ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် ၂၇ ရက်နေ့ အညာဒေသခြောက်မြို့နယ်၊ မကွေးခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်သို့ စတင်ထွက်ခွာသည့် နံနက်ပိုင်းကပင် သွေးပေါင်များကျဆင်းနေပြီး ဆေးသွင်းစဉ်ခဏသာ ပေါင်ပြန်တက်ပြီး ခရီးထွက်စဉ် ပြန်ပြန်ကျနေသည်ဟု သိရသည်။ သွေးပေါင်ကျသည့်အပြင် အဖျားလည်း ရှိနေသောကြောင့် သူမ၏ဆရာဝန်နှင့် NLD တာဝန်ရှိသူများက ခရီးဆက်လက်မထွက်ခွာရန် ဆုံးဖြတ်လိုက်ကြကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်ခရီးစဉ်အတွင်း မကြာခဏ အန်နေသည်ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြော သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
Popular Posts
- ပညာရေးဖြင့် ခေတ်မီတိုးတက်သော ကမ္ဘာကြီးကို တည်ဆောက်နေတဲ့ ဒိန်းမတ်နိုင်ငံ
- """"""အိုရီဆန်း တံတား (သို့မဟုတ်) ဆွီဒင်-ဒိန်းမတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် အောင်မြင်မှု """
- ရွှေဝါရောင်တော်လှန်ရေးနေ့ တို့မမေ့ Never Forget Saffron Revolutio
- တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဆွီဒင်၌ ဥရောပ ဆရာ ဒကာ လက်တွဲသော သမိုင်းဝင်းနေ့။
- A Brief note of Speech by Ashin Htavara, Stjørdal City,Norway
- """""""ဥရောပမှာ ပြန်ဆုံရတဲ့ သူငယ်ချင်း ရွှေဝါရောင် ဆရာတော် အရှင်နန္ဒာစရိယ""""""
- လန်ဒန်မြေသို့ ခရီးတစ်ခေါက် ဆောင်းပါး ပထမပိုင်း
- The most Reverend and powerful Sangh society
- ဘ၀မှာ မေ့လို့ မရနိုင်တဲ့နေ့ တစ်နေ့ အဖြစ် မှတ်တမ်းတင်ချင်ပါသည်
- လန်ဒန်မြေသို့ ခရီးတစ်ခေါက် ဆောင်းပါး အပိုင်း (၄)










0 comments:
Post a Comment