်ပါသည်။ဒီလို ဒီလို အခက်အခဲများစွာ အောက်မှာ မလုပ်နိုင်သေးပါဘူး။
အဲဒီအတွက်တော့ ကြိုးစားနေပါသည်။
ကိုယ်က စာပေးသမားတယောက်ဖြစ်တဲ့ အတွက် လူ့ဘဝမှာ လူတော်တစ်ယောက်ဖြစ်ဖို့ထက် လူကောင်းတစ်ယောက်အဖြစ် ရှင်သန်သွားခြင်းတာပါပဲ။
မိမိကိုယ် မလိုအပ်ဘူး ထင်တဲ့သူတွေ စွန့်ပစ်သွားလည်း မိမိကို လိုအပ်လာမယ့်သူများအတွက် အကောင်းဆုံး နေထိုင်ကြိုးစားသွားမှာပါ။
ဘဝထဲက ဘဝသမားများအတွက်
ဘဝစာပေ တစ်ရပ်ပါပဲ အဲဒါကြောင့် အားတဲ့အချိန်တိုင်း စာဖတ်သူတွေကို အကောင်းဆုံး စာပေဗဟုသုတတွေပေးနိုင်အောင် ကြိုးစားနေပါသည်။
အရှင်ထာ၀ရ (နော်ဝ)
1

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။