Thursday 12 July 2012

လန်ဒန်မြေသို့ ခရီးတစ်ခေါက် ဆောင်းပါး ပထမပိုင်း


မိတ်ဆွေတို့ရေး အခုတော့ လန်ဒန်မြို့ဟာ မြန်မာလူမျိုးတွေရဲ့ ခေတ်အဆက်ဆက်မစိမ်းတဲ့မြို့ဖြစ်ပါတယ်။လန်ဒန်မြို့တော်ကို တစ်ခါဖူးအမျှခြေမချသေးဘူးသူတွေတောင် လန်ဒန်မြို့အကြောင်း၊တော်ဝင်မီးသားစုအကြောင်း၊ပါလီမန်၊Oxfordအောက်စဖို့တက္ကသိုလ် စသဖြင့် လန်ဒန်နဲ့ အင်္ဂလန်အကြောင်းကို အနည်းနဲ့အများသိထားကြပါတယ်။
တစ်ဖက်ကကြည့်ပြန်တော့လည်း အင်္ဂလန်နိုင်ငံမှာ အနှစ်နှစ်ဆယ်၊သုံးဆယ်နေပေမဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ လန်ဒန်မြို့ အကြောင်းကို အကုန်အစင်သိနိုင်ဖို့ဆိုတာကြတော့ ခက်ခဲပြန်ပါတယ်။တစ်ခုသေချာတာကတော့ လန်ဒန်မြို့ကို ရောက်ဘူးသူရော၊မရောက်ဖူးသူရောကိုပါ..လန်ဒန်..ကဆွဲဆောင်နိုင်တာကတော့ အမှန်ပါ။
လန်ဒန်သို့ တစ်ခါတစ်ခေါက် အလည်ရောက်သူတစ်ဦးဖြစ်ပေမဲ့ မြန်မာ့ နန်းတွင်းရတနာတွေ၊ပြတိုက်မှာ ရှိတယ်ဆိုတာကို အသေးစိတ်တင်ပြထားပါတယ်။ကြည့်စရာ၊ရှုစရာ၊မှတ်သားစရာ၊အတုယူစရာ၊ခေတ်ဟောင်း ခေတ်သစ် နှစ်မျိုးစလုံးကို ဖော်ပြထားတဲ့အပြင်၊ဗုဒ္ဓမြတ်ဘုရားရဲ့ တရားတော်တွေကိုပါ၊ဟိုက်ပတ်ထဲမှာ ထိုင်ဆွေးနွေးခဲ့တဲ့ မြန်မာလူမျိုး ဖြစ်သလို လန်ဒန်ဟာ ကြည်နူးဆွတ်ပျံ့ဘွယ်၊ပျော်ရွှင်ဘွယ် အတိပြီးပါတယ်။သဘာဝပတ်ဝန်းကျင် ပညာပေး၊သဘောမျိုး အတုယူဘွယ်အကြောင်းအရာများ အပါအ၀င် လွမ်းကြွေးအထူးဆုံး ပေးဆပ်ရန် စာရင်းများထဲ၌ လန်ဒန်သည် နှိုင်းယှည်ဘက်မရှိ၊အဆင့်တွင် အခိုင်မာရှိနေဆဲဖြစ်သည်။နောက်ထပ်တစ်ကြိမ် ပြန်လည်ဆုံစည်း၍ လွမ်းခွင့်မကြုံနိုင်သော အရပ်ဒေသများထဲတွင် လန်ဒန်သည်လည်း တစ်ခုပါဝင်ကြောင်း သံသရာမဲ့ယုံကြည်လက်ခံထားပါသည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ကြီးကို တမ်းတလွမ်းခွင့်ကြုံဖို့ အလွန်ပင်ခဲ့ယဉ်းလွန်လှမည်ဟုဆိုသော်လည်း မိမိသည် ကံကြမ္မာ၏ မျက်နှာသာပေးမှုကြောင်း ၂၀၁၂ခုနှစ် ဂျူလိုင်လတွင် လန်ဒန်မြေသို့ ခြေချခွင့်ရရှိခဲ့ပါသည်။မစ္စကာရိုလ်နှင့် မိသားစု၊ မောင်ဘတ်တန်း မိသားစု၊...များက မိမိကို ဂုဏ်ပြုလိုသောကြောင်း အမှတ်တရ အခမ်းအနားသို့ တက်ရောက်ရန် ဂျိုးဂျိုး၏သမီးမစ္စကာရိုလ်၏ဖိတ်ကြားချက်ကိုနေ၀င်(လန်ဒန်)မိသားစု၏အားတက်သရောကူညီစီမံဆောက်ရွက်ပေးမှုများကြောင့် ယင်အခန်းအနားသို့ မိမိအနေဖြင့် တက်ရောက်ခွင့်ရခဲ့ပါသည်။ထိုအပြင် Dr Julian Lewis နှင့်အတူ Westminster Hall မှာသွားရောက်ပြီ့း ဗြိတိန်ပါလီမန်ကိုလေ့လာခွင့်ရခဲ့ပါတယ်။အလုပ်တာဝန်တွေများပြာလှတဲ့ အထဲက မိမိကို ဗြတိန်ပါလီမန်သမိုင်းကြောင်းများကို ရှင်ပြသပေးခဲ့သော Dr Julian lewisuကိုထူးကျေးဇူးပါတယ်။ဒါအပြင် အန်တာစတီအင်တာနေရှင်နယ်အဖွဲ့ကြီးအားလည်းကျေးဇူးတင်ပါသည်။အထူးသဖြင့် မြန်မာစိတ်ရင်း၊မြန်မာနှလုံးသား ပင်ကိုသဘော သဘာဝအရ မိမိအပေါ် အစစအရာရာ ကူညီစောင့်ရောက် အားပေးခဲ့သော လန်ဒန်ရောက် မြန်မာများအကြောင်းကို မိမိ ထုတ်ဖော်မှတ်တမ်းတင် ဂုဏ်ပြုလိုလှပါသည်။
မိမိရောက်လေရာ ဒေသနှင့်ပတ်သက်၍ သူတစ်ပါး မမြင့်သော အမြင့်၊အတွးအသိတို့ကို နှိုက်နှိုက်ချွတ်ချွတ် အသေးစိတ် လေ့လာ၊စူးစမ်း၊မှတ်တမ်းတင်၊စာရေးဖွဲ့ချင်းသော အလေ့အကျင့်ကောင်းနှင့်ပြီးပြည်စုံသူသည်။ မိမိဖတ်ဖူးသော ဆရာချစ်စံဝင် မှတ်တမ်းများ၊ကင်းဝန်မင်းကြီး လန်ဒန်သွားတမ်းမှအစ သိပ္ပံမောင်ဝနှင့်အခြားသော စာအုပ်၊စာပေး မှတ်တမ်းများစွာက နေရာယူနေပြီး။စာရေးဆရာကြီးများစွာ၏ လန်ဒန်သွား သမိုင်းမှတ်တမ်းများအားလုံးကို သတိရစရာဖြစ်ခဲ့ပါတယ်။
မိမိသည် လန်ဒန်မြို့၌တစ်လကြာ နေထိုင်ခဲ့တာဖြစ်သည်။ထိုသို့ အင်္ဂလန်နိုင်ငံသမိုင်း၊လန်ဒန်မြို့သမိုင်း၊ပထ၀ီအနေအထား၊ရာသီဥတုကတော့ မိမိနေထိုင်ရာနော်ဝေနိုင်ငံနှင့် အရမ်းကွာခြားတယ်။အေးမြတဲ့ ရာသီးဥတုနှင့် အအေးအပူးမျှတတဲ့ လန်ဒန်ကတော့ မိမိအတွက် စိတ်ကသိကအောက်ဖြစ်စရာပါပဲ။ရုက္ခဗေဒအမြင်၊လမ်းပန်ဆက်သွယ်ရေး၊ဗြိတိသျှလူမျိုးတို့၏ လူနေမှုစရိုတ်၊သဘောသဘာဝ အမှုအကျင့်၊ရှေးအစဉ်အလာကို ထိမ်းသိမ်းတန်ဖိုးထားတက်မှု၊လူတန်းစားပြဿနာ၊သက်ကြီးရွယ်အိုများ၏ ဘ၀အာမခံ၊စာပေ၊ဂီတ၊သမိုင်းဝင် အဆောက်အအုံများနှင့်ပညာရေး၊စီးပွားရေး၊ကျမ္မာရေး...အစရှိသည့် အကြောင်း အရာများအပေါ် ရိုးရှင်သော စာရေးဟန်ဖြင့် ရိုးဂုဏ်ကို အခြေခံလျက် ရေးသားဖွဲ့နွဲ့ထားသည်မှာ မိမိအဖို့ ဖတ်ချင့်စဖွယ် နေချင်းစဖွယ် လန်ဒန်ဟု ညွန်းပြသည်မှတစ်ပါးအခြားမရှိ။
လန်ဒန်မြေ
မိမိနှင့် မစိမ်းမကားရှိသောမြေ
မိမိနှင့် ရှည်လျားစွာ ကူးလူဆက်ဆံမှုရှိသောမြို့ ခရီးဝေးသောအနေနီးခဲ့သောမြေ။
မိမိနှင့်နေထိုင်ရာနော်ဝေနိုင်ငံပြီးလျှင် မိမိနား၌ယဉ်ပါးပြီးသောမြေ။
သမိုင်းတန်းဖို့နှင့်ချီ၍ရင်းနှီးခဲသောမြေ။
မိမိနှင့်အကျွမ်းတ၀င်ရှိသောမြေ။
ထိုမြေသည် လန်ဒန်မြေဖြစ်ပါသည်။
ထိုမြေသည်ကား ယူနိုက်တက်ကင်းဒမ် (သို့မဟုတ်)ဂရိတ်ဗြိတိန်(သို့မဟုတ်)ဘိလပ်(ခေါ်)အင်္ဂလန်နိုင်ငံ ဖြစ်ပါတယ်။
မိမိအတွက် မြန်မာစကား ၊မြန်မာစာပြီးလျှင် အယဉ်ပါးဆုံးသော စာနှင့် စကားသည် အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားဖြစ်သည်။
ပျော်ရာမှာ မနေ၊ တော်ရာမှာနေ ဟူသော ဆိုးရိုးစကား ရှိပါသည်။ မြို့ကြီးပြကြီးများတွင် နေထိုင်ခြင်းဖြင့် အကျိုးအမြတ် နှင့် အခွင့်အလမ်းများ များစွာ ရှိနိုင်သော်လည်း တစ်ခါတစ်ရံ မွန်းကျပ်လှသော မြို့ပြလူနေမှု စနစ်မှ ဖယ်ခွာ၍ အေးချမ်း စိတ်ငြိမ်သော ပါတ်ဝန်းကျင် အနေအထားလေးကို မျှော်လင့်တတ်ကြသည်။
တစ်ခါ တစ်ခါ မြို့ကြီးပြကြီးတွင် စိတ်ဖိစီးမှု မွန်းကျပ်မှုများ ကြုံရသောအခါ ငယ်စဉ် ကလေးဘဝက မှတ်ရဖွယ် အဖြစ် နားထောင်ခဲ့ရသော အိပ်ယာဝင် နတ်သမီး ပုံပြင်များထဲမှ ဇတ်ကောင်များ နေထိုင်သော ချစ်စဖွယ် အိမ်လေးထဲတွင် နေထိုင်ရန် စိတ်ကူးယဉ်မိကောင်း ယဉ်မိပေလိမ့်မည်။
မျှော်မဆုံးသော အံ့သြဖွယ် ရှုခင်းများ၊ အေးချမ်းစိတ်ငြိမ်သော ပါတ်ဝန်းကျင်၊ လှပသော ဥယျာဉ် နှင့် ရေကန်လေးများ၊ ချစ်စဖွယ် အပြင်အဆင်နှင့် ဆန်းကျယ်သော အမိုးများ တံခါးပေါက်များ ပါဝင်သော ပုံပြင်ထဲမှ စိတ်ကူးအိမ်လေးများကို မျှော်လင့်နေသည် ဆိုပါစို့။ ကမ္ဘာတစ်လွှားမှာ ထိုသို့သော ပုံပြင်ထဲမှ စိတ်ကူး အိမ်လေးများ အမှန်တစ်ကယ် ရှိနေပါသည်။
ခဏခဏ ပြုံးမပြပါနဲ့လား
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..
အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ .. မဆုံချင်ဘူးဆိုတဲ့ အသိတွေက
ဆုံဆည်း ချင်တဲ့ နှလုံးသားကို
လွန်ဆန် မရတာ
ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး
ပြန်ပြောပြတော့ ခက်လိမ့်မယ်
ငါမင်းကို ဘယ်လောက်ချစ်မိသွားလဲ
ဆိုတာ ..မင်းအသက်ရှူသံလေးက အစ
ငါတယောက်တည်း ကြားခွင့်ရချင်နေတာ
ငါ့ကို ခွဲသွားမှာလား ? စိုးရိမ်စိတ်တွေ နဲ့ ဖြတ်သန်းနေခဲ့တာ
အအိပ်ခက်တဲ့ ညပေါင်းများစွာ .. ခေါင်းအုံးလေးတော့ သိမှာပါ .. ဘယ်အရာမှ မရေရာဘူးဆိုတဲ့
လောက ကြီးမှာ မင်းကို ချစ်တာတော့
သေချာသွားတယ် .. ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်
မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .. ! မိမိဖတ်ဖူနေတဲ့ ကဗျာဆရာလွမ်းလှိုင်း၏ကဗျာလေးကိုခံစားရင်လန်ဒန်မြို့ကြီးအလှတရားကိုရင်သတ်ရှုမောရင် အတိတ်က ခံစားချက်တွေကို အမှတ်ရမီနေပါတယ်။
လန်ဒန်နှင့်မိမိသည် စိမ်းစိမ်းကားကားမရှိသည်မှာ အမှန်ဖြစ်သည်။အင်္ဂလန်နိုင်ငံသည် မိမိတို့၏ ရှေးဘုရင်များ၊ပဒေသရာဇ်များ လတ်ကပင် သံတမန်အဆက်သွယ်ရှိသည်။ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီမြန်နိုင်ငံတော်ထူထောင်ရန် ကင်းဝန်မင်းကြီးကိုယ်တိုင် လန်ဒန်မြေသို့သွားခဲ့သည်။ကုန်ဘောင်ခေတ်မြန်မာပညာတော်သင်အများအပြား လန်ဒန်မြေသို့သွား၍ ပညာသင်လာခဲ့သည်။ထိုအထဲတွင် ဒီပဲယင်းမြို့ဝန် ဦးမြလည်းပါခဲ့သည်။
မိမိတို့မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာဘုရင်သီပေါမင်းလက်ထက်က ဆုံးရှုံးခဲ့သော မြန်မာလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တောင်းဆိုရန် အင်္ဂလန်သို့သွားသည်။မိမိသမိုင်းသိခဲ့ရတဲ့ အင်္ဂလန်မှ ဝေလမင်းသားသည် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့ဖူးသည်။
မိမိတို့မြန်မာသမိုင်းတွင် အိမ်နီးချင်းလည်းဖြစ်၊အင်းအားလည်းကြီးသော တရုတ်တို့သည် သမိုင်းစဉ်တစ်လျောက် မြန်မာနိုင်ငံအား ၀င်ရောက်စစ်ပြုမှုများရှိခဲ့သော်လည်း မြန်မာဦးကင်းသည် အနင်းမခံခဲံရ။သို့သော် အင်္ဂလိပ်တို့ကြောင့် မြန်မာတို့သည် ထီးကျိုးစည်ပေါက်ကျွန်သပေါက်ဖြစ်ကာ မြန်မာတို့သည် စိန်မှန်ကင်းအစစ်က ထင်းဖြစ်ခဲ့ရသည်။
သို့သော် မိမိတို့နှင့် အင်္ဂလိပ်၊လင်္ဂလန်သည် မကင်းရာမကင်းကြောင်းများစွာရှိခဲ့သည်။ထိုသို့သော အဆက်အဆံများကြောင့် အင်္ဂလိပ်နှင့်မိမိတို့သည် အဆက်အသွယ်လည်းများခဲသည်။ဗြိတိန် မင်းမျိုးမင်းနွယ်ရေတပ်ဗိုလ်ချုပ်ကြီး လူဝီမောင့်ဘတ်တန်က သူကိုယ်သူ M0unthbatten of Burma,,မြန်မာတို့၏မောင်ဘတင် ဟူသော အမည်ကို ခံယူသည် သူမိသားစု၏ မျိုးဆက်က မိမိကို လန်ဒန်ရောက်ရှိစဉ်အတွင်း သူအိမ်ကို ဖိတ်ကြားခဲ့ပါသည်။
နွေးထွေးလှတဲ့ လူဝီမောင်ဘတ်တန်မိသားစု၏ ကြီးမားသော ဂုဏ်အရှိန်းသမိုင်းက မိမိလို့လူငယ်တစ်ယောက်ကို အလေးထား ဆက်ဆံတာကို ဂုဏ်ယူခဲ့ရပါတယ်။များပြားလှတဲ့ အလုပ်တာဝန်တွေအကြားမှာ အချိန်ပေးပြီး သမိုင်းမှတ်တမ်းတင်ပေးခဲ့သော မောင်ဘတင် မျိုးဆက်များကို အထူးကျေးဇူးတင်ပါတယ်။
ဒီနေန့ရာမှာ လူဝီမောင်ဘတ်တန်နှင့် ဗိုလ်ချုပ်တို့၏အကြောင်း အနည်းငယ်ပြောပြပါရစေ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  နေထိုင်ပုံ စရိုက်နဲ့ စိတ်နေ သဘောထားများကို သမိုင်းဝင် စာအုပ်စာတမ်းများမှ ဖတ်ရှုလေ့လာခွင့်ရတဲ့ အတွက် လည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်ကို သွားရောက် ကြည့်ရှုရာမှာ လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို အထူး လေးစားဂုဏ်ယူ မိပါတယ်။ တပ်မတော်သားတစ်ဦးရဲ့ ခက်ခဲကြမ်းတမ်းပုံတွေကို ကြုံတွေ့ရတာမို့ ဗိုလ်ချုပ် တို့ရဲ့လွတ်လပ်ရေး ရဖို့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာမှာ မိမိ တို့ထက် ခက်ခဲကြမ်းတမ်းမှု ပိုမို ကြီးမားနိုင်တာကို တွေးတောမိရင်း ဗိုလ်ချုပ်အား တပ်မတော်ရဲ့ ဖခင်အရင်းမို့ ချစ်ခင်ကြည်ညိုလို့ မဆုံးအောင် ဖြစ်မိပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ သူ့ရဲ့ အံ့မခန်းဖွယ် စည်းလုံးညီညွတ်မှု ရယူနိုင်တဲ့ အစွမ်းသတ္တိတွေကို ဖြစ်စဉ်များနဲ့ တကွ ဖော်ထုတ်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ စည်းလုံးညီညွတ်မှု ရယူ တည်ဆောက် ပေးခဲ့တဲ့ ပထမဖြစ်စဉ် ကတော့ ရဲဘော်သုံးကျိပ်ဝင် ခရီးစဉ်ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်း ဦးစီးတဲ့ ပါတီမှ ၂၁ဦး၊ သခင်ဘစိန် သခင်ထွန်းအုပ်တို့ ဦးစီးတဲ့ ပါတီမှ ၈ ဦး၊ ကြားလူတစ်ဦး၊ စုစုပေါင်း ၃၀ဦး ပါဝင်လေရာ နှစ်ပါတီ စည်းလုံးညီညွတ်ရေး ရယူဖို့ ဗိုလ်ချုပ်အနေနဲ့ စွမ်းဆောင်ခဲ့ပါတယ်။ တဖန် ၁၉၄၆-၄၇ လွတ်လပ်ရေး အကြိုကာလတွင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆိုရှယ်လစ်ပါတီတို့အကြား သဘောထား ကွဲလွဲ နေကြရာမှ ပဋိပက္ခအသွင်သို့ ပြင်းထန် လာခဲ့ရာ အားလုံးက စေ့စပ်လို့ မရတော့ဘဲ အဆိုးဝါးဆုံး အခြေအနေရှိလို့စိုးရိမ်နေကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက မေမြို့မှ အနားယူပြီး ပြန်လာတဲ့အခါ အေးအေးဆေးဆေး တည်ငြိမ်စွာဖြင့် ပြည်သူ့ ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့ကို စည်းလုံးညီညွတ်မှု ရှိဖို့ ပြတ်သားစွာ ပြောဆို တည်ဆောက် ပေးခဲ့ပါတယ်။ ၁၉၄၇ခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံမြို့မှာလည်း ရှမ်းပဒေသရာဇ် စော်ဘွားများကို ဗိုလ်ချုပ်ရဲ့ မေတ္တာ စေတနာဖြင့် စည်းရုံးဆောင်ရွက်နိုင်ခဲ့လို့ အင်္ဂလိပ် သံတမန်ကပင် အံ့သြခဲ့ရပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့ကို ဗမာ့တပ်မတော်က လက်နက်ကိုင် တော်လှန်ခဲ့ရာမှာ ဗိုလ်ချုပ်ရဲ့ ရဲရင့် ပြတ်သားမှု ကြောင့် ဗမာ့တပ်မတော်ကို ဖျက်သိမ်း အရေးယူခံရမဲ့ အရေးမှလည်း ကယ်တင်နိုင်ခဲ့ ပါတယ်။
ဂျပန်ပြည်ကို ရောက်ခါစ ဗိုလ်ချုပ်ရဲ့ တည်ငြိမ်ခိုင်မာတဲ့ အကျင့်စာရိတ္တကြောင့် ဂျပန်ဗိုလ်ချုပ်များကပင် လေးစား ခဲ့ရပြီး ၁၉၄၅ ခုနှစ် မြန်မာပြည်သို့ ပြန်ဝင်လာတဲ့ ဗြိတိသျှအမှတ်(၁၄) တပ်မတော် တပ်မှူးကြီး ဗိုလ်ချုပ် ဆလင်းက မိတ္ထီလာမှာ ဗိုလ်ချုပ်နဲ့ တွေ့စဉ် ဗိုလ်ချုပ်ရဲ့ ရဲရင့်ပြတ်သားတဲ့ စကားကြောင့် အံ့သြ လေးစား ခဲ့ပါတယ်။ အလားတူ အင်္ဂလိပ်ဗိုလ်ချုပ် လူဝီမောင့်ဘတ်တန် ကလည်း ဗိုလ်ချုပ်အား သစ္စာဖောက်လို့ စွပ်စွဲနေကြတဲ့ အင်္ဂလိပ်များရဲ့ တင်ပြချက်ကို လက်မခံဘဲ ဗိုလ်ချုပ်နဲ့ ဆက်လက် လက်တွဲခဲ့လို့ ဗမာ့တပ်မတော် ကြီးကို တရားဝင် ဖွဲ့စည်းခွင့် ရရှိခဲ့ပါတယ်။
နိုင်ငံခြားသား စာရေးဆရာကြီး တစ်ဦးက မြန်မာနိုင်ငံတော်ကို စည်းလုံးညီညွတ်မှု အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ် () ဦးသာ ရှိတဲ့အနက် တစ်ဦးမှာ ဗိုလ်ချုပ် အောင်ဆန်း ဖြစ်ပါကြောင်း ဂုဏ်ပြု မှတ်တမ်း တင်ထားတာကို တင်ပြရင်းနဲ့ ဗိုလ်ချုပ်အား ဦးညွတ် အလေးပြုရင်း ဂုဏ်ပြု လိုက်ရပါတယ်။
မိမိတို့ မြန်မာသမိုင်း၊မြန်မာစိတ်ရင်စိတ်ထား၊မြန်မာယဉ်ကျေးမှု အကြောင်း ရေးသားသော စာအုပ်စာပေး အင်္ဂလိပ်စာရေးဆရာများလည်းရှိသည်။စစ်နိုင်ငောသူများအနေနှင့်မြန်မာ ယဉ်ကျေးမှုအနုပညာပစ္စည်းများ အဖိုးတန်ရတနာများကို သိမ်းယူသွားကြရာ ထိုက်လက်ရာ၊ထိုပစ္စည်းများ ယနေ့တိုင် အင်္ဂလန်တွင် အများအပြားရှိနေဆဲဖြစ်ပါတယ်။မြန်မာတို့နှင့်ဆိုင်သော သမိုင်းခြင်းရာ အချက်အလတ်၊စာရွက်စာတမ်း၊စာအုပ်၊မြေပုံနှင့် မှတ်တမ်းမှတ်ရာများစွာ လန်ဒန်၌ကျန်ရှိနေဆဲဖြစ်သည်။
လန်ဒန်ဆိုသောအမည်နာမသည် အကြောင်းအရာပေါင်းများစွာကို အခြေခံ၍ မြန်မာလူမျိုးတို့အသည်းတွင် စွဲထင်နေဆဲဖြစ်သည်။တကယ်တော့ အတိတ်သမိုင်းက အကြောင်းအရာကိုပြန်ပြောနေရင် ရယ်စရာကောင်းလောက်အောင် မြန်မာလူမျိုးများသည်။နှယ်နှယ်ရရတော့မဟုတ်၊ရှေးအခါက မိမိတို့သည် ဘိလပ်ကလာသော အင်္ဂလန်လုပ်ပစ္စည်းများကိုသာ သုံးစွဲတာဖြစ်သည်။ဂျပန်နိုင်ငံလုပ်ဆိုပါက မိမိတို့လူမျိုးတို့က မခိုင်ခန့်မသပ်ရပ်သောကြောင့်မသုံး၊ကလေးကစားစရာ အရုပ်တစ်မျိုးတည်းကိုသာ ဂျပန်နိုင်ငံလုပ်ကိုသုံးသည်။လူမျိုးတစ်မျိုးဖြစ်ခဲ့ပါသည်။အခုတော့ အာဏာရှင်လတ်အောက် မြန်မာပြည်သူတွေဘ၀ ဘယ်သူကို အဖေခေါ်ရမှန်မသိအောင် ကမ္ဘာအလယ်မှာ မျက်နှာငယ်နေကြရပြီး။ပညာတက် အမျိုးသမီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာကို ကမ္ဘာကြီးကို တစ်ကျော့ပြန်စိတ်ဝင်စားနေကြပါပြီး။မိမိ လေ့လာမှတ်သားဘူးတဲ့ သမိုင်းဆိုတာ တစ်ကျော့ပြန်လာတက်တယ်၊ဆိုတာ အခုတော့ ရေးရေမြင်နေရပါပြီး။ လူငယ်တို့ရေး မိမိတို့အားလုံး သမိုင်းတွင်းမယ် ပွဲကြီးမှာ တစ်ထောင့်တစ်နေရာကနေပြီး ၀ိုင်ဝန်ပြီးအလုပ်လုပ်ကြပါစို့။
မိမိတို့ ကမ္ဘာပေါ်မှာ အကြာူအမြင်၊အတွေ့အထိ အာရုံများနှင့် ဖမ်းစားနိုင်သော မြို့ကြီးပြကြီးအသွယ်သွယ် ရှိသည်မှာမှန်သော်လည်း လန်ဒန်လောက်ပြည့်စုံသည့်မြို့ ကမ္ဘာကြီးပေါ်တွင် မရှိဟု ပြောဆိုသူများလည်းရှိသည်။လန်ဒန်က ဘယ်လိုဖမ်းစားတယ်ဆိုတာ ယနေ့ထက်တိုင် စကားလုံး ရှာမတွေ့သေသူများလည်းရှိသည်။အဲသလိုအမျိုးမျိုး ထင်းကြေးတွေနဲ့မြို့ဟာ ဘယ်လိုမြို့လဲဆိုတာ စာဖတ်သူလဲ စိတ်ဝင်စားမှာပါ။။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။