Saturday 29 December 2018

"""""""ဥရောပမှာ ပြန်ဆုံရတဲ့ သူငယ်ချင်း ရွှေဝါရောင် ဆရာတော် အရှင်နန္ဒာစရိယ""""""


"""""""ဥရောပမှာ ပြန်ဆုံရတဲ့ သူငယ်ချင်း ရွှေဝါရောင် ဆရာတော် အရှင်နန္ဒာစရိယ""""""
ရွှေဝါရောင် တော်လှန်ရေးအတွင်းက လက်တွဲ မဖြုတ်စာတမ်း ရပ်တည်ခဲ့ကြတဲ့ သူငယ်ချင်း အရှင်နန္ဒာစရိယက ဒိန်းမတ် ခရီးကနေ မိမိနေထိုင်ရာ နော်ဝေနိုင်ငံသို့ လေ့လာရေး ရောက်ရှိခဲ့ပါသည်။
လွန်ခဲ့သော ၁၁နှစ်က စက်တင်ဘာ၏ မိုးရေစက်များအောက်တွင်
ရာပေါင်းများစွာသော သံဃာတော်များသည် ရန်ကုန်မြို့ ၏ အထင်ကရ
လမ်းမကြီးများပေါ်တွင် မေတ္တာသုတ်ကို ရွတ်ဆိုကာ စီတန်းလှည့်လည်ပြီး န.အ.ဖ စစ်အစိုးရအားပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကိုဆင်နွဲနေခဲ့ကြသည်။ ဤသည်က ရွှေဝါရောင်တော်လှန်ရေးပင်ဖြစ်သည်။
ပခုက္ကူဆန္ဒပြမှုနှင့်ပတ်သက်ပြီး သံဃာထုကျေနပ်ခွင့်လွှတ်သည်အထိ ၀န်ချတောင်းပန်ရန်၊ လောင်စာဆီ ဈေးနှုန်းများနှင့် ကုန် ဈေးနှုန်းများ ချက်ချင်းချပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအ ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုချက်ချင်း ပြုလုပ်ရန် စသည်တို့ဖြစ်သည်။
ထိုတောင်းဆိုချက်လေးချက် ကို စက်တင်ဘာ ၁၇ ရက်အထိ အကောင်အထည်ဖော်ပေးခြင်း မရှိသောကြောင့် သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကမ္မ၀ါဖတ်၍ ရန်ကုန်မြို့တွင် စတင် သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ ရှစ်ရက် မြောက်နေ့ (စက်တင်ဘာ ၂၅ ရက်) တွင် တပ်မတော်အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ် ခဲ့သည်။ သပိတ်မှောက်သည့် ယင်းအကြမ်းဖက်မှုကြောင့် သံဃာတော်အချို့ ပျံလွန်တော်မူခဲ့သလို ပြည်သူများလည်း သေဆုံးခဲ့ရသည်။
သံဃာတော်တွေအနေနဲ့  ပြည်သူလူထုတွေကြုံနေရတဲ့ အခက်အခဲတွေကို ပြည်သူလူထုကိုယ်စား မေတ္တာပို့ ပြီးတော့ အုပ်ချုပ်နေတဲ့ အစိုးရတစ်ရပ်သိအောင် အေးချမ်းစွာထုတ်ဖော်တာဖြစ်တယ်။ အဲဒီအချိန်မှာ အားလုံးဟာ အကြောက်တရားနဲ့ စခန်းသွားနေရတယ်။ အဲဒီလို မပြောရဲမဆိုရဲ ဖြစ်နေတဲ့ အချိန်မှာ သံဃာတော်တွေက ရဲရဲတင်းတင်း ပြည်သူလူထုရဲ့ ဒုက္ခသုတ်ခတွေကို ငြိမ်းချမ်းစွာထုတ်ဖော်ပေးတာဖြစ်တယ် ။
လူ့အဖွဲ့ အစည်းအတွင်း တရားမျှတမှုများရရှိရန်၊ လောကပါလတရားများထွန်းကားရန်အတွက် ရဟန်းသံဃာတော်များ အင်တိုက်အားတိုက်ပါဝင်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးသည် သမိုင်းတွင်ထူးခြားသည့် ဖြစ်စဉ်တစ်ခုဖြစ်သလို ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ရန် ညွှန်းဆိုပြခဲ့သော ပြယုဂ်တစ်ခုလည်းဖြစ်သည်။
ရွှေဝါရောင်တော်လှန်ရေးရဲ့ အဓိကအချက်ကတော့ ဒီမိုကရေစီရေးအတွင်း အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေထဲက အမြင့်ဆုံးပြယုဂ်တစ်ခုပါ။ ဒီမိုကရေစီဆိုတာ အကြမ်းဖက်မှုတွေနဲ့ ယှဉ်တွဲလို့ မရဘူး၊ ဒီမိုကရေစီဆိုတာငြိမ်းချမ်းသောနည်းနဲ့  တိုက်ပွဲဝင်မှရတယ်။ ငြိမ်းချမ်းသောနည်းနဲ့ တိုက်ပွဲဝင်တဲ့အခါမှာ အဓိက က မေတ္တာတရားကို အခြေခံပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို ဖေါ်ဆောင်ရမယ်ဆိုတဲ့ ဒဿနတွေပါတယ်။
ရွှေဝါရောင်တော်လှန်ရေးသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်၏ ပြောင်းလဲမှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်
အမှန်အတိုင်းပြောရရင်တော့ စစ်အာဏာရှင်က သူရဲ့သက်တမ်းကို ရသလောက်ဆွဲဆန့် ချင်တာပဲ။ အဲဒီလို ဆွဲဆန့် ချင်တာကို ရွှေဝါရောင်တော်လှန်ရေးက ချုံ့ ပေးလိုက်တဲ့သဘောပေါ့။ အမျိုးသားညီလာခံကို ပြီးအောင်လုပ်ရတယ်၊ ရွေးကောက်ပွဲကို ကြေညာရတယ်၊ နောက်ဆုံး ရွေးကောက်ပွဲတွေလုပ်ပေးရတဲ့ အထိ ရွှေဝါရောင်ရဲ့ဖိအားတွေ အများကြီးပါပါတယ်။
ဗုဒ္ဓဘာသာရဟန်းတော်များ၏ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအတွက်
ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့ကြသည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို
ကမ္ဘာကပင် တစ်လေးတစားဖြင့် စောင့်ကြည့်ခဲ့ရပြီး ယခုအခါ ၁၁ စုနှစ်တစ်ခုပြည့် လွန်မြောက်ခဲ့ချေပြီ…
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။