Friday 23 March 2012

အရှင်ဘုရား၏ အနှစ်သက်ဆုံး ဓမ္မခံယူချက်ကဘာလဲ ဘုရား။




    ဦးဇင်းရဲ့ ဓမ္မနဲ့ပတ်သတ်တာကတော့ အများကြီးပါပဲ အသက်ရှည်သမျှ ပညာရှိကို ဆည်းကပ် နေထိုင်ရသော်လည်း (ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒဟူသော)တရားကိုမသိနိုင်ပေ။"ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို လေ့လာဖတ်ရှုရာမှ ဗုဒ္ဓဘာသာ၏ အဆုံးအမများကို ယုံကြည်သက်ဝင်လာပါသည်။ ထိုမှတဆင့် လက်လှမ်းမီသမျှ ဗုဒ္ဓစာပေများကို အချိန်ရလျှင်ရချင်း လေ့လာဖတ်ရှု မှတ်သားမှုများ ပြုလုပ်ပါတယ်။အဲဒီအထဲက ဓမ္မပဒဆောင်ပုဒ်တွေကိုအကျိုက်ဆုံးပါပဲ ရဟန်းတော်ဖြစ်တဲ့အတွက်ဝိနည်းတရားကိုယ်တော့အသက်တမျှတမ်းဖို့ထားပါတယ်၁။မနောပုဗ္ဗင်္ဂမာဓမ္မာ၊မနောသေဋ္ဌောမနောမယာ

    ။မနသာစေပဒုဋ္ဌေန၊ဘာသတိဝါကရောတိဝါ။တတောနံဒုက္ခမနွေတိ၊စက္ကံ၀၀ဟတောပဒံ။

    ၁နာမ်ခန္ဓာ(လေးပါး)တို့သည်စိတ်လျှင်ရှေ့သွားရှိကုန်၏စိတ်လျှင်အကြီးအမှူးရှိကုန်၏စိတ်ဖြင့်ပြီးကုန်၏ပြစ်မှားလိုသောစိတ်ဖြင့်အ

    ကယ်၍ပြောဆိုသော်လည်းကောင်း ၊ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။ ဆိုတဲ့ စကားတွေ ဦးဇင်းဘ၀ အတွက် သိပ်ပြီးအရေးကြီးတဲ့ အရာတွေပါပဲ။

    အက္ကောစ္ဆိမံအ၀ဓိမံ၊အဇိနိမံအဟာသိမေ။ယေ စတံဥပနယှန္တိ၊ ဝေရံ တေသံနသမ္မတိ။
    အက္ကောစ္ဆိမံအ၀ဓိမံအဇိနိမံအဟာသိမေယေစတံနုပနယှန္တိဝေရံတေသူပသမ္မတိဂါထာတွေကလဲဦးဇင်းအတွက်အရေးကြီးတဲ့ အရာပါပဲ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့်ရန်သည်မငြိမ်းအေးနိုင်။ဤသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။ဟု စိတ်အစဉ်မှအမြဲတမ်းဆုတောင်းနေမီပါတယ်။

    လောကကိုစောင့်သောလောကပါလနတ်များသည်သဘာဝချိန်ခွင်၌ဓမ္မကို တစ်ဖက် အဓမ္မကို တစ်ဖက် အမြဲတန်း ချိန်နေကြ၏။အဓမ္မဘက်ကအလေးသာလျှင်လောကသည်ဆူပွက်၏။ဓမ္မဘက်သို့ အလေးသားလျှင် လောကသည် ဓမ္မဘက်သို့စောင်းထောင်၏။ဓမ္မဘက်သို့စောင်းထောင်လျှင်လောကသည်ငြိမ်းချမ်း၏။

    ထို့ကြောင့်မိမိအပါအ၀င်လောကသည်ဓမ္မဘက်သို့စောင်းထောင်နိုင်ရေးအတွက်ဓမ္မဘက်၌ ရပ်တည်ဖို့ တာဝန်ရှိ၏။ ဓမ္မဘက်၌ရပ်တည်ပါမှလည်းလောကသည်ငြိမ်းချမ်းပေလိမ့်မည်။လောကပါလ နတ်များကလည်း မိမိတို့ကို ဓမ္မဘက်၌သာရပ်တည်စေချင်ကြပါ၏။

    (
    ဦးရွှေအောင်ကိုယ်ကျင့်ဗုဒ္ဓ၀င်)

    ယာဒိသံဝပ္ပတေဗီဇံ၊တာဒိသံဟရတေဖလံ။ကလျာဏကာရီကလျာဏံ၊ပါပကာရီစပါပကံ။

    ချိုသောမျိုးစေ့ကိုစိုက်ပျိုးအံ့၊ချိုသောအသီးကိုရ၏။ခါးသောမျို့စေ့ကို စိုက်ပျိုးအံ့၊ ခါးသော အသီးကို ရ၏။
    ထို့အတူ ကောင်းမှု့ကို ပြုအံ့ ကောင်းသောအကျိုးကို ခံစားရ၏။ မကောင်းသော အမှူ့ကို
    ပြုအံ့မကောင်းသောအကျိုးကိုခံစားရ၏။ဤ ဗုဒ္ဓ ၏ အဆုံးအမလေးသည် ဗုဒ္ဓဘာသာဝင် အားလုံး၏ ရင်ထဲတွင် ကိန်းဝပ်ပြီးသားဖြစ်ပေ၏။အမြဲထာဝရမှန်ကန်နေသောဓမ္မနိယာမဖြစ်ပေ၏။

    ထိုဓမ္မနိယာမကို ပြောင်းပြန်လုပ်သူ (အဓမ္မ၀ါဒီ) များ လောကတွင် မြောက်မြားစွာ ရှိနေပေ၏။ထိုပုဂ္ဂိုလ်များသည်မကောင်းသောအလုပ်ဖြင့်ကောင်းကျိုးကိုရနေတတ်၏ရှေးရှေးဘ၀ကပြုခဲ့ဘူးသောကုသိုလ်အဟုန်ကြောင်

့ကောင်းကျိုးခံစားနေရသည်ကိုနားမလည်မကောင်းမှု့၏အကျိုးပေးချိန်အချိန်မတန်သေးခင်အချိန်အတွင်းထောင်လွားမောက်မာနေသူများ

    အများအပြားရှိတတ်ပေသည်။

    ကုသိုလ်ပြုသည်ဖြစ်စေ၊အကုသိုလ်ပြုသည်ဖြစ်စေကောင်းကျိုးဆိုးကျိုးပေးမည့်ဇောစေတနာ () ချက်ရှိ၏။ ထို () ချက်တွင်ပထမဇောစေတနာသည်ယခုဘ၀အကျိုးပေး၏။ဒိဌဓမ္မဝေဒနီယကံ ဟု ခေါ်၏။ သတ္တမဇောစေတနာသည် ဒုတိယဘ၀(နောက်ဘ၀)အကျိုးပေး၏။ဥပပဇ္ဇဝေဒနိယကံ ဟုခေါ်၏။ အလယ်ဇော ငါးချက်စေတနာသည် တတိယဘ၀မှ စ၍နိဗ္ဗာန်မရောက်မချင်း လိုက်၍ အကျိုးပေး၏။ အပရာပရိယ ဝေဒနိယကံဟု ခေါ်၏။ဇောစေတနာ () မျိုးတွင် ပထမဇောစေတနာ နှင့် သတ္တမဇောစေတနာသည် အကျိုးပေးခွင့်မရဘဲ ပျက်သွားသော အခါများရှိတတ်၏။ ထိုသို့ အကျိုးမပေးဘဲ ပျက်သွားသည့် ကံကိုအဟောသိကံဟုခေါ်သည်။

    အလည်ဇောငါးချက်စေတနာကားအကျိုးမပေးဘဲပျက်သွားသည်ဟူ၍မရှိချေ။ဤ ဇောစေတနာ () ချက် အလှည့်ကျ အကျိုးပေးပုံကိုဗုဒ္ဓဘာသာဝင်တိုင်းသိသင့်ပေ၏။ဤသို့ သိသဖြင့် မှားယွင်းဖောက်ပြန်သော အယူမှား မိစ္ဆာဒိဌိ အဖြစ်သို့
    မရောက်ခြင်း အကျိုးရှိ၏။ ဖြစ်ပါတယ်။

    အားလုံးသတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

    ဖျာပုံ နဒ

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။