Sunday 25 March 2012

အသံတိတ် ကျည်ဆံမဲ့ လုပ်ကြံသူ လူသတ်သမားများ သတိထား..



ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေးခရီးစဉ်တွေမှာကြံဖွံ့ပါတီကနည်းမျိုးစုံနဲ့နှောက်ယှက်ခဲ့တယ်..ပြည်ထောင်စုဝန်ကြီး အဆင့်ရှိသူတွေက အစ အောက်ခြေရပ်ကျေးအဆင့်အထိ..အဆုံး..မိမိတို့ လုပ်ပိုင်ခွင့်အာဏာ ကို မတရားသုံးစွဲပြီး အမေစု ရောက်လေရာနေရာတိုင်းမှာ အနှောက်အယှက်ပြုခဲ့ကြတယ်..

ကျောင်းသားကျောင်းသူတွေ..ဝန်ထမ်းတွေ..တပ်မတော်သားတွေအမေစုကိုကြိုဆိုနုတ်ဆက်ခြင်းမပြုနိုင်အောင်..နည်းပေါင်းစုံနဲ့ ပိတ်ပင်ချုပ်ချယ်ခဲ့ကြတယ်..ဘယ်လိုမှ ခြောက်လို့မကြောက်တော့တဲ့ ပြည်သူတွေကို ကြံ့ဖွံ့နဲ့ အပေါင်းအပါတွေက မလိုတမာမျက်လုံးနဲ့ကြည့်ရင်း ဇကောလောက်မှဇောက်မနက်တဲ့ အကောက်ဥာဏ်တွေကြံနေခဲ့ကြတယ်..

ဒီပဲယင်းလို နိုင်ငံတော်အဆင့်စီစဉ်တဲ့ လူသတ်ပွဲမျိုး ယနေ့လို အိုင်တီခေတ်မှာလုပ်မရတာသိတော့အခြားနည်းနဲ့ အသက်၆၀ ကျော် ၇၀ နီး ပိန်ပိန်ပါးပါး မုဆိုးမတစ်ဦးကို လုပ်ကြံဖို့ကြိုးစားနေခဲ့ကြတယ်..သူတို့ရဲ့ ကြံစည်မှုမှာ ပစ်မှတ် ခရီးစဉ်ကတော့ ဘာဆိုတာ ခုတော့ ဘွားဘွားကြီးပေါ်လာခဲ့ပါပြီ...

ယခုနောက်ဆုံးမြိတ်ခရီးမှာ အသွားအပြန် ၂ နာရီဘဲ ကြာရမဲ့ ပင်လယ်ခရီးစဉ်မှာ..အသွားအပြန် ၆ နာရီနဲ့ လမ်းမှာ..အချိန်ကုန်အောင်လုပ်လို့ထပ်ပြီး ၃ နာရီ သောင်တင်ခဲ့ရတယ်..

လှိုင်းတံပိုးတွေနဲ့ပင်လယ်ပြင်မှာဒီတစ်နေကုန်ခရီးကြမ်းကြီးကို..မြန်မာပြည်တစ်ဝှမ်းဆက်တိုက်မရပ်မနားသွားလာခဲ့ လို့ ခရီးပန်းနေတဲ့ သူမ ဘယ်ခံနိုင်ရည်ရှိပါ့မလဲ..ဆိုးကျိုးရလဒ်ကတော့ မြန်မာကသာ မက တစ်ကမ္ဘာလုံးကလေးစားရတဲ့..ဒီမိုကရေစီမိခင်ကြီးဟာနာမကျန်းဖြစ်ခဲ့ရပြီ..ပြည်သူတွေမျှော်လင့်နေတဲ့ အခြားခရီးစဉ်တွေကိုလဲ ဖျက်သိမ်းခဲ့ရပြီ..ပြည်သူတွေလဲ ပူပန်ဆုတောင်းနေကြရပြီ

ဒီနောက်ကွယ်ကနေခရီးစဉ်တွေကိုအသေးစိတ်လိုက်လံနှောက်ယှက်နေတဲ့..အဖျက်အမှောင့်လုပ်ရပ်တွေကို စနစ်တကျကြိုးကိုင်ခန့်ခွဲနေသူဟာ ဘယ်သူလဲ...ခုနောက်ဆုံး..ရှပ်ပြေးအမြန်ယာဉ်ကိုငှားလို့ မရအောင်..ဖိအားပေးတာဘယ်သူလဲဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆိုရင်လဲ..နောက်ကွယ်မှာ ဘယ်သူက နောက်ခံပေးထားတာလဲ..

တစ်ကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ အဆင်ပြေချောမွေ့မှုရှိ မရှိမပြတ်စောင့်ကြည့်နေတာ ဆိုတာကို နိုင်ငံအဆင့် ဒေသအဆင့်တွေးပြီး ဥာဏ်မမှီကြဘူးလား..ခုဘဲ နာမကျန်းဖြစ်တဲ့ သတင်းတွေ နာရီမဆိုင်း နေ့မကူး နိုင်ငံခြားသတင်းတွေမှာ ပါလာပြီ..အဖျက်အမှောင့်လုပ်နေတဲ့ အသံတိတ် ကျည်ဆံမဲ့ လုပ်ကြံသူ လူသတ်သမားများ ကိုသိစေချင်တာက..ဒီလိုသာဆက်လုပ်နေမယ်ဆိုရင်.. မြန်မာလူမျိုးဆိုတာ ဘယ်တော့မှ ကမ္ဘာမှာ လက်မ..ထောင်နိုင်မှာမဟုတ်ဘူး..

တစ်ခေတ်မှာတစ်ယောက်ပေါ်ထွန်းဖို့ ခဲယဉ်းတဲ့..မြန်မာနိုင်ငံရဲ့ အနိုင်းမဲ့ ရတနာ တစ်ပါး..ကမ္ဘာရဲ့ ဒီမိုကရေစီအမှတ်အသားဒေါ်အောင်ဆန်းစုကြည်ကို...ပတ္တမြားဆိုတာ သိကြပါ...သမင်လို မြက်စား မနေပါနဲ့ လို့ ပြောချင်ပါတယ်..

ဇော်မျိုးဝင်း

25-03-2012 (02:45 pm)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။