
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရိုဟင်ဂျာဘင်္ဂါလီကုလားများဟာ
ယနေ့(၈-၆-၂၀၁၂) မွန်လွဲ ၁း၀၀ နာရီခန့်မှာ ဗလီများထဲမှ ထွက်လာပြီး
ကမ္ဘောဇဘဏ်ကို ခဲနှင့်ပစ်ပေါက်ခဲ့ကြပါတယ်။ ရခိုင်တွေပိုင်တဲ့ ယူနိုက် တက်
တည်းခိုခန်းကိုလည်း ခဲနဲ့ပေါက်ခဲ့ကြပါတယ်။
သဇင်တည်းခိုခန်းကိုလည်း မီးရှို့ခဲ့ပါတယ်။ မောင်တောမြို့
မြို့သစ်ရပ်ကွက်ကိုလည်း မီးရှို့ပစ်ခဲ့ကြလို့
တစ်ရပ်ကွက်လုံးပြောင်သွားပါပြီ။ မောင်တောမြို့နယ် ဘိုမီးရွာကိုလည်း
မီးရှို့ပစ်ခဲ့ကြလို့ သုံးအိမ်ပဲ ကျန်ပါတော့ တယ်။
မောင်တောမြို့ပေါ်က ဓမ္မကထိကဘုန်းကြီးတစ်ပါးကျောင်းကိုလည်း လူအုပ်နဲ့ဝင်ပြီး ရိုက်ချိုးဖျက်ဆီး ခဲ့ကြပါတယ်။
မောင်တောမြို့နယ် နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ ဆရာတော်ဦးကေတုရဲ့
မြို့မကျောင်းတိုက် ကိုလည်း ခဲနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။
ဟိန္ဒူရွာတစ်ရွာကိုလည်း မီးရှို့ခဲ့ကြပါတယ်။ အိမ်ခြေငါးဆယ်ခန့် အကုန်မီးထဲပါသွားပါတယ်။
ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဒေါက်တာခင်မောင်လတ်နှင့် ဇနီးဒေါ်စန်းစန်းရီတို့လည်း
အသတ်ခံရလို့ သေဆုံးသွားကြပါပြီ။ အိမ်ထဲထိ ဓားနဲ့ဝင်ထိုးကြခြင်းဖြစ်ပြီး
ဇနီးဒေါ်စန်းစန်းရီက ပွဲချင်းပြီး သေဆုံးခဲ့ပါပြီ။ ဒေါက်တာ ခင်မောင်လတ်က
ဆေးရုံရောက်မှ သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။
ရိုဟင်ဂျာ
ဘင်္ဂါလီကုလားသူဌေး မှောင်ခိုရာဇာကြီးများဖြစ်တဲ့ ဇော်ကြီးနှင့် အာမက်တို့ရဲ့
သုံးထပ်တိုက် ပေါ်ကနေပြီး သေနတ်နဲ့ပစ်ခတ်ကြပါတယ်။
တည်းခိုခန်းတွေကို မီးရှို့ပေမယ့် ကမ္ဘောဇဘဏ်ကိုတော့ မီးမရှို့ကြပါဘူး။
မွေးမြူရေးနှင့်ရေလုပ်ငန်း အစိုးရပိုင်ဘဏ်နှင့် ကပ်နေလို့ မီးမရှို့ကြတာ
ဖြစ်ပါတယ်။ အစိုးရဘဏ်ဖြစ်လို့ ရှောင်ခဲ့ခြင်းဖြစ်ပါတယ်။
ဗလီမတက်ခင် ဆိုင်များကို ကြိုတင်ပိတ်ထားကြခြင်း အစိုးရပိုင်
အဆောက်အအုံများကို ရှောင်ကြဉ် ကြခြင်း ရိုဟင်ဂျာနှင့်ကပ်လျက်
ရခိုင်အိမ်များကို မီးမရှို့ပဲ ဖျက်ရုံသာဖျက်ဆီးကြခြင်းတို့ကို ထောက်က
ကြိုတင် ပြင်ဆင်ပြီး စနစ်တစ်ကျ အကြမ်းဖက်ရက်စက်ကြမ်းကြုတ်တဲ့
လူမဆန်လုပ်ရပ်မှန်း သိသာပါတယ်။
ဘူးသီးတောင်မှာ
စစ်တပ်ရှိပါတယ်။ မောင်တောမှာ နယ်စပ်ကာကွယ်ရေး စစ်တပ်(နစက)လည်း ရှိပါတယ်။
လုံထိန်းတပ်လည်း ရှိပါတယ်။ ဒါပေမယ့် ရခိုင်တိုင်းရင်းသားနှင့်
ဗုဒ္ဓဘာသာဝင်တွေဟာ လုံးဝအကာအကွယ် မရခဲ့ပါဘူး။
မောင်တောမှာ
ရိုဟင်ဂျာ ဘင်္ဂါလီတွေက လူဦးရေ လေးသိန်းကျော် ငါးသိန်းခန့်ရှိပြီး
ဗုဒ္ဓဘာသာဝင်တွေ က ဟိန္ဒူပါပေါင်းမှ နှစ်သောင်းခန့်သာ ရှိပါတယ်။
ညနေ(၅)နာရီအထိ အစိုးရက အကာအကွယ်မပေးသေး ပါဘူး။ နောက်ဆုံး သတင်းအရ အစိုးရက
၁၄၄-အမိန့်ထုတ်ခြင်း ပစ်မိန့်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်နေ ကြောင်း
သိရပါတယ်။ ဒါပေမယ့် ရွာပေါင်း ၁၇-ရွာနှင့် လူပေါင်းတစ်ရာကျော်
မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံလိုက် ရပါပြီ။ ဒါကြောင့် အစိုးရရဲ့လုပ်ရပ်ဟာ
သွေးအေးအေးနဲ့ ရက်ရက်စက်စက်သတ်ခွင့်ပေးပြီး ‘အခင်းပြီးမှ စစ်တပ်ချ’
ပုံစံမျိုး သက်ရောက်နေပါတယ်။ စစ်တွေကိစ္စမှာ ရပ်ကွက်ထဲ အိမ်ထဲထိ
ဝင်ပစ်ခဲ့တဲ့ လုံထိန်းတွေ ဘယ်ရောက်ကုန်မှန်း မသိပါဘူး။
အကြမ်းမဖက်တဲ့ ရခိုင်တိုင်းရင်းသားတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်နဲ့တော့ တစ် ခြားစီဖြစ်နေပါတယ်။
ရခိုင်အမျိုးသား သတင်းစောင့်ကြည့်ရေးအဖွဲ့
(RAKHINE NATIONAL WATCH) မှ ပေးပို့သော သတင်းများဖြစ်ပါသည်။https://www.facebook.com/notes/ashin-vicittabhivamsa
0 comments:
Post a Comment